Virus (1)






Virus

IT အခေါ် Virus ဆိုသည်မှာ Computer လည်ပတ်မှုစနစ်ကို အနှောင့်အယှက်
ပေးသော ပရိုဂရမ် ဖြစ်ပါသည်။ ဤပရိုဂရမ်များ ဝင်ရောက်နေသော စက်များအတွင်းတွင် Setting များ
ပြောင်းလဲနေခြင်း၊ အသုံးပြုနေသော ဖိုင်များ ကွယ်ပျောက် (Hidden) ဖြစ်နေခြင်း၊ အသုံးပြုသူ User မှ
ပြုလုပ်ခြင်းမဟုတ်ဘဲ ဖိုင်များ ပွားနေခြင်း အစရှိသဖြင့် နှောင့်ယှက်မှု ခံရစေပါသည်။ ဗိုင်းရပ်စ်များမှာ
ဖန်တီးသူ၏ တိုက်ခိုက်လိုမှု အမျိုးအစားအလိုက် အန္တရာယ်ပေးနိုင်မှု အဆင့်အတန်း ကွာခြားကြပါသည်။
ကျီစယ်လို၍ နောက်ပြောင်ယုံမျှ ဖန်တီးထားသော Virus မှ အစပြု၍ ကုယိရေး အချက်အလက်
များ/ဖိုင်များပျက်စီးစေခြင်း အပါအဝင် Windows Operating System တစ်ခုလုံးကို ရပ်တန့်သွားအောင်၊
လည်ပတ်နိုင်ခြင်းမရှိတော့အောင် ဖန်တီးတိုက်ခိုက်သည့် Virus အဆုံး Virus ပေါင်းစုံတို့ကို ယနေ့အခါတွင်
တွေ့ရှိနေရပါသည်။ Virus နှင့်ဆက်စပ်၍ World Wide Web ပေါ်တွင် အများဆုံးတွေ့ရှိရသည့်
အနှောင့်အယှက် ပရိုဂရမ်များမှာ -
Adware (Advertising-supported software)။ အင်တာနက်ကြော်ငြာများအတွက် အထောက်
အပံ့ ဖြစ်စေသော ပရိုဂရမ်များ ဖြစ်ပါသည်။ Adware ပါဝင်သော Software ကို Install
ပြုလုပ်မိသော ကွန်ပျူတာပေါ်တွင် ၎င်းပရိုဂရမ်များသည် အလိုအလျောက် လည်ပတ်ပြီး ကြော်ငြာ
Internet webpage များကို ဖော်ပြစေသည်။ Download ပြုလုပ်စေသည်။ သို့ဖြစ်၍ ကွန်ပျူတာ၏
memory မလိုအပ်ပဲ Run နေသည့် ဤ ပရိုဂရမ်များကြောင့် စွမ်းဆောင်ရည် ကျဆင်းလာသည်။
စက်နှေးလာသည်။ အလိုအလျောက်ပေါ်လာသော ကြော်ငြာစာမျက်နှာ များကြောင့် အလုပ်ရှုပ်
ရသည်၊ စိတ်ရှုပ်ရသည်။ Adware များလာပါက ကွန်ပျူတာရပ်တန့်ခြင်း Hang ဖြစ်ခြင်းများ
ဖြစ်လာနိုင်သည့်အတွက် အသုံးပြုသူ User အနေဖြင့် များစွာအခက်အခဲဖြစ်လာစေပါသည်။
Spyware ။ တိုက်ခိုက်ခံရသူ၏ ကွန်ပျူတာပေါ်သို့ ပုန်းလျှိုးဝင်ရောက် Install ပြုလုပ်တတ်ပြီး User
၏ လှုပ်ရှားမှုများကို ကြားဖြတ် ဖမ်းယူထောက်လှမ်းခြင်း၊ တစ်စိတ်တစ်ဒေသ ထိန်းချုပ်ခြင်း၊
ကိုယ်ရေးအချက်အလက်များ၊ Account /Password များကိုခိုးယူပြီး User မသိအောင်
ဖန်တီးသူထံသို့ ပြန်ပို့စေခြင်း အစရှိသည့်နှောင့်ယှက်မှုများကို ပြုလုပ်တတ်သောကြောင့် ပိုမို
အန္တရာယ်ကြီးမားပါသည်။
အလားတူ အနှောင့်အယှက်ပေးတတ်သော ပရိုဂရမ်များလည်း များစွာရှိပါသေးသည်.. အုပ်စုလိုက်
ထင်ရှားသော အခေါ်အဝေါ်များမှာ - Trojans, Keyloggers, Hijacker, worms etc..
