DFS အကြောင်းသိကောင်းစရာနှင့် DFS ကိုလက်တွေ့အသုံးပြုခြင်း



DFS တဲ့........DFS ဆိုတာဘာလဲဗျာ.............DFS ဆိုတာကတော့ Distributed File Server လို့ခေါ်ပါ
တယ်။ DFS ကိုသုံးမယ်ဆိုရင် ဘာအတွက်အသုံးပြုမလဲဆိုတာကို သိထားရမှာပေါ့။ ကျွန်တော်တို့တွေ DFS Server ကို ဘာအတွက်သုံးမှာလဲဆိုရင် ........Distributed File Server ဆိုတော့ File တွေအတွက် အသုံးပြုရ
မှာပေါ့နော်။ ဒါပေမယ့် ဘယ်လိုမျိုးအချိန်မှာ File တွေအတွက်အသုံးပြုရမှာလဲဆိုတာကို ပြောပြချင်လို့ပါ။ DFS
ကိုဘယ်လိုအသုံးပြုရမှာလဲဆိုရင် ကျွန်တော်တို့ရဲ့ Company မှာ Computer အလုံး(100) ကျော်ကျော်လောက်
ရှိတယ်ဗျ။ ပြီးတော့ အဲဒီလိုအလုံး(100) ကျော်လောက်ရှိတဲ့ Computer တွေကို Network ချိတ်ထားတယ်။
အဲဒီလောက်များပြားလွန်းတဲ့ Computer တွေကို Network ချိတ်ထားတော့  Computer တွေက Folders
တွေကို Shareပေးထားလိုက်ကြတာဖြောက်သောက်ဖြစ်နေတော့တာပဲ။ ကျွန်တော့်  Comuter မှာရှိတဲ့ Folders
တွေကို Share ပေးထားတာကတော့ အဆိုးဆုံးပဲပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်ကအစ မွစာတတ်နေအောင်
Folder တွေကို Share ပေးထားတာကိုး။ ကျွန်တော်ရဲ့ Computer အဲဒီလို မွစာတတ်မေနေအောင် Share
ပေးထားတဲ့ Folder တွေရှိသလို အခြား Compter တွေမှာလည်းကျွန်တော်လိုမျိုး မွစာတတ်နေအောင် Folder
တွေကို Share ပေးထားကြတာတွေလဲ ရှိကြပါတယ်။ ဒီတော့ ကျွန်တော်တို့ Company မှာ ချိတ်ထားတဲ့
Computer တွေရဲ့ Data or File နှင့် Folders များရဲ့ Share ပေးထားမှုဟာ ရှုပ်ယှက်ခတ်နေတာပေါ့။ အဲဒီလို
Data တွေ Share ပေးတာများလာတာနဲ့အမျှ ကျွန်တော်တို့ အတွက်ဘယ် Computer ကဘာတွေ Share
ပေးထားတယ် ဆိုတာမှတ်ထားရတဲ့ မမာဏလည်းများလာမှာဖြစ်ပါတယ်။ အဲဒီလို Folder တွေ Share
ပေးတဲ့ပမာဏများလာလေ Network သည်လည်းရှုပ်ထွေးလာနိုင်ပါတယ်။ အဲဒီလိုမျိုး ရှုပ်ယှက်ခတ် နေအောင်
Share ပေးထားတဲ့ Folder တွေအားလုံးကို တနေရာထဲမှာ Computer တစ်လုံးထဲမှာ လမ်းကြောင်းတစ်ခုပဲ
ထားပြီး ရှုပ်ယှက်ခတ်နေတဲ့ Folder တွေအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင်ထားလိုက်မယ်ဆိုရင်
ကျွန်တော်တို့ သည်လမ်းကြောင်းတစ်ခုတည်းကိုသာမှတ်ထားရပြီး လည်းကောင်းလမ်းကြောင်းထဲသို့ဝင်လိုက်တာနဲ့
ဘယ် Computer မှ Folder တွေလဲဆိုတာကို လွယ်လွယ်ကူကူဖြင့် ရှာဖွေနိုင်မည်ဖြစ်ပါတယ်။ အဲဒီလို Share
ပေးထားတဲ့ Folder တွေအားလုံးကိုတစ်စုတစ်ဝေးထားပြီး လမ်းကြောင်းသတ်မှတ်ချင်တယ်ဆိုရင် DFS ဆိုတဲ့
Distributed File Server ကိုအသုံးပြုရမှာဖြစ်ပါတယ်။ DFS Server ထဲမှာ Client Computer အားလုံးက
Share ပေးထားတဲ့ Data တွေကို တစ်စုတစ်ဝေးထဲ Link ချိတ်ထားတာဖြစ်ပါတယ်။ ကဲ အဲဒီတော့ DFS
(Distributed File Server) ကိုဘယ်လိုနေရာမျိုးမှာအသုံးပြုရမှာလဲဆိုတာကိုသဘောပေါက်ပြီ လို့ထင်
ပါတယ်။ DFS Server ဆိုတာ Computer ပေါင်းမြောက်များစွာမှ ရှုပ်ယှက်ခတ်နေအောင်
Share ပေးထားတဲ့ Folder တွေကို လမ်းကြောင်းတစ်ခုတည်းမှာပဲစုစည်းထားပေးတဲ့ Server လို့နားလည်သ
ဘောပေါက်လိုက်ပါ။..........ကဲကဲ....... ကျွန်တော်အောက်မှာဆွဲပြထားတဲ့ ပုံလေးကို သေသေချာချာ
ကြည့်လိုက်ပါဦးနော်။






