Virus (2)




Preventing from Virus

ယနေ့ခေတ်အခါသမယ Antivirus/Antispyware များ မကောင်းဟု မပြောလိုပါ။ သူ့ဟာနဲ့သူ
အလွန်ကောင်းကြပါသည်။ သို့သော် မည်မျှပင်ကောင်းကောင်း File sharing နှင့် ကင်းကင်းရှင်းရှင်း
မနေနိုင်သူများအတွက် လုံခြုံသည်ဟူ၍မရှိပါ။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ဤစနစ်ကြီးမျိုး တစ်ခု
ရှိနေပါသည်။ ကျွန်တော်တို့ မသုံးမဖြစ် သုံးနေကြရပါသည်။ တစ်ဦးနှင့်တစ်ဦး file များ၊ ကောင်းမွန်သော
Software များ Share ကြပါသည်။ Virus များလည်း ပွ ထ နေသည်ကို တွေ့နေရပါသည်။ စေတနာဖြင့်
Kaspersky, Nortan, Avast, AVG ကဲ့သို့သော Software များအတွက် Update file များ ဖြန့်ဖြူးပေး
နေသည် ကိုလည်း ဝမ်းသာစွာတွေ့ရပါသည်။ Virus များလည်း ပွားမြဲပွားနေသည်ကိုတွေ့ရပါသည်။ Online
ပေါ်တွင် လွန်ခဲ့သည့် ၁ဝ ရက်လောက်ကမှ စတင်ပေါ်ပေါက်လာသော ဗိုင်းရပ်စ်က ကျွန်တော်တို့ ရုံး/ဌာန
အချို့မှ သူငယ်ချင်းများ၏ ကွန်ပျူတာတွင် Up to date ဝင်မွှေနေသည်ကိုလည်း တွေ့ဖူးပါသည်။
အရမ်းခေတ်မီတယ်ခေါ်မလား၊ ဂုဏ်ယူဖွယ်ရာလား ၊ ထိုင်ကန်တော့ရမလား မပြောတတ်တော့ပါ..။
ဗိုင်းရပ်စ်ဟူသည် မီးကဲ့သို့ မလောင်ခင်တား၊ မဝင်ခင် တားရသည့်အမျိုးဖြစ်ကြောင်း သတိချပ်စေချင်
ပါသည်။ ဖျက်ဆီးမှုပြင်းထန်သော ဗိုင်းရပ်စ်မျိုးကို ဝင်နေကြောင်း မသိလိုက်ဘဲ Infection ဖြစ်ပြီးကာမှ
သိလျင် နောက်ကျသွားနိုင်ပါသည်။ ဖိုင်များ မပျက်လျှင်တောင် Windows ပြန်တင်ရသည့် အဖြစ်မျိုးနှင့်
အချိန်နှင့်ပြေးညီ လုပ်ငန်းပြီးစီးရန် လိုအပ်နေသည့်အခါမျိုးတိုက်ဆိုင်လျင် မည်မျှ စိတ်ဆင်းရဲရသည်ကို
ကြုံဖူးသူများ သိကြပါသည်။ ထို့ကြောင့် မဝင်ခင် တားပါ.. အကာအကွယ်အပြည့်ဖြင့် နေပါ။ ဝင်လာလျှင်
ချက်ချင်းရှင်းပစ်ပါ။ flash disk လာလျှင် ဗိုင်းရပ်စ်ပါသည်ဟု အသေမှတ်ယူထားပါ။ Auto run box
တက်လာလျှင် Cancel လုပ်ပစ်ပါ။ Antivirus ဖြင့် Scan ထိုးပါ။ တွေ့လျှင်သတ်ပါ။ မတွေ့လျှင်ပင်
မသေချာသေးပါ။ ဤနေရာတွင် Winrar ဟုခေါ်သည့် လူသုံးမျိုးသော ဖိုင်ချုံ့ Software လေးကို သုံးပြီး
flash disk ကို ထိုးပြီးပြီးချင်း browse လုပ်ကြည့်လျှင် Virus ကို မြင်နိုင်ပြီး စက်ထဲမမဝင်သေးခင်
Shft+Del ဖြင့် ဖျက်ပစ်လိုက်နိုင်သည်ဆိုသည်ကို လူသိနည်းသေး၏။ ဆက်လက် ရှင်းပြသွားပါမည်။
အောက်မှာပြမယ့်နည်းတွေကိုကြည့်ပြီး စစ်ဆေးပါဦး..။ လုံးဝသေချာမှ flash disk , floppy disk ,
အစရှိသည်တို့ကိုသုံးပါဟု တိုက်တွန်းအပ်ပါသည်။