အင်တာနက်ချိတ်ဆက်ထားခြင်းမရှိသော စက်များတွင် ဤကဲ့သို့ ပရိုဂရမ်များ Run နေလျှင်
ကွန်ပျူတာမှာ အလွန်အမင်းလေးလံလာပါသည်။
ဘယ်သူတွေကို တိုက်ခိုတ်တတ်သလဲအများအားဖြင့် Compter လုံခြုံရေးအကြောင်း မသိနားမလည်သူ အသုံးပြုစ User များ၊ကလေးသူငယ်များ၊ ကွန်ပျူတာနှင့် အင်တာနက်ကို စသင်ခါစ Free download ဝါသနာရှင်လေးများ၊ယုံလွယ်သူ ကျောင်းသားလူငယ်များ၊ အင်္ဂလိပ်စာကို သေချာမဖတ်ဘဲ Message မြင်တိုင်း Click
နှိပ်တတ်သူ OK နှိပ်တတ်သူများ ခံရတတ်ပါသည်။ လူကြိုက်များသော တစုံတရာဖြင့် ဖျားယောင်း
သွေးဆောင်ပြီးမှ ကွန်ပျူတာပေါ်တွင် မလိမ့်တပတ်ဖြင့် Install ပြုလုပ်စေခြင်းမျိုးကို အသုံးများပါသည်။

Virus Spreading Out

သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းတွင် ဗိုင်းရပ်စ်ဖြင့် နှောင့်ယှက်ခံရမှုများ အလွန်များပြားလာပါသည်။
အများအားဖြင့် Online (World Wide Web) ပေါ်မှ စတင်ကူးစက်ခြင်းဖြစ်ပြီး ကွန်ပျူတာ
ဆက်စပ်ပစ္စည်းများမှ တစ်ဆင့် Offline ကွန်ပျူတာများသို့ပါ ရောက်ရှိပြန့်ပွားလာပါသည်။ floppy disk
များခေတ်က ပျံ့ပွားမှုနှုန်းထက် ယခု flash memory ခေတ်တွင် ပိုမိုမြန်ဆန်စွာ ပြန့်ပွားလာပါသည်။
ပထမဆုံး အင်တာနက်ချိတ်ဆက်ထားသောစက်တစ်လုံးမှာ Virus ကူးစက်ခံနေရပြီဆိုပါစို့..
ထိုကွန်ပျူတာမှ ဥပမာ ဓါတ်ပုံဖိုင်များကို Print ထုတ်ယူရန် ဓါတ်ပုံဆိုင်သို့ flash Disk ဖြင့်
ထည့်ပြီး သယ်ဆောင်သွား၏။ ထိုအခါ ကွန်ပျူတာထဲမှ ဗိုင်းရပ်စ်သည် flash Disk ပေါ်သို့
ကူးစက်ပြီး ပါလာ၏။
ဓါတ်ပုံဆိုင်မှ User သည် ဗိုင်းရပ်စ် Scan နှင့် အခြားကာကွယ်မှုများကို Up to date
မပြုလုပ်နိုင်ပါက ၎င်း၏ ကွန်ပျူတာထဲသို့ ဆက်လက်ကူးစက်၏။
အခြား Customer များလည်း ဓါတ်ပုံထုတ်ရန် Flash Disk များ Flash Card များဖြင့်
လာကြ၏။ ယင်းတို့၏ ပစ္စည်းများမှလည်း Virus ပါလာနိုင်၏။ ယင်းတို့ထံသို့လည်း စက်တွင်းရှိ
Virus များ ကူးသွားနိုင်၏ ။
ထိုသူများအားလုံး Flash Disk ကိုယ်စီဖြင့် အိမ်၊ ရုံး၊ ဌာန အသီးသီးသို့ ပြန်သွားကြပြီး
သက်ဆိုင်ရာကွန်ပျူတာအသီးသီးတွင် အရင်းရောအမြတ်ပါ ပါလာသော သက်ဆိုင်ရာ
ဗိုင်းရပ်စ်ပါသည့် Disk များ Card များကို ဆက်လက် အသုံးပြုကြ၏။
ရုံးချင်း ၊ အိမ်ချင်း၊ အဖွဲ့ချင်း ဆက်လက် Share ပြုလုပ်ကြ၏ ။ ထိုအခါ..........