Step by Step Guide to DFS Server 

အခု ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာက DFS Server ကိုအသုံးပြုမယ်ဆိုရင်ဘယ်လိုအသုံး
ပြုရမလဲဆိုတဲ့ အကြောင်းကို ပုံတွေနှင့်တကွ တစ်ဆင့်ချင်းရှင်းပြမှာ ဖြစ်ပါတယ်။ DFS Server ကို ဘယ်နေရာမှာ
ဘာအတွက်အသုံးပြုသလဲဆိုတာကတော့ DFS Server ဆိုတာဘာလဲဆိုတဲ့ ခေါင်းစဉ်နဲ့ရှင်းပြပြီးသားဖြစ်လို့မို့
အခုထပ်မရှင်းပြတော့ပါဘူးနော်။ တကယ်တော့ DFS ဆိုတဲ့ Distributed File System ဟာ Windows Server
2003 Installation လုပ်လိုက်ပါပြီဆိုကတည်းက တစ်ပါတည်းပါလာခြင်းဖြစ်ပါတယ်။ အဲဒီလို Windows Server
2003 Installation လုပ်ကတည်းကပါလာပြီးသားဆိုရင် ပြီးပြီပေါ့။ ဘာတွေ ထပ်လုပ်စရာလိုသေးလို့လဲဗျာလို့
ပြောစရာရှိပါတယ်။ အဲဒီလိုလည်း မဟုတ်သေးဘူးဗျ။ ၎င်း DFS Server ရဲ့ အသုံးပြုပုံကိုသိမှ ၎င်း Server ကို
အသုံးချလို့ရမှာလေ။ အဲဒီတော့ အခု အဲဒီအသုံးချပုံကို ပြောပြတော့မယ်နော်။ ပထမဦးဆုံးအနေနဲ့ DFS Server ရဲ့
စိတ်ချရမယ့်နေရာ (တစ်နည်းအားဖြင့် စိတ်ချရမယ့် Partition မှာ အခန်းတစ်ခန်း (Folder တစ်ခု) တည်ဆောက်
ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအခန်း (Folder) က ဘာလုပ်ဖို့အတွက်လဲဆိုတော့ Client အားလုံးက Share ပေးထား
တဲ့ Files တွေ၊ Folder တွေကို ၎င်းအခန်း (Folder) ထဲမှာ တစ်စုတစ်ဝေးထဲထားဖို့အတွက် တည်ဆောက်ရခြင်း
ဖြစ်ပါတယ်။ အခု ကျွန်တော်က DFS Server ရဲ့ E:partition ထဲမှာ Root ဆိုတဲ့ အခန်း(Folder) တစ်ခုကို
တည်ဆောက်လိုက်မယ်။



