Batch File အလွယ်ရေးနည်း(၁)

Bat File သင်ခန်းစာ (အခြေခံ)
Bat ဖိုင်စရေးတော့မယ်ဆိုရင် အခြေခံ သုံးခုကို သိထားရမှာဖြစ်ပါတယ်။
အဲ့ဒါတွေကတော့
1- echo
2- @echo off/on
3- pause စတာတွေဘဲဖြစ်ပါတယ်..
1-Echo
Echo ဆိုတဲ့စာလုံးကိုတော့ ကျွန်တော်တို့ ပုံမှန် စာတွေ ထုတ်တဲ့နေရာမှာသုံးပါတယ်..
2- @echo off/on
@echo on /off ဆိုတာကို Command box မှာ User ပတ်လမ်းကို ဖျောက်ရင်သုံးနိုင်မှာဖြစ်ပါတယ်.
3- Pause
ဒါလေးကတော့ အထွေအထူးပြောဖို့ လိုမယ်မထင်တော့ပါဘူး။ pause ဆိုတာကတော့ ခဏတာ
ရပ်ထားတာပါ။ ကိုက ပရိုဂ၇မ်ကို ဆက်ပြီး run မယ်ဆိုမှ သူက run မှာပါ။
ဒီသုံးခုကို စမ်းရအောင်ပါ..
အရင်ဆုံး notepad ကို ဖွင့်လိုက်ပါ… ပြီးရင်အောက်ကကွန်မန့် လေးကို ထည့်ပြီးတော့ 1.bat
ဆိုတဲ့ဖိုင်နမည်လေးနဲ့ save လုပ်လိုက်ပါ။
@echo off
Echo I am Here
Pause
အောက်ကပုံလေးလို ပေါ်ပါမယ်..




ဒါလေးကတော့ Echo off လုပ်ထားတာလေးပါ.. ကွန်မန့် လိုင်း ပြောင်ရှင်းရှင်းလေးမှာ I am here လို
့ပေါ်နေပါပြီ.။ Echo off ပေးထားတဲ့အတွက်ကြောင့်မို့  ပတ်လမ်းတွေ အကုန် ဖျောက်ထားပြီး
ပြောင်ဖြစ်နေသလို Echo I am here ဆိုတဲ့ code ကြောင့် I am here လို့ ပေါ်နေပါပြီ။Pause လို့ 
ထည့်သွင်းရေးသားထားတော့ press any key to continue . . . ဆိုပြီးပေါ်နေပါတယ်။တကယ်လို့ သာ
@echo on နေရာမှာ @echo off လို့ ပေးလိုက်မယ်ဆိုရင်တော့ အောက်ကလိုလေးပေါ်နေပါမယ်။။




မင်တဲ့အတိုင်းပါဘဲ.. @echo off လို့ ပေးထားတဲ့အတွက် ကျွန်တော့် ပတ်လမ်းလေးပေါ်နေပါတယ်..
C:\User\Bl4ck l0ck\Desktop\bat book>
ဆိုပြီးပေါ်နေပါတယ်…
စာကြောင်းတွေအများကြီးရေးထည့်ချင်ရင်တော့ echo တွေ အများကြီးပေးရပါမယ်..
ဥပမာ -
@echo off
Echo Hi I Am Here
Echo Test 1
Echo Test 2
pause
ဒါဆိုရင်အောက်ပုံလေးလိုပေါ်ပါမယ်။




