Windows 10 တွင် Shutdown အမြန်ပြုလုပ်နိုင်မည့် နည်းလမ်းများ

Windows 10 အသုံးပြုသူများ ပုံမှန်ကွန်ပျူတာကို ပိတ်သည့်အခါတွင် Shutdown ပြုလုပ်ရန်အတွက် Start button ကို နှိပ်ပြီးမှ Power Button ကို နှိပ်ကာ Shutdown ပြုလုပ်ရမည်ဖြစ်သည်။ Windows 10 ပေါ် ကနေ Shutdown ကို အလျင်အမြန် ပြုလုပ်ချင်သူများအတွက် အောက်ဖော်ပြပါ နည်းလမ်း သုံးခုမှ နှစ်သက် ရာတစ်ခုကို ရွေးချယ်ပြီး အလျင်အမြန်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ပထမ နည်လမ်းကတော့ Power Options ထဲက System Settings ထဲမှာ သွားရောက် ပြင်ဆင် နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ System Settings ထဲမှာ When I press the power button ဆိုတဲ့ နေရာကို ရွေးချယ်လိုက်ပါ။ ပြီးသွားရင် Down Arrow button ကိုနှိပ်ပြီး Shut down ဆိုတာကိုရွေးချယ်ပေး ရပါမယ်။ ဒီလုပ်ငန်းစဉ်ကတော့ ကွန်ပျူတာကို Shut down ပြုလုပ်လိုတဲ့အခါမှာ Power button ကို တစ်ချက် နှိပ်လိုက်ရုံနဲ့ Shut down ပြုလုပ်ပေးမယ့် နည်းလမ်းဖြစ်ပါတယ်။

ဒုတိယ နည်းလမ်းကတော့ Desktop ပေါ်မှာ Shut down ပြုလုပ်ဖို့အတွက် Shortcut ပြုလုပ်ထား နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ Shut down Shortcut ပြုလုပ်ဖို့အတွက် Desktop ပေါ်မှာ Right-click နှိပ်ပါ။ ပြီးသွားရင် New > Shortcut ဆိုတာကိုရွေးချယ်ပေးရပါမယ်။ Create Shortcut box ကျလာရင် %windir%\System32\shutdown.exe /s /t 0 ဆိုတဲ့ command ကို Type the location of the item ဆိုတဲ့ box ထဲကို ထည့်ပေးပြီး Next ဆိုတဲ့ button နှိပ်ရပါမယ်။ အဆိုပါ shortcut ကို double-click နှိပ်လိုက်ရင် shutdown ပြုလုပ်မှာဖြစ်ပြီး၊ အကယ်၍ အဆိုပါ shortcut ကို Drag ပြုလုပ်ပြီး Taskbar မှာ ထည့်သွင်းထားမယ်ဆိုရင်တော့ Singl Click ပြုလုပ်ရုံနဲ့ Shut down ပြုလုပ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံး နည်းလမ်းကတော့ Start Menu button ကို Right-click ပြုလုပ်ပြီး Shut down or sign out ဆိုတာကို နှိပ်ပီး Shut down ဆိုတာကိုရွေးချယ်ပေးနိုင်ပါတယ်။ အထက်ပါ နည်းလမ်းသုံးခုမှာ Windows 10 မှာ Shut down ကို အလျင်အမြန် ပြုလုပ်နိုင်တဲ့ နည်းလမ်းများဖြစ်ပါတယ်။

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)