Quick Tips Before Buying Laptop(Laptop မဝယ်ခင်စဉ်းစားရမယ်အချက်များ)

     Laptop တစ်လုံးဝယ်တော့မယ်ဆိုရင် အရင်ဆုံးဘာတွေစဉ်းစားသင့်လဲ။ဘယ်လို software တွေသုံးမှာလဲ။ဘယ်လောက် ဈေးနှုန်းနဲ့လဲ။Performance ဘယ်လောက်လိုချင်တာလဲ။
အခုပြောပြမှာကတော့ Laptop မဝယ်ခင်စဉ်းစားလို့ရနိုင်မယ်အချက်လေးတွေပါ
1. Pick a Platform: Mac, Windows OS?

အဲတာကဘာလဲဆိုတော့ ကိုယ် Laptop မှာတင်မဲ့ OS(Operating System) ကိုပြောတာ။များသောအားဖြင်တော့ Window တွေပဲသုံးတာများကြတယ်။အဲ့တာကuser တွေနဲ့ ပိုပြီး Familiar ပိုဖြစ်တယ်။Linux ကတော့ IT ပိုင်းတွေလောက်ပဲသုံးကြတာ။ MacOS ကတော့ Mac Book ဝယ်သုံးရင်တစ်ခါတည်းပါပြီးသား။
2. Decide If You Want a 2-in-1

အခုနောက်ပိုင်းမှာ laptop တွေက 2-in-1s တွေဖြစ်လာပါပြီ။ 2-in-1s ကဘာလဲဆိုတော့ Laptop က  tablet လိုပုံစံမျိုးပါသုံးလို့ရတာကိုပြောတာ။ Screen ကိုနောက်ဘက်ကို 360 degrees လှည့်လို့ရတာမျိုးကိုပြောတာ။ အခုနောက်ပိုင်း Window 10 မှာ Tablet mode အနေနဲ့ သုံးရင်အဆင်ပြေစေမယ် Features တွေထည့်ပေးထားတာတွေ့ရတယ်။
3. Choose the Right Size

Screen  size ကတော့ကိုယ်ရဲ့လိုအပ်မှုနဲ့ဆိုင်ပါတယ်။ကိုယ်က Game ဆော့မှာတို့ Design ဆွဲမှာတို့ AutoCAD ဆွဲမှာတို့ဆိုရင်တော့ သေချာပြီ Screen ကြီးမှအဆင်ပြေမှာ။ Normal Usage အတွက်ဆိုရင်တော့ Display က အရမ်းကြီးစဉ်းစားဖို့မလိုပါဘူး။

11 to 12 inches: 11- to 12-inch screens က 2.5 to 3.5 pounds လောက်လေးမယ်
13 to 14 inches:  4 pounds အောက်မှာပဲ.
15 inches: popular size အဖြစ်ဆုံး screen size ပါ, 15-inch laptops က 4.5 to 6.5 pounds ကြားရှိပါတယ်
17 to 18 inches: 17- or 18-inch ကတော့  games ဆောဖို့အကောင်းဆုံးပဲ

4. Check That Keyboard and Touchpad

ဒါကတော့ ကိုယ်ရဲ့ Laptop မှာပါတဲ့ Keyboard ကကိုယ်အတွက်အဆင်ပြေလား။ keys  တွေအကုန်လုံးကောနှိပ်လိုရလားဆိုတာစစ်ဖို့ပါ။TouchPad ကကောဘယ်လိုတွေအလုပ်လုပ်နိုင်လဲ  ( ဥပမာ-လက်ဘယ်နှချောင်းထိသုံးလိုရလဲဆိုတာတွေပေါ့)စစ်ပါ။

5. Pick Your Specs

 Notebook ရဲ့ components တွေပြောတာပါ။ Processor, hard drive, RAM and graphics chip တွေကိုပြောတာပါ။