ကဲ နောက်တစ်ခုလောက်ထပ်ရေးကြည့်ရအောင်..
@echo off
Echo Hi I Am Here
Echo Test 1
Echo Test 2
Pause
Echo Test 3
Echo www.net6myanmar.com
Pause
ကဲ သတိထားမိလားမသိဘူးဗျ။ pause ဆိုတဲ့စကားလုံးကို နှစ်ခါ သုံးချလိုက်ပါတယ်။ ကျွန်တော်ပထမ
ပြောခဲ့သလိုပေါ့ pause ဆို တာက နောက် ဆက်တွဲ အလုပ်တွေကို ဆက်မလား ရပ်မလားလို
့မေးတဲ့သဘောပါ။
အဲ့ ကုဒ်တွေကို ကူးပြီးတော့ notepad တည်းထည့်ပြီး 2.bat လို့ ထည့်လိုက်ပါ။ပြီးရင် run
ကြည့်ရင်အောက်ကလိုမြင်ရပါမယ်။















ပုံတည်းမှာမြင်တဲ့အတိုင်းပါဘဲ press any key to continue ဆိုတာ နှစ်ခါတောင်မေးပါတယ်…
သင်စမ်းကြည့်ရင် အရင်ဆုံး တစ်ခါမေးမယ် ဆက်သွားမယ်ဆိုတော့မှ အောက်က test 3
www.net6myanmar.com ဆိုပြီးထပ်ထွက်လာမှာဖြစ်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့  ကျွန်တော်တို့ တွေက Font တွေကို အေ၇ာင်လေး တွေထည့်ကြည့်ရအောင်။
အရင်ဆုံး cmd တစ်ခု ခေါ်လိုက်ပါ.. မခေါ်တတ်ရင်တော့ start cmd.exe ဆိုပြီး notepad တည်းပါပြီးရင်တော့
cmd.bat လို့  save ပြီး run လိုက်ပါ။ start ကုဒ်အကြောင်းကိုအောက်မှ ဆက်ရှင်းပြပေးပါ့မယ်..
ခုတော့ အရောင်ထည့်နည်းဘက်ကိုလည့်ပါမယ်..
ကောင်းပီ command box(cmd) တည်းရောက်ပီဆိုရင်တော့ color /? လို့ ထည့်လိုက်ပါ..
အောက်ကပုံလေးအတိုင်း သက်ဆိုင်ရာ အရောင်တွေရဲ့  code တွေကို ပြမှာဖြစ်ပါတယ်။



0 ဆိုရင် အမဲရောင် ဖြစ်ပြီးတော့ 1 ဆိုရင်တော့ အပြာရောင် ဖြစ်မှာပါ။
ထင်သာ မြင်သာရှိသွားအောင် အနီရောင်ဖြစ်တဲ့ 4 လေးကို ထည့်သုံးပါမယ်။ c ကိုထည့်သုံးမယ်ဆိုရင်တော့
အလင်း ပါမယ့် ကာလာ ခက်ပြင်းပြင်း ပုံစံမျိုးထွက်မှာပါ.. ခုတော့ 4 = red ကို ထည့်စမ်းပါမယ်..
အောက်ကကုဒ်လေး ကိုထည့်စမ်းကြည့်ပါ..
@echo off
color 4
echo Test with You
pause
ဒီတော့ အောက်ကပုံလေးလို စာသားတွေက အနီရောင်လေး ပေါ်နေပါပြီ..




တကယ်လို့ များ သင် အနောက်က နောက်ခံကာလာ အမဲရောင်ကြီးကိုမ ကြိုက်ဘူး ဆိုရင်လည်း ပြောင်းလဲလို
ရပါသေးတယ်..
အောက်မှာထပ်ကြည့်လိုက်ပါ ဒီတစ်ခါတော့ အစိမ်း ခက်ပြင်းပြင်း အရောင်ဖြစ်တဲ့ “ a “ နဲ့  အညိုရောင်လေး
ဖြစ်တဲ့ “ 8 “ ကိုထည့်သုံးပါမယ်.. ဒီတော့ color code ရေးတော့မယ်ဆိုရင် နောက်ခံ အရောင် code ကို အရှေ
့ထား ရေးပေးရပါတယ်.. ‘ color 8a ‘ လို့ ရေးပေးရမှာ ဖြစ်ပါတယ်… အောက်ကလိုမျိုးပေါ့.
@echo off
Color 8a
Echo I am here
Pause
ဒါဆိုရင်အောက်ကပုံလိုမျိုးလေး အရောင်လေးတွေနဲ့ ထွက်လာပါပြီ။