Playing with Virus


မိမိစက်အတွင်းမှာ ဗိုင်းရပ်စ်တစ်ကောင်ကောင် ဝင်နေတယ်လို့ ထင်ပါသလား။ သေချာပေါက် ဝင်နေပြီ
ဆိုတာသိနေပါလျက်နဲ့ Antivirus က အဲဒီဗိုင်းရပ်စ်ကို မသိလို့ သတ်လို့မရ ဖြစ်နေပါသလား။ ဗိုင်းရပ်စ်ကို
သေသေချာချာတွေ့နေလို့ Shift + Delete နဲ့ဖျက်တာတောင်မှ ပြန်ပြန်ပေါ်နေပါသလား။ တခုချင်း
ကြည့်ရှင်းသွားရအောင်....။
အပေါ်မှာပြောခဲ့တာတွေထဲက တခုခုဖြစ်နေပြီဆိုရင် မိမိစက်ဟာ ဗိုင်းရပ်စ်ထိထားပြီပြီးလို့ပဲ မှတ်ထား
လိုက်ပါ။ တကယ်လို့ ဗိုင်းရပ်စ်နာမည်ကို သိတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။
ဗိုင်းရပ်စ်တစ်ခုဟာ စက်ထဲမှာ Run နေပြီဆိုရင် သူ့ကို ဒီအတိုင်း Shift + Delete နဲ့ ဖျက်လို့မရပါဘူး။
ပြန်ပေါ်ပါတယ်.. ။ အပြီးသတ်ချင်ရင် အရင်ဆုံး သူ့ရဲ့ Process ကို ရပ်ပစ်ရပါမယ်.. Keyboard က
Ctrl+Alt+Del သုံးလုံးကိုတွဲနှိပ်လိုက်ပါ။ Windows Task manager ပေါ်လာရပါမယ်။ မပေါ်လာဘဲ
အောက်က Massage ပေါ်လာရင်တော့ ဗိုင်းရပ်စ်ရှိတယ်ဆိုတာ ပိုသေချာပါပြီ..။

ဒါဆိုရင်တော့ Task Manager ကို ပြန်ဖွင့်ဖို့ လုပ်ရပါမယ်..။
Start =>Run ကို နှိပ်ပြီး gpedit.msc လို့ ရိုက်ထည့်ပြီး OK ကို နှိပ်လိုက်ပါ။
Group Policy Windows ပေါ်လာပါလိမ့်မယ်။ ဘယ်ဘက်အခြမ်းမှာ User Configuration ကို Double
Click လိုက်ရင် အောက်ကို folder သုံးခု ထပ်ပြေကျသွားပါမယ်။ အဲဒီက Administrative Templates ကို
ထပ်ပြီး Double Click လိုက်ရင် အောက်ကို folder တွေ ထပ် ပြေကျသွားပါမယ်။ ဟိုးအောက်ဆုံးမှာ
System ဆိုတာရှိတယ်။ အဲဒါကို Double Click လိုက်ပါအုံး ထပ်ပြေကျသွားတဲ့ folder တွေထဲမှာ
Ctrl+Alt+Del Options ကို Click တစ်ချက်နှိပ်လိုက်ပြီး Window ရဲ့ညာဘက်အခြမ်းမှာ Remove Task
Manager ကို Double click နဲ့ ဖွင့်လိုက်ရပါမယ်..

