How to get computer make and model

ဒီ post က Windows command prompt နဲ့ Computer ထုတ်လုပ်သူအမည်၊ Model နံပါတ် နှင့် အခြား hardware အသေးစိတ်များဘယ်လိုသိရှိနိုင်သည်ကိုပြောပြပေးမှာြဖစ်ပါတယ်။ အောက်ပါ command များသည် Windows 7, Windows 8, Windows 10 တွေမှာရှိတဲ့ WMIC ဆိုတဲ့ command လေးနဲ့ သုံးပြမှာဖြစ်ပါတယ်။ဂျင်းထည့်မခံရအောင်လေ့လာထားကြပါနော်...........

အရင်ဆုံး command prompt ကို administrator right နဲ့ ဖွင့်ပါ။

Command Prompt ကိုရောက်ပြီဆိုရင် Computer Motherboard ရဲ့ vendor နဲ့ version သိဖို့

wmic csproduct get vendor, version ဆိုတဲ့ command လေးရိုက်ပါ

နောက်ထပ်တစ်ခုက computer system model information နဲ့ architecture(32bit/64bit) သိဖို့ကအောက်က command လေးရိုက်ပါ။

wmic computersystem get model,name,manufacturer,systemtype

 

Manufacturer ဆိုတာကထုတ်လုပ်တဲ့ Company Model အောက်ကကောင်က စက်ရဲ့ Model ပေါ့။ Name ကတော့ Computer ရဲ့ Nameပါ။SystemType  ကတော့ OS ရဲ့  Architecture ပေါ့။

WMIC ဆိုင်တဲ့ အခြား command လေးတွေတော့ရှိသေးတယ်သိပ်အသုံးမတည့်လို့မပြောတော့ဘူး။


Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)