DFS ဆီကိုသွားမယ်ဆိုရင်တော့ Start>Programs>Administrative Tool>Distributed File System ကို တစ်ချက်နှိပ်လိုက်ပါ။

DFS Server Box ကျလာပါပြီ။



DFS Server Box ထဲက ဘယ်ဖက် Panel မှာရှိတဲ့ Distributed File System ပေါ်မှာ Right Click နှိပ်လိုက်ပါ။

Distributed File System ကို Right Click နှိပ်လိုက်လို့ပေါ်လာတဲ့ Menu Bar ပေါ်က New Root ကို
နှိပ်လိုက်ပါ။ Microsoft ရဲ့ ထုံးစံအတိုင်းပဲ Welcome Page ကျလာတဲ့အခါမှာ Next ကို နှိပ်ပြီး ရှေ့ဆက်သွားပါ။



New Root Wizard Box ပေါ်လာပါပြီ။ DFS Server မှာဆိုရင် Domain Root နဲ့ Stand-Alone Root ဆိုပြီး
အမျိုးအစား(၂)မျိုးရှိပါတယ်။ Domain Root ကို အသုံးပြုမယ်ဆိုရင်တော့ Active Directory (AD) တင်ထားမှ
အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Stand-Alone Root ဆိုရင်တော့ Active Directory (AD) တင်ထားစရာ
မလိုအပ်ပါဘူး။ ဒါပေမယ့် Stand-Alone Root ကို အသုံးပြုရင် Root Folder တစ်ခုထက်ပိုပြီးတည်ဆောက်လို့
မရပါဘူး။ ၎င်းအပြင် Routing and Remote Access တွေလည်း မရရှိနိုင်ပါဘူး။ အခု ကျွန်တော်က AD လည်း
တင်ထားပြီးသား Domain Root ကို အသုံးပြုမှာဖြစ်တဲ့အတွက် Domain Root ကိုရွေးပြီး Next ကို ဆက်နှိပ်ပါ။

Host Domain Box ကျလာတဲ့အခါ မိမိရဲ့ Domain Name ကိုပေးရမှာ ဖြစ်ပါတယ်။ ၎င်းနောက် Next ကို
နှိပ်ရမှာပါ။


အခုဆိုရင် Host Server Box ကျလာပါပြီ။ မိမိရဲ့ Server Name ကို Full Computer Name ရိုက်ထည့်လို့
လည်း ရသလို၊ Browse ကို အသုံးပြုမယ်ဆိုလည်း ရပါတယ်။ Browse ကို အသုံးပြုမယ်ဆိုရင်တော့ ၎င်း
Browse ကိုနှိပ်ပြီး မိမိရဲ့ Server ကိုရွေး OK ကို နှိပ်လိုက်ပါ။



အခု ကျွန်တော်ရဲ့ Server Name က Server.youth.com ဖြစ်ပါတယ်။ Next ကို ဆက်နှိပ်မယ်နော်။



ကဲ ဒီတစ်ခါတော့ Root Name Box ကျလာပြီဖြစ်တဲ့အတွက် Root Name ပေးရတော့မှာ ဖြစ်ပါတယ်။ Root
Name ကို မိမိကြိုက်နှစ်သက်ရာပေးလို့ရပါတယ်။ ကျွန်တော်ကတော့ DFS-Root လို့ပေးလိုက်မယ်ဗျာ။
ထုံးစံအတိုင်းပဲ Next ကို နှိပ်ပြီး ရှေ့ဆက်သွားပါ။