CPU: ကတော့ Laptop ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုပဲ။သူပေါ်မှာမူတည်ပြီးတော့ Laptop ရဲ့ Performance ကကွဲသွားတာ။ CPU တွေ Intel Core i3,Core i5,Core i7, Intel Pentium / Celeron, AMD Ryzen Mobile, AMD A, FX or E Series ဆိုပြီးကအမျိုးမျိုးရှိတယ်။အကောင်းမှသုံးချင်သူတွေအတွက်အတော့ i7 ပါ။ကျွန်တော်ရဲ့ Recommend  ကတော့ i3 ပါ။ဘာဖြစ်လို့လဲဆိုတော့ Performance အရကော Price အရကောအဆင်ပြေလိုပါ။Design တွေ AutoCAD တွေ Big Game တွေအတွက်ကတော့ i5 or i7 မှအဆင်ပြေပါမယ်။ Intel Pentium / Celeron တို့ကတော့ Normal usage လောက်ပဲအဆင်ပြေမယ်။

RAM: အချို့ဈေးပေါတဲ့ Laptop တွေမှာ RAM က 2GB ပဲပါ ရှိပါတယ် Intel Pentium / Celeron CPU နဲ့ စက်တွေပေါ့။ ဒါပေမယ့်ကျွန်တော်ကတော့ Normal ဆိုရင် 4GB ကအနည်းဆုံးရှိသင့်တယ်လို့ထင်တယ်။ 8GB ကတော့  Game တွေလည်းကောင်းကောင်း ဆော့လို့ရပြီ၊ Photoshop တွေလည်းကောင်းကောင်းသုံးလို့ရပြီပေါ့။16GB ကတော့ overskill ပေါ့နော်။ အဲနေရာမှာပြောချင်တာက OS  နဲ RAM ရဲ့Maximum Support လုပ်မှုပတ်သတ်ပြီးတော့ပြောချင်တာ Window OS နဲ့ပေါ့ ။အောက်မှာ ရှိုးလိုက်နော်။


Version
Limit on X86
Limit on X64
Windows 10 Enterprise
4 GB
2TB
Windows 10 Education
4 GB
2TB
Windows 10 Pro
4 GB
2TB
Windows 10 Home
4 GB
128GB
Windows 8 Enterprise
4 GB
512 GB
Windows 8 Professional
4 GB
512 GB
Windows 8
4 GB
128 GB
Windows 7 Ultimate
4 GB
192 GB
Windows 7 Enterprise
4 GB
192 GB
Windows 7 Professional
4 GB
192 GB
Windows 7 Home Premium
4 GB
16 GB
Windows 7 Home Basic
4 GB
8 GB
Windows 7 Starter
2 GB
N/A

Storage Drive (Hard Disk Drive): HDD တွေက data တွေ store လုပ်ဖို့ပါပဲ။အဲ့နေရာမှာ RPM speed ကလည်းအရေးကြီးတယ်နော်။ပုံမှန်အားဖြင့် 7.2K RPM ရှိကြပါတယ်။RPM speed များလေ Data Read/Write Speed ပိုမြန်လေပေါ့။နောက်ပိုင်း laptop တွေမှာ HDD အစား solid state drive (SSD) ကိုပြောင်းလာကြပြီဖြစ်တယ်။ Speed ပိုင်းလုံး၀ fast ပဲ ဒါပေမယ့် ဈေးနှုန်းပိုင်းမှာလည်း လုံး၀ high ပဲ။တက်နိုင်ရင်တော့ ဝယ်ကျပေါ့ဗျာ

Display: သူကတော့ ကြည်လင်ပြတ်သားမှုပေါ့။ full HD or 1080p ရတာတွေပေါ့

Touch Screen: ပုံမှန် Laptop တွေမှာတော့မပါဘူးဗျ။ Tablet လိုသုံးလို့ရတဲ့ 2-in-1 တွေမှာတော့ ပါတယ်ဗျ။ဈေးကြီးတဲ့ laptop တွေမှာပဲပါတာများတယ်။

