Excel: How to Troubleshoot Excel opening blank when you double-click a file icon or file name

   Bros & Sis တို့ ကိုယ် save လုပ်ထားတဲ့ Microsoft excel file တစ်ခုကို  double click နဲ့ဖွင့်လိုက်တဲ့အခါ excel အလွတ်   ကြီးပဲ ပွင့်လာတာမျိုး ကြုံဖူးပါသလား။ ခု share ချင်တဲ့အကြောင်းအရာက  အဲလို error ကို ဘယ်လို fix    လုပ်မလဲဆိုတာဖြစ်   ပါတယ်။ 
   ပုံမှန်အားဖြင့် excel file ကို double click နှိပ်လိုက်ရင် Dynamic Data Exchange(DDE) ဆိုတဲ့ message တစ်ခုက excel program ဆီကိုရောက်လာပါတယ်။ ဒီ message က excel ကို user ကနေ double click လိုက်တဲ့ file  ကိုဖွင့်ဖို့    ညွှန်ကြားလိုက်တယ်၊ excel ကလည်း ညွှန်ကြားချက်ရတော့ ဖွင့်ပေးလိုက်တယ်ပေါ့။ဒါက normal အခြေအနေပါ။ 
   တစ်ကယ်လို့များ normal မဟုတ်ပဲ နှစ်ချက်နှိပ်လည်း မပွင့် လေးချက်နှိပ်လည်း ပေါ်မလာဆိုရင်တော့ ဒါ မရိုးတော့ဘူး အနှောက်အယှက်ရှိနေပါပြီ။အိုကေ အနှောက်အယှက်ကို ဖယ်ထုတ်ရအောင်။
   အရင်ဆုံး excel ရဲ့ဘယ်ဘက်အပေါ်ထောင့်က ရောင်စုံ officeicon လေးကို click လိုက်ပါ။ပေါ်လာတဲ့ dropdown box က Excel options ကိုသွားပါ။ပြီးရင်  Advanced ထဲက Ignore other applications that use Dynamic Data Exchange(DDE) ဘေးက checkbox ကို အမှန်ခြစ်ဖြုတ်ပေးပါ။ပြီးရင် ok နှိပ်ပေးပါ။Too easy…right?
That ‘s all…..အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ Information Technology နဲ့ပတ်သက်ပြီး သိလိုတာလေးတွေရှိရင်လည်း comment မှာချန်ခဲ့နိုင်ပါတယ်။ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှလေး ပြန်လည်မျှဝေပေးပါ့မယ် Don’t hesitate to question….Plz….:D

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)