ကာကွယ်နိုင်သူများ လွတ်ကြစေ။ မကာကွယ်နိုင်သူများ ခံကြစေ။
MP3 , MP 4 အစရှိသည့် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ အသုံးပြုသူများလည်း.. ဤသို့
ဤနှယ်အတိုင်းပင်.....။
Network တစ်ခုထဲရှိ Computer တစ်လုံးသို့ကူးစက်ပြီဆိုလျှင်လည်း အခြားကွန်ပျူတာများစွာ
မှာ ဤသို့ဤနှယ်အတိုင်းပင်...။

Antivirus Software 

IT လောကကြီးတွင် ဖျက်ဆီးသူရှိသလို စောင့်ရှောက်သူလည်းရှိ၏။ အခကြေးငွေဖြင့်
ကာကွယ်ပေးသူလည်းရှိ၏။ စေတနာဖြင့် ကာကွယ်ပေးသူလည်းရှိ၏။ Virus, Spyware ဟူသည့် အဖျက်
Program များ ပေါ်လာသော အခါ Antivirus, Antispysare ဟူသည့် ကာကွယ်တိုက်ဖျက်နိုင်သော
Software များလည်း ပေါ်လာကြသည်။ အချို့ကား စိတ်ထားဖြူစင်သော ပညာရှင်များက ဖန်တီး
ထုတ်လုပ်ပြီး အခမဲ့ ဖြန့်ဖြူးပေးသော Software များဖြစ်ကြသည်။ ၎င်းပုဂ္ဂိုလ်တို့၏ စွမ်းဆောင်ကူညီမှု
အတွက် ကျေးဇူးတင် အသိအမှတ်ပြုပါက နည်းများမဆို လှူဒါန်း (Donate) နိုင်သည်။ မလှူလည်း
ရပါသည်။ ဥပမာ- Hijack This , Spybot Search & Destory , etc...
အချို့ကား ကွန်ပျူတာလုံခြုံရေး အတွက် အခကြေးငွေပေးရသော Software များကို ထုတ်လုပ်
ရောင်းချကြသည်။ အသစ်ပေါ်ထွက်လာသော ဗိုင်းရပ်စ်များကို ကာကွယ်နှိမ်နင်းရန် အချိန်နှင့်တပြေးညီ
Update များ ထုတ်ပေးကြသည်။ Computer Security ဆိုင်ရာ အခြားအထောက်အပံ့များလည်း
ပေးကြသည်။
အချို့ Software များသည် Virus ကိုသာ ရှာဖွေနှိမ်နင်း ကာကွယ်နိုင်သည်။ အချို့က Spyware,
Adware တို့ကိုသာ ရှာဖွေနှိမ်နင်းကာကွယ်နိုင်သည်။ အချို့ကမူ ဘက်စုံကာကွယ်နိုင်သည်။ အရည်အသွေး
အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုး......။
ဘယ်လို Antivirus Software ကိုသုံးသည်ဖြစ်စေ.. သေနတ်ပစ်လျှင်ကျည်ပါရသလို Antivirus
Software မှန်လျှင် Defination Update လုပ်ရပါသည်။ ဆိုလိုသည်မှာ 2006 ခုနှစ်က ထုတ်လုပ်ထားသော
Software တစ်ခုကို Update မလုပ်ထားလျှင် 2008 ခုနှစ်မှထွက်ပေါ်လာသော နည်းပညာအသစ်နှင့် Virus
ကို မသိပါ။ မသိ၍ မသတ်နိုင်ပါ.. ထို့ကြောင့် ကျည်မပါသောသေနတ် ဆောင်ထားသလိုဖြစ်ပါသည်။
ဆောင်ရတာတောင် လေးပါသေးသည်။ ထို့ကြောင့် ဘာကိုသုံးသုံး Update လုပ်ပြီးသုံးမှ ဖြစ်ပါမည်။
