Cannot click anything on new Google login screen


ကျွန်တော်တို့ဒီနေ့ပြောပြမှာကတော့ Gmail ကို computer ပေါ်မှာရှိတဲ့ Chrome မှာဝင်သုံးတဲ့အချိန်မှာ Chrome ပေါ်မှာရှိတဲ့ Google Login screen က အလုပ်မလုပ်တာကို(Not responding) ဖြစ်နေတာကိုဖြေရှင်းတဲ့နည်းဖြစ်ပါတယ်
Gmail, Google Drive တွေစတဲ့ Google Products တွေကို Chrome မှာ ၀င်သုံးတဲ့အချိန်မှာအောက်ပါပုံနဲ့တွေရလိမ့်မယ်


အဲအချိန်မှာ gmail address ကိုရိုက်ပြီး Next သွားလိုက်တဲ့အချိန်မှာ Google Login screen က အလုပ်မလုပ်တော့ဘူး။ Internet ကိုစစ်ကြည့်လိုက်တော့ Internet က လည်းFine တခြား website တွေလည်းကောင်းကောင်းခေါ်လို့ရတယ်။window update ပတ်သက်ပြီးဖြစ်တက်တဲ့ Error မျိုးပါ
အဲ့တာကို အရှင်းပြေလည်အောင်လုပ်ချင်ရင်တော့ Window ပြန်တင်တာမျိုးတွေလုပ်မှရမယ်။အခုက Window ပြန်တင်ဖို့အဆင်မပြေတဲ့အချိန် Urgent သုံးဖို့နည်းလမ်းလေးပါ။
တစ်ချက်လောက်လုပ်ကြည့်ရအောင်
Chrome ရဲ့ Setting ကိုသွားပါ



Advanced ကို နှိပ်ပါ



Privacy and security အောက်ကိုသွားပါ။ Content Setting ကိုနှိပ်လိုက်ပါ




အဲ့အောက်မှာမှ JavaScript နှိပ်လိုက်ပါ



အဲ့ နေရာမှာ Default  က Allowedကိုပေးထားတယ် အဲ့တာကို ကျွန်တော်တို့က tab ကလေးကိုရွှေ့ပြီးတော့ blocked လုပ်လိုက်ပါ




အဲ့တာတွေပြီးသွားရင် Google login screen ကို reload ပြန်လုပ်လိုက်ပါ
ဒီလိုပေါ်လာတာတွေလိမ့်မယ်


Gmail Address ကိုရိုက်လိုက်ပါ။Password ရိုက်လို့ရပါပြီ


JavaScript နောက်က Click Here လေးကိုနှိပ်လိုက်ပါ
 

အောက်ပါအတိုင်း gmail ထဲကိုဝင်သွားပါလိမ်မယ်


Setting ထဲကိုပြန်သွားပြီးတော့ အစောပိုင်းပြောင်းခဲ့တဲ့ Blocked ကို Allowed ပြန်ပြောင်းလိုက်ပါ



Gmail Tabကိုပြန်သွားပြီးတော့ Switch to Standard view ကိုရွေးလိုက်ပါ


ကဲရသွားပြီနော်  အဆင်ပြေကြပါစေ။


Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)