Gmail ပို့ချင်တဲ့အချိန်ပို့



 
                                


အခုပြောပြချင်တာကတော့ Gmail ကနေ mail တွေကို ကိုယ်ပို့ချင်တဲ့အချိန် ပိုတဲ့ Schedule လုပ်တဲ့အကြောင်းပဲဖြစ်ပါတယ်။

အရင်ဆုံး Gmail ကို  login ဝင်ပါ။ရောက်ပါပြီ


Mail ပို့ဖို့ Compose ကို နှိပ်ပါ။ New Message Box ပေါ်လာပါလိမ့်မယ်။


Recipients မှာ ပို့ချင်တဲ့ လူရဲ့ email address တွေထည့်ပါ။ Subject မှာ Mail ပို့တဲ့ အကြောင်းအရင်းကိုရေးပါ။
Body မှာတော့ Detail အကြောင်းအရာပေါ့

 


စာတွေဘာတွေအကုန်ရေးပြီးသွားရင် အောက်ဆုံး Send ဘေးနားလေးက မျှားကို နှိပ်လိုက်။ အဲ့မှာ Schedule Send  ကိုနှိပ်။

 Pick Date & Time ကိုနှိပ်ပါ။

ဒီနေရာမှာ ကိုပို့ချင်တဲ့ အချိန်နဲ့ရက်ကို သတ်မှတ်ပြီး Schedule Send လုပ်လိုက်ပါ။ မပို့ချတော့ရင်တော့ Cancelပေါ့။
ကိုယ်လုပ်ထားတဲ့ Schedule  ကို ပြန်စစ်ချင်ရင်။ Scheduled မှာသွားစစ်ပါ။
မပို့ချတော့ရင် Mail ကို Click တစ်ချက် နှိပ်ပြီး Cancel Send လုပ်နိုင်ပါတယ်။
Ok ကြစေ.............


 



Comments

Popular posts from this blog

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)

Quick Tips Before Buying Laptop(Laptop မဝယ်ခင်စဉ်းစားရမယ်အချက်များ)

Computer Basic-3 (CPU)