ကောင်းတာကိုလည်း ရွေးသုံးရပါမည်။ အင်တာနက် ချိတ်နိုင်သူများက တိုက်ရိုက် Download ပြုလုပ်
သုံးစွဲပြီး မချိတ်ဆက်နိုင်သူများက ရရှိနိုင်သောဆိုင်တွင် ကူးယူသုံးစွဲရပေမည်။

Attacking

စက်ထဲဝင်သွားသည့် ဗိုင်းရပ်စ်ဖိုင်တစ်ဖိုင် အလုပ်လုပ်ပုံလေးတွေက အန္တရာယ်ပေးရန် ရည်ရွယ်မှု
အပေါ်မှာ မူတည်၍ မတူကြပါ။ သို့သော် ယခုအချိန်အထိတွေ့ဖူးသမျှထဲမှ ပြည့်ပြည့်စုံစုံ အလုပ်လုပ်သော
ဗိုင်းရပ်စ်များ၏ လုပ်ပုံကိုင်ပုံ ဖြစ်နိုင်ချေများကို ဖော်ပြပါမည်-
ဗိုင်းရပ်စ်အများစုသည် ကွန်ပျူတာအတွင်းသို့ Hidden (မမြင်နိုင်သော) ဖိုင်များအနေဖြင့်သာ
ဝင်ရောက်ပါသည်။ Windows Explorer မှ Tool => Folder Options ကိုနှိပ်ပြီး View Tab
ကိုဖွင့်ကာ => Advence Setting Area အတွင်းမှ Hidden files and folders အောက်မှ Show
hidden files and folders-ON ကို ရွေးထားလိုက်ပါက ကွန်ပျူတာပေါ်ရှိ မည့်သည့် Hidden file
ကိုမဆို မြင်နိုင်ပါသည်။ မြင်နိုင်က ဗိုင်းရပ်စ်ကို သတ်နိုင်မည်ဖြစ်ရာ အဆင့် အတန်းတခုရှိသော
ဗိုင်းရပ်စ်သည် ကွန်ပျူတာထဲသို့ Run သွားသည်နှင့် တပြိုင်နက် Tool => Folder Options
Menu ကို ဖျောက်ထားလိုက်ခြင်းဖြင့် မိမိအား ရှာတွေ့ရန်ကြိုးစားမှုကို အချည်းအနှီးဖြစ်စေပါသည်။
အကယ်၍ ဗိုင်းရပ်စ်ဝင်ခဲ့သော် User က Run နေသည့် ဗိုင်းရပ်စ်ကို ရပ်ရန်အလို့ငှာ ကွန်ပျူတာကို
Shut down/Restart ပြုလုပ်လိုက်ခြင်းဖြင့် ရပ်တန့်နိုင်သည့် အခြေအနေ တစ်ရပ် ရှိပါသည်။
သို့သော် အဆင့်အတန်းတစ်ခုရှိသည့် ဗိုင်းရပ်စ်သည် System Configuration Utility ရှိ Start Up
နေရာတွင် ဗိုင်းရပ်စ်တည်ရှိသည့် ဖိုင်ပတ်လမ်းကြောင်းကို ထည့်သွင်းလိုက်သဖြင့် ကွန်ပျူတာကို
ပြန်ဖွင့်လိုက်သည်နှင့်တပြိုင်နက် Virus ဖိုင်မှာ Run မြဲ Run နေစေပါသည်။ ဤနည်းဖြင့်
ပြုလုပ်ချက်ကိုလည်း အနည်းငယ် နားလည်တတ်ကျွမ်းသည့် User က ပယ်ဖျက်နိုင်ပါသေးသည်။
ထို့ကြောင့် Windows ၏ အရေးအကြီးဆုံးနေရာဖြစ်သော Registry Editor တွင်လည်း ထပ်မံ
ထည့်သွင်းလိုက်ပြန်ပါသည်။ ထည့်သွင်းပြီးနောက် Registry Editor ကို ပါ Disable ပြုလုပ်လိုက်
ခြင်းဖြင့် Virus ကို ရပ်တန့်စေရန်ကြိုးစားမှုကို အချည်းအနှီးဖြစ်စေပါသည်။
