Ubuntu OS မှာ Opera Browser ကို ဘယ်လို ထည့်သွင်းမလဲ

Firefox browser ကို အသုံးမပြု ချင်တော့တဲ့ သူတွေအနေနဲ့ Ubuntu OS မှာ Opera  Browser ကို ထည့်သွင်းအသုံးပြုနည်း ဖြစ်ပါတယ်။ Opera browser ကို Ubuntu OS မှာ ထည့်သွင်း အသုံးပြုချင် သူတွေအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS မှာ Opera browser ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ  sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေ ကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
နောက်တစ်ဆင့်ကတော့ Opera browser ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့-
sudo sh -c ‘wget -O - http://deb.opera.com/archive.key | apt-key add -’
ဆိုတဲ့ command တွေ ဖြစ်ပြီး အဆိုပါ command တွေကို ရိုက်ထည့်ပြီးပါက Ubuntu OS မှာ အသုံးပြုထားတဲ့ password ကို ရိုက်ထည့်ပေးလိုက်ပါ။
အထက်က အဆင့်ပြီးသွားပြီဆိုရင် sudo gedit /etc/apt/sources.list.d/opera.list ဆိုတဲ့ command နဲ့ opera.list ဆိုတဲ့ဖိုင်ကို gedit နဲ့ ဖွင့်ပေးလိုက်ပါ။ gedit ထဲရောက်သွားရင် deb http://deb.opera.com/opera/ stable non-free then save it and close Gedit ဆိုတဲ့ စာသားကို ရိုက်ထည့်ပေးရပါမယ်။ အဆိုပါ စာသားကို ရိုက်ထည့်ပြီးပြီဆိုရင် gedit ကနေ save ပြုလုပ်ပြီး ထွက်လိုက်ပါ။
Terminal ထဲကို ပြန်ရောက်ရင် sudo apt-get update ဆိုတဲ့ command ကို အသုံးပြုပါ။ System update တွေ ပြီးသွားပြီဆိုရင် sudo apt-get install opera ဆိုတဲ့ command ကို ရိုက်ထည့်ပြီး opera browser ကို install ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Install ပြုလုပ်တဲ့ အဆင့်တွေ ပြီးသွားပြီဆိုရင် Dash key ကို နှိပ်ပြီး Search box မှာ opera ဆိုတဲ့ keyword ကို ရိုက်ထည့်လိုက်တာနဲ့ Opera browser ကို သင့်ရဲ့  Ubuntu OS ပေါ်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Opera browser ကို ဖွင့်ပြီးရင် End user license ကို သဘောတူပေးရမှာ ဖြစ်တဲ့အတွက် I Agree ဆိုတဲ့ ခလုတ်ကို နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် opera browser ကို စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)