အိုကေ… အားလုံးဘဲ ဒီအဆင့်ထိရှင်းမယ်လို့  ထင်ပါတယ်။ ဒီတော့ လေ့လာရအောင်ဗျာ။
ကျွန်တော်တို့ တွေ Batch file တစ်ခုကို title ဘယ်လို ပေးကြမလဲ ဆိုတာပါဘဲ..
အခု မြင်တွေ့ နေရတဲ့အတိုင်းဘဲ… title မှာ c:\Windows\system32\cmd.exe ဆိုပြီးတော့
ပတ်လမ်းကြီးထွက်နေတယ်ဗျ ဒါကိုမကြိက်ဘူးဗျာ. ပြင်ကြရအောင် ဒီတော့
ပြင်မယ်ဆိုရင်တော့ “ title Someone “ လို့ ထည့်ရေးပေးရမှာဖြစ်ပါတယ်.. ၇ှင်းသွားအောင်
အောက်က ကုဒ်လေးကိုကြည့်ရအောင်..
@echo off
Title Myanmar Coder
Pause
ဘဲဆိုပါတော့ဗျာ။ အဲ့ဒါလေးဆိုရင်အောက်လိုပေါ်ပါမယ်..





ပောာမြင်တဲ့အတိုင်းပါဘဲ ပတ်လမ်းလေးပျောက်သွားပြီးတော့ Myanmar Coder ဆိုပြီး title
လေးပေါ်သွားပါပြီ.. ဒီတော့ နောက်ထပ် အခြေခံဖြစ်တဲ့ massage alert လေး
တတ်အောင်လုပ်ကြည့်၇အောင်ဗျာ…
အချက်ပြ ဘောက်လေး ပြဖို့ အတွက် code ကိုတော့ ” msg * someone “ လို့ သုံးပေးရပါတယ်။
ဥပမာ အနေနဲ့ အောက်ကကုဒ်လေးကို ထပ်ကြည့်ရအောင်ဗျာ.။
@echo off
Msg * Myanmar Tester
Pause
လို့ သုံး ခဲ့မယ်ဆိုရင်တော့ အောက်ကပုံလေးလို ထပ်ပြပါမယ်…



ကဲ ဒါလေးကတော့ massage box လေးတတ်လာအောင်လုပ်တဲ့နည်းလေးပါ..
နောက်ထပ် ကျွန်တော်တို့ တွေ ကွန်ပျူတာတည်းမှာ၇ှိတဲ့ ပရိုဂရမ်တွေကို bat လေးနဲ့  run ကြည့်ရအောင်ဗျာ။
ကျွန်တော်တို့  ခုသုံးမယ့် code ကတော့ “ start someone.someone “ ဆိုတာလေးဖြစ်ပါတယ်..
ဥပမာ အနေနဲ့  command box လေးကို လှမ်း run ခဲ့သလိုပေါ့ ‘ start cmd.exe ’ လို့ သုံးသွားခဲ့ပါတယ်…
ဒီတစ်ခါတော့ တစ်ခြား ပရိုဂရမ်တွေကို Bat နဲ့ လှမ်းဖွင့်ကြည့်ရအောင်ဗျာ….
ဒီနေရာမှာ တစ်ခု တော့သိထားဖို့ လိုပါတယ်.. ကို Bat Command နဲ့  လှမ်းဖွင့် မယ့်ဖိုင်ပာာ အများအားဖြင့်
System32 တည်းမှာရှိရမှာဖြစ်ပါတယ်..
Run Box လေး ခေါ်လိုက်ပါမယ်.. ပြီးရင် System32 လို့ ထည့်လိုက်ပါ။






Batch File အလွယ်ရေးနည်း(၂)------>>>>




















Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)