Web browser & Search Engine



Web Browser ဆိုတာကတော့  World Wide Web (Internet) ပေါ်မှာ ကိုယ်သိချင်တာတွေကိုရှာလို့ရတဲ့ software application တစ်ခုပဲဖြစ်ပါတယ်၊ Computer ပေါ်မှာကော Smart Phone တွေမှာပါရရှိအသုံးပြုနိုင်တာပဲဖြစ်ပါတယ်၊1990 လောက်မှာစပေါ်ပေါက်လာတာဖြစ်ပါတယ်၊Browser Software list ကိုအောက်မှာပြောပြပေးမှာဖြစ်ပါတယ်။

Google Chrome - Window Computer တွေနဲ့ Android Phone တွေမှာအသုံးအများဆုံးပါ၊ လက်ရှိမှာလည်းအသုံးအများဆုံး Browser ပေါ့၊နည်းနည်းတော့လေးတယ်နော်( Ram တော့စားတယ်)

 

Mozilla Firefox - Window Computer တွေမှာအသုံးအများပါတယ်၊Second အသုံးများဆုံးပေါ့၊  RAM အရမ်းမစားဘူး။

Safari - Apple ရဲ့ MAC OS နဲ့ iPhone တွေမှာပဲရှိပါတယ်၊

Microsoft Edge - Microsoft ရဲ့  Window 10 မှာ Auto ပါနေပါပြီ၊မဆိုးဘူးဗျ

Internet Explorer - Microsoft ရဲ့  အရင် Version လေးပေါ့ အသုံးဝင်နေဆဲပဲ

Opera - သူလေးလဲမဆိုးပါဘူး

360 Secure Browser - Chinese Browser လေးပေါ့

UC Browser - Chinese Browser လေးပေါ့၊မဆိုးဘူးဗျ၊Advance featuresလေးတွေပါတယ်

QQ browser - China ပါဘဲ

Chromium - မသိရင် Chrome  လိုလိုဘာလိုလို

Brave - သုံးကြည့်တာတော့မိုက်တယ် ပေါ့လည်းပေါ့တယ်




 

 

Web search engine or Internet search engine ဆိုတာက Internet မှာရှိတဲ့ Data  တွေကိုရှာချင်တဲ့အချိန်မှာ ရှာလို့ရတဲ့ ကြားခံ software system တစ်ခုဖြစ်ပါတယ်၊သူကကိုယ်ရှာတဲ့ Information အချက်အလက်တွေကိုတစ်စုတစ်စည်းတည်းဖော်ပြပေးပါတယ်။Web Browser ထဲမှာ Photo Video Words People and other websites တွေကိုရှာလို့ရပါတယ်၊Website address ကိုသိရင်တော့ Browser မှာတန်းရှာလို့ရတယ် Search Engine ကိုကြားစရာမလိုတော့ဘူးပေါ့။Online စာကြည့်တိုက်ကြီးလိုပေါ့။အောက်ဘက်မှာအသုံးများတဲ့ Search Engine တွေပြောပြမယ်နော်၊

 

https://www.google.com/ – Best Web Search Engine  ကြီးတစ်ခုပေါ့အသုံးအများဆုံးပါဘဲ

https://www.baidu.com/ - Chinese Best Search Engine ကြီးတစ်ခုပေါ့

https://www.bing.com/ - Microsoft ရဲ့ Product လေးပေါ့

https://www.yahoo.com/ - USA ရဲ့ Product လေးပါမြန်မာမှာတော့သိပ်မသိကြဘူး

https://yandex.com/ - Russia ထုတ်လေးပါ၊ရှာကြည့်ပေါ့

https://duckduckgo.com/ - USA ထုတ်လေးပါ၊ security ကောင်းတယ်လို့ပြောကြတာပဲ

 

ကျေးဇူးတင်ပါတယ်အချိန်ပေးကြတဲ့အတွက်..  Like and Share လေးကူညီပေးကြပါအုံး

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)