အဆင့်အတန်းတစ်ခုရှိသော ဗိုင်းရပ်စ်သည် Program တစ်ခုထဲ Run နေခြင်းမဟုတ်ပါ.. 3 ခု
ထိရှိနိုင်ပါသည်။ ဥပမာ - A ,B , C ဟုဆိုကြပါစို့....။ A သည် အဖျက် Program ဖြစ်ပါသည်။
B သည် အဖျက် Program မဟုတ်ပါ။ ထို့ကြောင့် Antivirus က မဖမ်းပါ။ B သည် A ရှိမရှိကို
စောင့်ကြည့်ပြီး မရှိတော့လျှင် ပြန်ရေးပေးပါသည်။ A ကိုဖျက်လိုက်ပါက B က A ကို
ပြန်ရေးပေးနိုင်ပါသည်။ C ကတော့ A ကို အလိုအလျောက် Run စေရန် (Autorun) ဖိုင်ဟု
အကြမ်းဖျင်း နားလည်ထားနိုင်ပါသည်။ ဤသည်မှာ ဥပမာအားဖြင့် ပြောပြခြင်းဖြစ်ပါသည်။
အားလုံးဒီအတိုင်းဟု ဆိုလိုခြင်းမဟုတ်ပါ။ ဤကဲ့သို့ ဖန်တီးမှုအားကောင်းလာသော ဗိုင်းရပ်စ်
များကို တိုက်ဖျက်ရန် အတွက် သက်ဆိုင်ရာ Antivirus ကို အမြဲတမ်း Database (Difination)
Update ပြုလုပ်ပေးနေရပါမည်။
ဗိုင်းရစ်စ် တစ်ခုသည် လက်ရှိ Run နေ /မနေ ကို သိရှိနိုင်သည့် နေရာတစ်ခု ရှိပါသေးသည်။
၎င်းမှာ Windows Task Manager ဖြစ်ပါသည်။ ကွန်ပျူတာကို အတန်အသင့် ရင်းနှီးသူများသည်
Task Manager ကိုလည်း သုံးစွဲတတ်ကြပါသည်။ Task Manager တွင် လက်ရှိ Program မည်မျှ
အလုပ်လုပ်နေသည်ကို ကြည့်ရှုနိုင်ခြင်း၊ မည်သည့် Process များ မည်မျှ Run နေသည်ကိုလည်း
သိရှိနိုင်ခြင်း ၊ Process အသစ်များကို Run စေနိုင်ခြင်း ၊ Run နေသော Process များကိုလည်း
ရပ်တန့်ပစ်စေနိုင်ခြင်းအပြင် Computer သည် လက်ရှိ Memory မည်မျှ သုံးစွဲနေရသည်ကို
သိရှိနိုင်ပါသည်။ သို့ဖြစ်ရာ ဗိုင်းရပ်စ်တစ်ခု Run နေမနေကို သိရှိရန် Ctrl + Alt + Delete ကို
နှိပ်ပြီး Process Tab တွင် ကြည့်ရှုမှတ်သားကာ ရပ်တန့်နိုင်ပေသည်။ သို့သော် အဆင့်အတန်း
တစ်ခုရှိသည့် Virus သည် Task Manager ကိုလည်း Disable ဖြစ်အောင် လုပ်လိုက်ပါသည်။
ထို့ကြောင့် ရပ်တန့်ရန်ကြိုးစားမှုကို အချည်းအနှီးဖြစ်စေပါသည်။
သို့ဖြစ်ရာ အကျဉ်းချုပ်အားဖြင့် အတန်အသင့် အဆင့်ရှိသော Virus သည် ကွန်ပျူတာထဲသို့
ဝင်ရောက်သွားပြီးသည်နှင့် အောက်ဖော်ပြပါ လုပ်ရပ်များကို တပြိုင်တည်း လုပ်လိုက်လေ့
ရှိပါသည်။
Folder Options ကို ဖျောက်လိုက်သည်။
Registry Editor ကို Disable လုပ်လိုက်သည်။
