Computer Basic-3 (RAM)




RAM ဆိုတာ Random Access Memory ဆိုတာတော့ Computer နဲ့ ရင်းနှီးထိစပ်နေသူ တော်တော်များများ သိကြပါတယ်။ အတိုကောက် ပြောကြရင်တော့ Memory ပြောရရင် တကယ်လို့ RAM ဆိုတာ ကျွန်တော်တို့

ခေါင်းထဲက မှတ်ဉာဏ်လိုမျိုးပဲ။ RAM ကို Desktop computer များသာ မက၊ laptop, tablet, smartphone, electronic device, etc. အစရှိ သည် တို့ တွင် အသုံး ပြု သည် ကို တွေ့ မြင်နိုင်ပေသည်၊ RAM သည် Computer တွင် အချက်အလက် နှင့် command တို့ကို CPU (central processing unit) သို့ မပို့ခင်၊ ခေတ္တ ခဏ သိမ်းဆည်းရာ နေရာ ဖြစ်ပေသည်၊ သို့သော် RAM တွင် သိမ်းဆည်းထားသည် တို့သည် Computer မီးပိတ် သည် နှင့် ပျောက်ပျက် သွားပေသည်၊ hard disk နှင့် ROM (read only memory) ကဲ့သို့ မီးပိတ် သွားသော် လည်း data ကို မသိမ်းဆည်း ထားနိုင်ပေ။

RAM မှာ SRAM (static ram) နှင့် DRAM (dynamic ram) ဟူ ၍ တွေ့ ရ နိုင်ပါတယ်၊ SRAM က တော့ သူ့ ကို ပါဝါ ပေးထား သ၍ သူ့ မှာ ရှိ တဲ့ data ကို မပျောက်ပျက် အောင် သိမ်းထား နိုင်ပါတယ်၊ DRAM ဆို တာ ကတော့ သူ့မှာ capacitor နှင့် transistor ပါရှိပါတယ်၊ SRAM က DRAM လို သူ့ ထဲ က data ကို မပျောက် ပျက် အောင် refresh လုပ် စရာ မလိုအပ်ပါဘူး၊ ဒါကြောင့် SRAM ကို အသုံးပြုခြင်းဖြင့် data အသွင်းအထုတ် ပိုမို လျှင်မြန် ပါတယ်၊ SRAM သည် DRAM ထက် ဈေးပိုကြီး ပါတယ်၊ SRAM သည် data အသွင်း အထုတ် ပိုမို မြန်ဆန် တာ ကြောင့်၊ ကွန်ပြူတာ ၏ cache memory လို နေရာ မျိုး တွင် အသုံးပြုကြပါတယ်၊ DRAM ကို တော့ SRAM ထက် ပိုမို တွင်ကျယ်စွာ အသုံးပြုကြပြီး၊ microprocessor နှင့် computer ကို အခြေခံ တဲ့ devices တွေ မှာ DRAM ကို အသုံးပြုသည် ကို တွေ့ ရမှာ ဖြစ်ပါတယ်၊ တကယ်တော့ Computer တွေ မှာ SRAM ကော DRAM ကောနှစ်မျိုး စလုံး အသုံးပြု ထားသည် ကို တွေ့ရှိ နိုင်ပါတယ်။ အခုကျွန်တော်တို့သုံးနေတဲ့ Desktop & Laptop မှာ စိုက်ထားတာက SDRAM (Synchronous Dynamic Random Access Memory) - Dynamic ram တစ်မျိုး ပေါ့။

 

-SDRAM (Synchronous Dynamic Random Access Memory):

      SDRAM သည် CPU နှင့် အချိန် ကိုက် အလုပ် လုပ်ဆောင် နိုင်တာ ကြောင့် memory နှင့် CPU အကြား data ကို သယ်ဆောင် ရာ တွင်၊ စောင့်ဆိုင်း စရာ မလို တော့ပေ၊

