WiFi Hotspot တစ်ခုကို Windows 8 တွင် ဖန်တီးခြင်း



                                            
WiFi Hotspot တစ်ခုကို Windows 8 အသုံးပြုထားတဲ့ Laptop တစ်လုံးပေါ်ကနေ ဖန်တီးချင်တဲ့သူတွေ အနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ဖန်တီး နိုင်မှာဖြစ်ပါတယ်။ Windows 8 ပေါ်ကနေ ဖန်တီးပေးလိုက်တဲ့ WiFi Hotspot တစ်ခုကို မိုဘိုင်းထုတ်ကုန်တွေနဲ့ ကွန်ပျူတာတွေက ဝင်ရောက် ချိတ်ဆက်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ WiFi Hotspotကို အခြား Third Party Software တွေကို အသုံးမပြုဘဲWindows 8 ရဲ့ Built-in System Tool  နဲ့  ပြုလုပ်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
WiFi Hotspot တစ်ခု ဖန်တီးမယ်ဆိုရင် Laptop PC လိုအပ်မှာဖြစ်ပြီး Desktop PC ကနေ  ဖန်တီးချင်သူတွေအနေနဲ့ကတော့ Wireless Adapter တစ်ခု လိုအပ်မှာဖြစ်ပါတယ်။ ပထမဆုံး Run Box ကို ခေါ်ဖို့အတွက် Win+R Key ကို အတူတွဲနှိပ်လိုက်ပါ။ RunBox ပေါ်လာရင် Run Box ထဲမှာncpa.cpl လို့ ရိုက်ထည့်လိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်  Network Connection ရှိတဲ့နေရာ ကို ရောက်သွား မှာ ဖြစ်ပါတယ်။ Network Connection Box ထဲ ရောက်သွားပြီဆိုရင် Wireless Adapter ကို Right Click ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဒီအဆင့်ပြီးသွားရင်  Sharing ဆိုတဲ့ Tab ကိုရွေးချယ်ရပါမယ်။ Sharing Tab ကို ရွေးချယ်ပြီသွားရင် Allow other network users to connect though this computer's internet connection ဆိုတာကို ရွေးချယ်ပြီး အမှန်ခြစ်လေး ထည့်ပေးရမှာ ဖြစ်ပါတယ်။အဆိုပါအဆင့်တွေ ပြီးသွားရင် Ok Button ကို ရွေးချယ်ပြီး ထွက်လိုက်ပါ။
ကိုယ့်ရဲ့ Hotspot ကိုအခြားသူတွေ ဝင်ရောက်သုံးစွဲတာတွေကို ကန့်သတ်နိုင်ဖို့ အတွက်လည်း စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်နိုင်ဖို့အတွက် Right Click နှိပ်ပြီး Command Prompt (Admin) ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Command Prompt Box ကျလာမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ
netsh wlan set hostednetwork mode=allow ssid="Hotspot " key="Pa$$w0rd"ဆိုတဲ့ Command ကိုရိုက်ထည့်ရပါမယ်။ ဒီနေရာမှာ ssid Name နေရာမှာ ကိုယ်နှစ်သက်တဲ့ နာမည်ကို ပေးနိုင်မှာဖြစ်ပြီး Password ကိုလည်းနှစ်သက်ရာ ပေးနိုင်မှာဖြစ်ပါတယ်။ ပြီးသွားရင် -netsh wlan start hosted network ဆိုတဲ့ Command ကို ရိုက်ထည့်ပြီး Hotspot လွှင့်တဲ့အဆင့်ကို စတင်လို့ရပြီ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ နည်းလမ်းတွေဟာ Windows 8 ရဲ့ Built in Tool ကို အသုံးပြုပြီး Hotspot တစ်ခုတည်ထောင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)