Task Manager ကို Disable လုပ်လိုက်သည်။
Start up နှင့် Registry တို့တွင် ကွန်ပျူတာ Windows တက်သည်နှင့် Auto run စေသည်။
ဤသို့ အတည်တကျနေရာယူပြီးနောက်မှ အဓိကလုပ်ငန်းဖြစ်သော ဖျက်ဆီးခြင်း နှောင့်ယှက်ခြင်း
လုပ်ငန်းပေါင်းစုံကို လုပ်ဆောင်ကြလေကုန်၏ ။ အချို့ကား file/folder များကို ဝှက်လိုက်ပြီး ယင်း
file/folder များ၏ icon နှင့်အမည်များ ကိုအသုံးပြု၍ exe ဖိုင်များ ဆောက်ကြသည်။
ထောင်ချောက်ဆင်ခြင်းသဘောပင် ။ User က မိမိပြုလုပ်ထားသော ဖိုင်မှတ်၍ ဖွင့်သည်ရှိသော်
Vires ကို တစ်ကြိမ် Run ပေးခြင်းဖြစ်လေသည်။ ဤကဲ့သို့ Run ပေးတိုင်း Virus သည် မိမိကိုယ်ကို
ပုံတူများ ပွားပေးပြီး ပိုမို ရှုပ်ထွေးလာစေသည်။ အချို့ကား Windows စတက်လျှင် လိုအပ်သော
ntdlr file ကဲ့သို့ မရှိမဖြစ်ဖိုင်မျိုးကို ဖျက်ပစ်လိုက်၏ ။ နောက်တစ်ကြိမ် Computer မှ Restart
ဖြစ်သောအခါ ntdlr file missing ဟု ပြနေပြီး windows မတက်တော့ချေ..။ အချို့ကား file icon
များကိုပြောင်းပစ်လေ၏။ အချို့ကား ပေါက်တတ်ကရ ပေါ်ချင်ရာတွေပေါ်ကုန်၏။ File ဟူသမျှ
အားလုံးဖျက်ဆီးပစ်ခြင်းခံရသူများ ရှိခဲ့သည်။ အရေးကြီးသောဖိုင်များ ပျက်စီးသွားသဖြင့်
အချိန်မီအလုပ်မပြီးရကား အလုပ် ပြုတ်သူများ၊ အရေးယူခံခဲ့ရသူများ ရှိခဲ့သည်။ အထူးသဖြင့်
မြန်မာပြည်မှ ရွှေမြန်မာအမျိုးကောင်းသား မျိုးဆက်သစ်များထဲက တော်ရာတော်ကြောင်း ပညာ
ကို မသင်ဘဲ ဗိုင်းရပ်စ်ရေးသောနည်းကိုမှ လေ့လာ၍ ရေးကြသည့် မြန်မာပြည်ဖြစ် ဗိုင်းရပ်စ်များက
ပို၍ ရက်စက်၏။ ဖအေ့မျက်နှာကို Ice-cream သုတ်၍ ခွေးဝဲစားနဲ့လျက်ခိုင်းသော သားသမီးမျိုး၏
ရက်စက်မှုမျိုးဖြစ်ပေသည်။ ရှက်တက်ကြပါစေ ။ ဤကား Virus ၏ အဓိက နှောင့်ယှက်
ဖျက်ဆီးရေးလုပ်ငန်းပေါင်းစုံကို ကြုံဖူးသမျှ ပြောပြခြင်းဖြစ်သည်။ flash disk ကဲ့သို့ disk
တစ်ခုခုလာထိုးလျှင် စက်ထဲရှိသမျှ ဗိုင်းရပ်စ်အားလုံး ထို disk ပေါ်သို့ ပွားပြီးလိုက်သွားကြ၏။
နောက်စက်တစ်လုံးသို့ ထို disk သွားထိုးလျှင် တပျော်တပါး ထိုစက်ပေါ်သို့ ကူးကြ၏ ။ ဤနည်း
အားဖြင့် Virus သည် AIDS ကူးနည်းမျိုး ကူးစက်တတ်ပေကြောင်း မှတ်သားရပါသည်။

Continue to Virus (2)

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)