Root Share Box ပေါ်လာပါပြီ။ DFS Server ကနေ Share ပေးမယ့် Folder ကို ရွေးပေးရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုပြောချင်တာက ယခုရွေးပေးရမယ့် Folder သည် စောစောက DFS Server ထဲမှာ မိမိတည်
ဆောက်ထားတဲ့ Folder ကို ရွေးပေးရမှာ ဖြစ်ပါတယ်။

ကဲ အထက်က ပုံထဲက Browse ကို နှိပ်လိုက်ပါ။ ၎င်းနောက် မိမိ Folder ရှိတဲ့ Partition ကို ဖွင့်ပြီး ၎င်း
Folder ကို ရွေးပေးလိုက်ပါ။ အခုတော့ ကျွန်တော်တို့က E:Partition အောက်က Root ဆိုတဲ့ Folder ကို
ရွေးပေးရမှာပါ။ ဟုတ်တယ်လေ။ ဒီ Root ဆိုတဲ့ Folder က ကျွန်တော်တို့စောစောက ဖန်တီးထားခဲ့တဲ့ Folder
လေ။



အဲဒီလို ရွေးပေးလိုက်တဲ့အခါ Folder to Share မှာ E:\Root ဆိုပြီးပေါ်လာပါတယ်။ Next နှိပ်ပြီး
ရှေ့ဆက်သွားပါ။

နောက်ဆုံးအနေနဲ့ Finish Box ကျလာပြီဆိုတော့ Finish Button ကို နှိပ်လိုက်လို့ရပါပြီ။



ကဲ....အခုဆိုရင် DFS Server မှာ Root Server ကို ဖန်တီးလို့ ပြီးသွားပါပြီ။



အခုဆက်ပြီးတော့ Client တွေကို Link ချိတ်တဲ့အကြောင်းကို ဆက်ရှင်းပြမှာ ဖြစ်ပါတယ်။ အထက်ကပုံထဲက
Root Server ပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu Box ထဲက New Link ကို နှိပ်လိုက်ပါ။



New Link ကို ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မိမိရဲ့ Client တွေက Shared ပေးထားတဲ့ Folder ကို
လှမ်းပြီး Link ချိတ်တာပဲ ဖြစ်ပါတယ်။ မိမိရဲ့ Nework အတွင်းမှာရှိတဲ့ Client အားလုံးအတွက် Link ချိတ်ပေးရမှာ
ဖြစ်ပါတယ်။ အခု New Link Box ကျလာပြီနော်။



Link Name နေရာမှာ ယခု Link ချိတ်မယ့် Client ရဲ့ Share Folder Name ကို ထည့်ပေးရမှာပါ။ အခုတော့
Client01 လို့ အမည်ပေးလိုက်ပါတယ်။ Path to target (Shared Folder) ဆိုတဲ့နေရာမှာ မိမိ Client ရဲ့
Shared ပေးထားတဲ့ Folder ကို ရွေးပေးရမှာပါ။ Browse ကို နှိပ်လိုက်ပါ။




ဒါဆိုရင် Client 01 အတွက် Link ချိတ်ဆက်လို့ ပြီးသွားပါပြီ။ Client01ကဲ့သို့ပဲ အခြားသော Client တွေအ
တွက်လည်း ဤကဲ့သို့ Link ချိတ်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒီလို Client တွေကို Link လှမ်းပြီးချိတ်ဆက်
ပြီးလို့ရှိရင် Client တွေအချင်းချင်း Data တွေကို ဖလှယ်ချင်ရင် သူတို့အချင်းချင်းက IP Address တွေကို သိစရာမ
လိုတော့ဘူး။ DFS Server ဆီကနေပဲ လှမ်းပြီး Link ယူလိုက်လို့ရပါပြီ။










ကဲ........အခုလောက်ဆိုရင်တော့ DFS Serveကိုဘယ်လိုဖန်တီးရမယ်ဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်။
















Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)