Third-party software များမလိုဘဲ Windows ပေါ်တွင် Hotspot တစ်ခုဖန်တီးခြင်း

Windows Operating System အသုံးပြုသူများ မိမိ၏ Laptop သို့မဟုတ် PC ပေါ်ကနေ Hotspot တစ်ခုကို ဖန်တီးပြုလုပ်ချင်တယ်ဆိုရင် အခြား Third party ဆော့ဖ်ဝဲများကိုအသုံးပြုရန်မလိုအပ်ဘဲ Netsh command ကို အသုံးပြုပြီး Hotspot တစ်ခုကို ဖန်တီးပြုလုပ်နိုင်ပါတယ်။ Netsh ဟာ Windows NT ပေါ်မှာ အခြေခံထားတဲ့ Microsoft ရဲ့ Network command တစ်ခုဖြစ်တဲ့ အတွက် Windows NT ကိုအခြေခံ ပြီး ထုတ်လုပ်ထားတဲ့ Operating System တွေမှာ အဆိုပါ command ကို အသုံးပြုနိုင်ပါတယ်။
Windows 7 ကနေ Windows 10 အထိ Hotspot တစ်ခုကိုဖန်တီးပြုလုပ်ချင်တယ်ဆိုရင် ပထမဦးဆုံး Command Prompt ကို Administrator mode နဲ့ Run လိုက်ပါ။ Windows 7 မှာဆိုရင်တော့ Start button ကို နှိပ်ပြီး cmd လို့ ရိုက်လိုက်ပါ Command prompt ပေါ်လာရင် Right Click ပြုလုပ်ပြီး Run administrator ဆိုတာကိုရွေးချယ်ပြီး Run ရပါမယ်။ Windows 8 နှင့် Windows 10 တို့ပေါ်မှာဆိုရင်တော့ Win + X key ကို နှိပ်လိုက်ပါ။ ပြီးရင် Command Prompt (Admin) ဆိုတာကို ရွေးချယ်ပေးရပါမယ်။

Command prompt ကို Admin mode နဲ့ Run ထားရင် c:\windows\system ဆိုတဲ့လမ်းကြောင်း အောက်ကိုရောက်နေပါလိမ့်မယ်။ အဆိုပါ နေရာအောက်မှာ netsh ဆိုတဲ့ command ကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ပြီးသွားရင် wlan ဆိုတဲ့ command ကို ထပ်မံရိုက်ထည့်ရပါမယ်။
Netsh wlan> အောက်ကိုရောက်နေပြီဆိုရင် ကိုယ့်ရဲ့ Wireless Adapter က Hotspot ကို အထောက်အပံ့ ပေးလားမပေးလား သိချင်တယ်ဆိုရင် show drivers ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။

နောက်တစ်ဆင့်ကတော့ Hotspot ကို ဖန်တီးပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ command တွေကို သုံးရပါ မယ်။ set hostednetwork ssid=hotspot ဆိုတဲ့ command နဲ့ ကိုယ့်ရဲ့ hostspot အမည်ကို ဖန်တီးရပါမယ်။ ssid= ရဲ့နောက်မှာ ကိုယ်ဖန်တီးချင်တဲ့ Hotspot အမည်ကို အစားထိုးထည့်သွင်းနိုင်ပါတယ်။
ပြီးသွားရင် set hostednetwork mode=allow ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ အဆိုပါ command ပြီးသွားရင် ကိုယ့်ရဲ့ Hotspot ကို လုံခြုံစိတ်ချစေရန်အတွက် Password ထည့်သွင်းပေးရပါမယ်။ Password ထည့်သွင်းဖို့အတွက် အသုံးပြုရမယ့် command ကတော့ set hostednetwork key=12345678 ဆိုတဲ့ command ကို သုံးရပါမယ်။ key= နောက်မှာ ကိုယ်ထည့်သွင်းချင်တဲ့ password ကို ထည့်သွင်းပေးထား နိုင် ပါတယ်။

အထက်ပါ command တွေ ကို ထည့်သွင်းပြီးပြီဆိုရင် Hotspot ရဲ့ အချက်အလက်တွေကို စစ်ဆေးဖို့အတွက် show hostednetwork ဆိုတဲ့ command ကို ထည့်သွင်းပြီး အချက်အလက်တွေကို ကြည့်ရှု စစ်ဆေး နိုင်ပါတယ်။ Hotspot ကို စတင် Run ဖို့အတွက်ကတော့ start hostednetwork ဆိုတဲ့ command ကို အသုံးပြု နိုင်မှာဖြစ်ပြီး Hotspot ကို မသုံးတော့ဘူးဆိုရင်တော့ stop hostednetwork ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။ အထက်ပါ အဆင့်တွေပြီးရင်တော့ Windows Operating System တွေမှာ Hotspot ကို အခြားသော Third party ဆော့ဖ်ဝဲတွေကို အသုံးမပြုပဲ ဖန်တီးပြုလုပ်တဲ့အဆင့် ပြီးသွားပြီဖြစ်ပါတယ်။
အောက်ဖော်ပြပါ command များမှာ cmd တွင် ထည့်သွင်းရမည့် command များဖြစ်ပါတယ်။
=======
netsh
wlan > show drivers
stop hostednetwork
set hostednetwork ssid="network name"
set hostednetwork mode=allow
set hostednetwork key=password
start hostednetwork
show hostednetwork

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)