ထပ်ပွင့်လာတဲ့ Remove
Task Manager Properties
Dialog box မှာ Setting
Tab ကိုနှိပ်ထားပြီး Disable
radio button လေးကို
ရွေးကာ Apply ကို Click
လုပ်လိုက် ပါ။ ကဲ အခု Ctrl
+Alt + Delete ကို
ပြန်နှိပ်ကြည့် လိုက်ပါအုံး..
ပြန်ပေါ်လာတာ ကိုတွေ့ရပါ
လိမ့်မယ် ဒါဆိုရင် Remove
Task Manager Properties
Dialog box ကို OK နှိပ်ပြီး
ပိတ်လိုက်ပါမယ် ပြီးတော့
Windows Task Manager
မှာ Process Tab ကို နှိပ်ထားလိုက်ပါ၊ ပြီးရင် အောက်မှာ လက်ရှိ Run နေတဲ့ Process တွေထဲက Virus
process (ဥပမာ အခု ကျွန်တော်တို့ဆီမှာ ခေတ်စားနေတဲ့ chrome.exe) ပေါ်ကို Right Click ခေါက်ပြီး
End Process Tree ကိုနှိပ်လိုက်ရင် Virus ဟာ သက်မဲ့ ဖြစ်သွားပါပြီ (ရပ်သွားပြီလို့ ဆိုလိုတာပါ)။
ကဲအခု ရပ်တန့်နေပြီဖြစ်တဲ့ ဗိုင်းရပ်စ်ကို အပြီးအပြတ် ဆက်ရှင်းလိုက်ရအောင်.. အထက်မှာကျွန်တော်တို့
ပြောခဲ့တယ်.. ဗိုင်းရပ်စ်ဟာ သူ့ကိုရပ်တန့်လိုက်ပြီဆိုရင် အလိုအလျှောက် Windows စတက်တာနဲ့ Run
နိုင်အောင် Windows Startup မှာ တည်နေရာဖိုင်ပတ်လမ်းကြောင်းကို သွားရေးထားတယ်လို့
ပြောခဲ့တယ်နော်။ အဲဒီတည်နေရာရေးမိတာကိုက အခုတော့ သ့ေူ သတွင်းသူတူးသလိုဖြစ်သွားပြီပေါ့။
ဘယ်နေရာမှာရှိသလဲဆိုတာကိုသွားကြည့်ရအောင်။ Start => Run ကို နှိပ်ပြီး msconfig လို့
ရိုက်လိုက်ပါ။ OK နှိပ်လိုက်ပါ..။ System Configuration Utility ပေါ်လာပါလိမ့်မယ်.. Startup Tab ကို
နှိပ်လိုက်ပါ .. အဲဒီမှာ ဝင်းဒိုးစစတက်ချင်း Run မယ့်ဖိုင်တွေကို အမှန်ခြစ်လေးတွေခြစ်ထားတာ
တွေ့ရပါမယ်၊ ဗိုင်းရပ်စ်ဖိုင် (ဥပမာ chrome.exe) ကိုလိုက်ရှာလိုက်ပေါ့၊ တွေ့ပြီဆိုရင် အမှန်ခြစ်ကလေးကို
ဖြုတ်လိုက် ဒါဆိုရင် နောက်တခါဝင်းဒိုးစတက်ရင် ဒီနေရာကနေ မ Run နိုင်တော့ဘူးပေါ့၊ တဆက်ထဲမှာပဲ
သူ့ရဲ့ဖိုင်ပတ်လမ်းကြောင်းကို မှတ်ခဲ့လိုက်မယ်၊ c:\program files\system 32\chrome.exe လို့
ရေးထားတယ်ဆုေိ တာ့ အဲဒီမှာ သွားရှာပြီး ဖျက်ပစ်ယုံပဲပေါ့ ..