Graphics Chip: PC games တွေ 3D Design တွေ AutoCAD တွေသုံးဖို့မလိုဘူးဆိုရင်တော့ Graphic ကို စဉ်းစားစရာမလိုပါဘူး။ တကယ်လို့လိုလာပြီဆိုရင် AMD or Nvidia ဆိုတဲ့Brand တွေကိုသိဖို့လုြိပီ ။Battery တော့စားတယ်နော်။  PC games အကြမ်းစား တွေ 3D Design မိုက်မိုက် တွေ AutoCAD တွေအတွက်ကတော့ Graphic က 4GB လောက်မှ စိတ်သွားတိုင်းကိုယ်ပါမယ်လို့ ကျွန်တော်ထင်တယ်ဗျ။

Ports: Port ကတော့ USB Port ,HDMI port ,Network Port, Sound Portတို့ကိုပြောတာပါ။ USB Port ဆိုရင် 3.0 ထိ support လုပ်လား၊ Network ဆိုရင်ကော ဘယ်လောက် speed ထိရလဲ  100MB or 1GB ပေါ့၊တစ်ခါတည်း Wireless Speed တွေပါစစ်ပေါ့ဗျာ။မဝယ်ခင်စစ်လိုက်ပေါ့ဗျာ။

DVD/Blu-ray Drives : laptop မှာ DVD drive ပါလားစစ်ပါ။အချို့ကမပါဘူး။ပါရင်လည်း ဘယ်လိုတွေရလဲစစ်ပါ။ဆိုင်ကိုလည်းမေးပါ ရိုးရိုး DVD drive လား Blu-ray ထိရလားဘာလားပေါ့။
6. Don’t Skimp on Battery Life

Laptop Battery Material က lithium-ion battery လား nickel-cadmium (NiCad)  battery လား။အခုနောက်ပိုင်းမှာတော့   lithium-ion battery တွေပဲတွေရတော့တယ်။ Laptop Battery Number of Cells ကကောဘယ်လောက်လဲဆိုတာတွေပါ။ 4-cell က 1.5 to even 3 hours ရှိရတယ်၊ 6-cell ကတော့ 4 to 5 hours အထိရတယ်။ 

7. Plan Based on Your Budget
အပေါ်မှာပြောခဲ့တဲ့ Specification တွေကသင့်ရဲ့ Budget နဲ့ ကိုက်ရဲ့ လား၊သင်လိုတာနဲ့ သင်ငွေနဲ့ကိုက်ညီရဲ့လားဆိုတာချိန်ညှိပါ၊ဘာကိုအဓိကထားရမှာလဲဆိုတာစဉ်းစားပြီး အကောင်းဆုံးဖြစ်တာကိုဝယ်ကြပါလို့တိုက်တွန်းပါတယ်။

Intel Pentium / Celeron ဆိုရင် 150$ to 300$
Intel Core i3 ဆိုရင် 250$ to 500$
Intel Core i5 ဆိုရင် 450$ to 950$
Intel Core i7 ဆိုရင် 600$ to over 1000$
8.Mind the Brand
Brand အစွဲ ရှိလား။ရှိရင်တော့ ကိုယ် Brand ပေါ့။Brand တွေကတော့ Apple Mac Book,HP,Dell,Acer,Samsung,Lenovo,Asus,MSI,Sony VAIO တို့ပဲဖြစ်တယ်။

အားလုံးပဲအဆင်ပြေကြပါစေ!!!!!!!!!!

Comments

  1. JackpotCity Casino Site – Online Gaming for US players
    JackpotCity is a new online gaming site based in South Florida. It is luckyclub.live a member of the best known Golden Nugget Online Casino Group. JackpotCity is

    ReplyDelete

Post a Comment

Popular posts from this blog

Computer Basic-3 (CPU)

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း