Windows PC ပေါ်တွင် iOS device Screen ကို ချိတ်ဆက် အသုံးပြုခြင်း

iPhone, iPad ပေါ်မှာ ပြုလုပ်တဲ့ အရာတွေကို Windows အသုံးပြုထားတဲ့ PC ပေါ်ကနေ ကြည့်ရှုချင် သူတွေအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းနဲ့ အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ iPhone, iPad  ပေါ်ကနေ ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ရှုတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် Screen သေးသေးလေးကနေ မကြည့်ရှုချင် သူများအတွက် Airplay ကိုအသုံးပြုပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ကြည့်ရှု နိုင်မှာဖြစ်ပါတယ်။
အဆိုပါ လုပ်ငန်းစဉ်ကို ပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အရာတွေကတော့ WiFi adapter နဲ့ LonelyScreen ဆိုတဲ့ ဆော့ဖ်ဝဲလိုအပ်မှာ ဖြစ်ပါတယ်။ Lonely Screen ဆိုတဲ့ ဆော့ဖ်ဝဲကို http://www.lonelyscreen.com ဆိုတဲ့  ဝက်ဘ်ဆိုက်လိပ်စာမှာ အခမဲ့သွားရောက် ရယူနိုင်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အဆိုပါ ဆော့ဖ်ဝဲကို download ပြုလုပ်လိုက်ပါ။
Download ပြုလုပ်ပြီးသွားရင် အဆိုပါ ဆော့ဖ်ဝဲကို ကွန်ပျူတာအတွင်း Install ပြုလုပ်ပေးရပါမယ်။ Install ပြုလုပ်ပြီးပြီဆိုရင် Windows Firewall က အဆိုပါ ဆော့ဖ်ဝဲကို Block မပြုလုပ်ရန်အတွက် Fix It (Administrator) ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ အဆိုပါအဆင့် ပြီးသွားပြီဆိုရင် အသုံးပြုမယ့် Server Name ကို ပြောင်းပေးရပါမယ်။ နှစ်သက်ရာ နာမည်ကို ထည့်သွင်းနိုင်ပါတယ်။ နာမည် ပြောင်းပြီးရင် Save button ကို နှိပ်လိုက်ပါ။
ကွန်ပျူတာမှာ အဆိုပါ အဆင့်တွေ ပြီးသွားရင် iPhone, iPad ရဲ့ Notification center ကို သွားရပါမယ်။ Notification Center ကို ရောက်သွားရင် AirDrop ဘေးနားက Airplay ဆိုတာကို နှိပ်လိုက်ပါ။ Airplay ကိုနှိပ်လိုက်ရင် ကွန်ပျူတာမှာ ပထမပေးထားတဲ့ Receiver ရဲ့ နာမည်ကို သင့်ရဲ့ iPhone, iPad ပေါ်မှာ တွေ့မြင်ရပါလိမ့်မယ်။ အဆိုပါ Receiver ကို နှိပ်လိုက်ပါ။
နောက်တစ်ဆင့်ကတော့ အောက်ခြေမှာရှိတဲ့ Mirroring ဆိုတဲ့ Slider button ကို ဘေးကိုဆွဲပြီး ဖွင့်လိုက်ပါ။ ဖွင့်ပြီးရင် ညာဘက်ထောင့် အပေါ်နားမှာရှိတဲ့ Done ဆိုတဲ့ Button ကို နှိပ်လိုက်ရင် iOS Device နဲ့ PC စတင် ချိတ်ဆက်ပြီး အလုပ်လုပ်ဆောင်ပြီ ဖြစ်ပါတယ်။

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)