How to Enable and Set Password Administrator Account in Window 10


အခုပြောပြပေးမှာကတော့ window 10 မှာ Built-in ပါတဲ့ Administrator account ကို Window 10 Bootable Device သုံးပြီး Enable လုပ်နည်းနဲ့ Password ပေးနည်းဖြစ်ပါတယ်

Like & Share လေးလုပ်ပေးသွားကြပါအုံး

ဒီနည်းကိုဘယ်အချိန်မှာလုပ်ကြလဲဆိုတော့ လက်ရှိသုံးနေတဲ့ User Account က Administrators Right မရှိတဲ့အခြေအနေတွေမှာအလုပ်များကြပါတယ်။ Built-in Administrator က ပုံမှန်ဆို Disabled ဖြစ်နေပါတယ် ။ကဲစလိုက်ကြရအောင်

အရင်ဆုံး Window 10 Bootable USB Stick or CD/DVD Drive နဲ့ Boot တက်ပါ...

Window 10 နဲ့ Boot တက်လာရင် Repair Your Computer ကိုသွားပါ


အဲ့ကနေ Troubleshoot ကိုသွားပါ၊ထပ်ပြီးတော့ Command Prompt ကိုသွားပါ


ကဲရောက်ပါပြီဘာလုပ်ရမှာလဲ၊ အရင်ဆုံး Disk ရဲ့ Partition list ကိုအရင်ကြည့်ရပါမယ်၊ထိုကြောင့် Diskpart ဆိုတဲ့ command လေးအရင်ရိုက်လိုက်ပါ ပြီးရင် Enter ခေါက်လိုက်ပါ၊

Diskpart ထဲရောက်သွားရင် List volume လို့ထပ်ရိုက်ပြီး Enter ခေါက်လိုက်ပါ၊ Volume List တွေကိုမြင်ရမယ်၊အဲ့နေရာအရေးကြီးပြီ ကိုယ့် Window တင်ထားတဲ့ Partition ကိုရှာပါ၊အခုဒီမှာကတော့ C: ပေါ့၊ ပြီးရင် Diskpart ကို ထွက်လိုက်ပါ


အခုထပ်လုပ်ရမှာတော့ C:\Windows\System32\ ထဲ Utilman.exe ကို တစ်နေရာမှာ Backup အရင်ယူထားပြီးတော့ သူ့နေရာမှာ cmd.exe ကို အစားထိုးမှာပဲဖြစ်ပါတယ်၊ Utilman.exe နဲ့ cmd.exe ကဘာတွေလဲဆိုတာတော့မပြောတော့ဘူးနော် Internet မှာသာရှာကြည့်လိုက်တော့၊

Command တွေကတော့ copy C:\Windows\System32\Utilman.exe C: ပြီးရင် Enter ခေါက်ပါ

Next Command ကတော့ copy /y C:\Windows\System32\cmd.exe C:\Windows\System32\Utilman.exe

Copy ပြီးသွားရင် Wpeutil reboot နဲ့ restart ဆင်းလိုက်ပါ၊Window ပြန်တက်လာရင်အဲ့ Icon လေးကိုနှိပ်လိုက်ပါ Command Prompt လေးတက်လာပါလိမ့်မယ်၊ဘာကြောင့် utilman.exe နေရာမှာ cmd.exe ကိုအစားထိုးလဲဆိုတာသိပြီဟုတ်...


အဲ့ command prompt မှာ Administrator account ကို enable လုပ်ဖို့

net user Administrator /active:yes ဆိုတဲ့ command လေးရိုက်ပြီး Enter ခေါက်ပါ၊

Administrator account ကို Password ပေးဖို့ net user Administrator Apple123 ဆိုရိုက်ပါ

Apple123 က Password နော် Successfully တွေပြောပြီးသွားရင် restart ဆင်းလိုက်ပါ…. 

Window ပြန်တက်လာရင် Administrator account လေးပေါ်လာတာတွေ့ရလိမ့်မယ်အဲ့ မှာ ကိုယ်ပေးထားခဲ့တဲ့ Password နဲ့ ဝင်ကြည့်လိုက်ပါ၊အားလုံးပဲ Ok နော်


Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)