SDRAM သည် SDR SDRAM (Single Data Rate SDRAM) ဖြစ်ပါတယ်၊ အသုံးပြု ရာ တွင် သူနှင့် အတူ အသုံးပြုတဲ့ I/O, internal clock နှင့် bus clock တို့သည် အတူတူ ဖြစ်ပါတယ်၊ ဥပမာ။ ။ PC133 နှင့် အတူ အသုံးပြုသော I/O, internal clock နှင့် bus clock တို့သည် 133 MHz ဖြစ်ရပါတယ်၊ Single Data Rate ဆိုတာကတော့ SDR SDRAM သည် clock cycle တခု တွင် တကြိမ်သာ read/write ပြုလုပ်နိုင်ပါတယ်၊ SDRAM သည် အရင် command ကို လုပ်ဆောင်ခြင်း ပြီး မှ သာ နောက်ထပ် read/write operation တခု ပြုလုပ်နိုင်ပါတယ်။

 

-DDR SDRAM (Double Data Rate SDRAM):

    SDRAM ၏ နောက် generation အသစ် က တော့ DDR လို့ ခေါ်ပါတယ်၊ သူ၏ အားသာချက် က တော့ clock frequency ကို တိုးစရာ မလို အပ်ပဲ၊ bandwidth ကို ချဲ့တာ ကြောင့် data transfer rate နှစ်ဆ တိုးပါတယ်။

DDR SDRAM transfer rate သည် SDR SDRAM transfer rate ထက် နှစ်ဆ ဖြစ်ကာ၊ internal clock ကို လည်း ပြောင်းလည်း ဖို့ မလို အပ်ပါဘူး။

DDR transfer rate သည် 266~400 MT/s အကြား ရှိပါတယ်၊ DDR266 နှင့် DDR400 တို့ သည် DDR SDRAM ထဲမှာ ပါဝင်ပါတယ်။

DDR SDRAM သည် (184 pins နှင့် a single notch on the connector) နှင့် ပြုလုပ်ထားပြီး၊ SDR SDRAM သည် (168 pins and two notches on the connector) နှင့် ပြုလုပ်ထားပါတယ်၊ DDR SDRAM သည် lower standard voltage (2.5 V from 3.3 V) ဖြင့် အလုပ် လုပ်ဆောင်နိုင်ပါတယ်။

 

-DDR2 SDRAM(Double Data Rate Two SDRAM):

    သူရဲ့ external bus speed သည် DDR SDRAM အသုံးပြုသည် ထက် နှစ်ဆ ရှိပါတယ်၊ DDR2 SDRAM buffer သည် DDR SDRAM ထက် နှစ်ဆ ရှိပါတယ်၊ DDR2 အသုံးပြုသော internet clock speed သည် DDR အသုံးပြုသော internet clock speed နှင့် တူညီ ပြီး၊ (133~200MHz) အကြား ရှိပါတယ်၊ သို့သော် DDR2transfer rate သည် 533~800 MT/s ရှိပြီး၊ DDR2 533 နှင့် DDR2 800 memory types များ ပါဝင်ပါတယ်၊ DDR2 SDRAM သည် lower voltage (1.8 V) ဖြင့် အလုပ် လုပ်ကာ pins (240) ပါဝင်ပါတယ်။

 

-DDR3 SDRAM(Double Data Rate Three SDRAM):

    

    DDR3transfer rate သည် 800~1600 MT/s ဖြစ်ပါတယ်၊ DDR3prefetch buffer width သည် 8 bit ဖြစ်ပြီး၊ DDR2prefetch buffer width သည် 4 bit, ဖြစ်ကာ DDR's ကတော့ 2 bit သာ ဖြစ်ပါတယ်၊ DDR3 တွင် ပါဝင် သော functions နှစ်ခု သည် ASR (Automatic Self-Refresh) နှင့် SRT (Self-Refresh Temperature) ပဲ ဖြစ်ပါတယ်၊ ထို့ကြောင့် memory သည် အပူချိန် ကို မူတည်ပြီး refresh rate ကို ထိန်းချုပ် နိုင်ပါတယ်။ DDR3 memory သည် DDR2 modules ထက် 40% power consumption လျှော့ပြီး၊ lower operating currents နှင့် voltages (1.5 V, compared to DDR2's 1.8 V or DDR's 2.5 V) တွင် အလုပ် လုပ်ပါတယ်၊ memory capacity လည်း ပိုများများ ထားနိုင်ပါတယ်။

 

-DDR4 SDRAM (Double Data Rate Fourth SDRAM):

