Quick Tips Before Buying Laptop(Laptop မဝယ်ခင်စဉ်းစားရမယ်အချက်များ)
Laptop တစ်လုံးဝယ်တော့မယ်ဆိုရင် အရင်ဆုံးဘာတွေစဉ်းစားသင့်လဲ။ဘယ်လို software တွေသုံးမှာလဲ။ဘယ်လောက် ဈေးနှုန်းနဲ့လဲ။Performance ဘယ်လောက်လိုချင်တာလဲ။ အခုပြောပြမှာကတော့ Laptop မဝယ်ခင်စဉ်းစားလို့ရနိုင်မယ်အချက်လေးတွေပါ 1. Pick a Platform: Mac, Windows OS? အဲတာကဘာလဲဆိုတော့ ကိုယ် Laptop မှာတင်မဲ့ OS(Operating System) ကိုပြောတာ။များသောအားဖြင်တော့ Window တွေပဲသုံးတာများကြတယ်။အဲ့တာကuser တွေနဲ့ ပိုပြီး Familiar ပိုဖြစ်တယ်။Linux ကတော့ IT ပိုင်းတွေလောက်ပဲသုံးကြတာ။ MacOS ကတော့ Mac Book ဝယ်သုံးရင်တစ်ခါတည်းပါပြီးသား။ 2. Decide If You Want a 2-in-1 အခုနောက်ပိုင်းမှာ laptop တွေက 2-in-1s တွေဖြစ်လာပါပြီ။ 2-in-1s ကဘာလဲဆိုတော့ Laptop က tablet လိုပုံစံမျိုးပါသုံးလို့ရတာကိုပြောတာ။ Screen ကိုနောက်ဘက်ကို 360 degrees လှည့်လို့ရတာမျိုးကိုပြောတာ။ အခုနောက်ပိုင်း Window 10 မှာ Tablet mode အနေနဲ့ သုံးရင်အဆင်ပြေစေမယ် Features တွေထည့်ပေးထားတာတွေ့ရတယ်။ 3. Choose the Right Size Screen size ကတော့ကိုယ်ရဲ့လိုအပ်မှုနဲ့ဆိုင်ပါတယ်။ကိုယ်က Game ဆော့မှာတို့ Design ဆွဲမှာတို့ Au...