   DDR4 SDRAM သည် နိမ့်သော operating voltage (1.2V) နှင့် higher transfer rate ဖြင့် အလုပ် လုပ်ပါတယ်၊ DDR4transfer rate သည် 2133~3200 MT/s အကြား ရှိပါတယ်၊ memory capacity လည်း ပိုများများ ထားနိုင်ပါတယ်။DDR4 သည် clock cycle တခု အတွင်း data ၄ခု ကို အလုပ်လုပ် ဆောင်နိုင်ပါတယ်၊ ထို့ကြောင့် DDR4 သည် DDR3 ၏ လုပ်ဆောင့် ချက်ထက် ပိုမိုကောင်းမွန်ပါတယ်၊ DDR4 တွင် ထပ်မံ ပါဝင်သော functions များမှာ DBI (Data Bus Inversion), CRC (Cyclic Redundancy Check) နှင့် CA parity တို့ ဖြစ်ကြပါတယ်၊ ၎င်းတို့ ကြောင့် DDR4 memory signal integrity ကို ပိုမို ကောင်းမွန် ကာ၊ data transmission/access ပြုလုပ်ရာ တွင် လည်း တည်ငြိမ် မှု ကို အထောက်အကူ ပေးပါတယ်။ နောက်ပိုင်းလည်း Version အသစ်တွေထပ်ထွက်ပါအုံးမယ်။

 

 Memory သည် Computer အတွက် လွန်စွာ အရေးပါ ပါတယ်၊ ကွန်ပြူတာ ကို boot မလုပ်ခင် POST (power on self test) တွင်၊ memory test လုပ်ပါတယ်၊ memory test အောင်မြင် မှ သာ ကွန်ပြူတာ ရှေ့ဆက် အလုပ်လုပ်ပါတယ်၊ သို့ မဟုတ်ပါက အသံ မြည် ကာ ကွန်ပြူတာ boot လုပ်၍ မရပါ၊ ကွန်ပြူတာ တွင် memory များ ပါက အလုပ် လုပ်ဆောင် ရ သည် မှာ ပိုမို မြန်ဆန် ပါတယ်၊ကွန်ပြူတာ တစ်လုံးဟာ RAM မရှိရင် ဖြစ်ဖြစ် OS ရဲ့ လိုအပ်ချက်နဲ့ ပြည့်မှီအောင် RAM မထည့်သွင်းထားနိုင်ရင် ဖြစ်ဖြစ် စက်က အရမ်းနှေးကွေးလေးလံပြီးအချိန်အရမ်းပေးရတတ်ပါတယ်။ဒါတွေကအရင်တုန်းကကွန်ပြူတာအဟောင်းတွေမှာ တော်တော်များများ တွေ့ရတတ်ပြီး အဲလို ဖြစ်လာရင် သင့်တော်တဲ့ Speed ရအောင် RAM ထပ်တိုးရတာတွေ တစ်ခြား Upgrade လုပ်ဆောင်ရတာမျိုးတွေ လုပ်ပေးရတတ်ပါတယ်။ Browser တွင် Tab များများ ဖွင့်ပါက ကွန်ပြူတာ အသုံးပြု ရ လေးလာသည် ကို တွေ့ရှိရ လေသည်၊ Memory အသုံး များ သော ဆော့ပ်ဝဲလ် များ အတွက် လည်း Memory(RAM) များများ ရှိရန် လိုအပ်ပါတယ်၊ Motherboard နှင့် OS ပေါ် မူတည်ကာ၊ RAM ထပ်ထည့် နိုင်ပါတယ်၊ Window 32 bits OS သည် 4GB RAM ကိုသာ အသုံးပြု နိုင်ကာ၊ 64 bit OS က တော့ RAM 4 GB ထက် ပိုပြီး ထားရှိနိုင်ပါတယ်။Memory(RAM) ဝယ်မယ်ဆိုရင်တော့ ကိုယ် Computer ရဲ့ Motherboard ပေါ် မူတည်ပြီးဝယ်ရမှာပါနော်။ Board က Support လုပ်တာကိုပဲ ဝယ်ပါ(DDR3 လား DDR4 လားဆိုတာကိုပေါ့ နောက်ပိုင်းတော့လည်းနောက်ပိုင်း version ပေါ့)-

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)