အခု Apply & OK နှိပ်ပြီးထွက်လိုက်ပါ။ Windows က Restart ချ မလားလို့ မေးပါလိမ့်မယ်။
လုပ်စရာနည်းနည်းကျန်သေးတဲ့အတွက် အဲဒီအတိုင်းလေးပဲ ဘာမှမလုပ်ဘဲ ထားလိုက်ပါအုံး..
အထက်စာမျက်နှာတွေမှာတုန်းက ကျွန်တော်တို့ ပြောခဲ့တယ်နော်.. Windows ရဲ့ Hidden ဖိုင်တွေကို
ကြည့်လို့ရတဲ့ Folder Options Menu ကိုင် ဗိုင်းရပ်စ်က ဖျောက်ထားတတ်တယ်လို့..
အခု အဲဒါလေးကိုလည်း ပြန်ပြင်ကြမယ်.. ထုံးစံအတိုင်း gpedit.msc ကို Run လိုက်ပါအုံး.. ပြီးရင်...
User Configuration => Administrative Templates => Windows Components => Windows
Explorer ကို နှိပ်ထားပြီး ညာဘက်အခြမ်းက Removes the Folder Options menu item from the
Tools menu ကို Double Click နဲ့ ဖွင့်လိုက်ပါ.. ထပ်ပေါ်လာတဲ့ box ထဲမှာ ထုံးစံအတိုင်း Disable
ကိုနှိပ်ပြီး Aply ခေါ်လိုက်မယ် ၊ ပြီးရင် Start => Programs=> Accessories => Windows Explorer
ကို ဖွင့်ကြည့်လိုက်ပါ ။ Tools Menu ကို နှိပ်ကြည့်လိုက်ရင် Folder Options Menu ကို တွေ့ရပြီပေါ့ဗျာ..
Folder Options Menu ကို တွေ့ပြီဆိုရင် Windows
Hidden ဖိုင်တွေကို မြင်ရအောင် လုပ်ကြပါမယ်.. Tools
menu အောက်က Folder Options ကို
နှိပ်လိုက်ပါမယ်.. View Tab ကို Click လုပ်ထားပြီး
Hidden files and folders အောက်က
Show Hidden files and folders-ON ဆိုတာလေးကို Check လုပ်ပြီး
Apply & OK နဲ့ ထွက်လိုက်မယ်.. ဒါဆိုရင် Hidden files တွေကို မြင်ပြီပေါ့...
အခု ဆက်လုပ်ရမှာကတော့ Registry
Editor ထဲက Run ထားတဲ့
ဖိုင်ပတ်လမ်းကြောင်း ကို ဖျက်ပစ်ဖို့ပါ..
အဲဒီတော့ Startup မှာ ဖျက်ခဲ့ ပေမယ့်
Registry ထဲမှာ မဖျက်ရသေး ရင် Virus
က Run နေအုံးမှာပါပဲ.. ဒါကြောင့်
တခါထဲ အပြတ်ရှင်းရပါမယ်.. Start =>
Run ကနေ regedit လို့ ရိုက်လိုက်ပြီး
OK ပေးလိုက်ပါ။ တကယ်လို့ Registry
Editor ကို ဗိုင်းရပ်စ်က မပိတ်ထားခဲ့ရင်
ပွင့်လာရမယ်.. ပိတ်ထားတယ်ဆိုရင်
တော့ ဒီလိုပေါ်လာမယ်..


အဲဒါကို ပြင်ဖို့ အတွက်
Start => Run ပြန်ခေါ်ပြီး
gpedit.msc ပြန် ရိုက်ထည့်
OK ပြန် ပေးလိုက်ရင်
Gropu Policy ပြန်တက်
လာမယ်.. ဘယ်ဘက်
အခြမ်းက
User configuration => Administrative Templates => System ကို နှိပ်ထားပြီး ညာဘက်အခြမ်းမှာ
Prevent access to registry tools ကို ဖွင့်ပါမယ်.. ပွင့်လာလို့ ရှိရင် Setting Tab ကို ရွေးထားပြီး
Disable radio button လေးကို တချက်နှိပ်လိုက်မယ်.. Apply & OK ပေးလိုက် မယ်.. ပြီးရင် Start =>
Run မှာ regedit လို့ရိုက် ထည့်ပြီး OK လိုက်ရင် Registry Editor ပွင့်လာ ပါလိမ့်မယ်.. အခု
အဓိကကျတဲ့အချက် တစ်ချက်ကို ပြောပါမယ်.. Windows Registry သည် ကွန်ပျူတာ လည်ပတ်ဖို့
အတွက် အရမ်းအရေးကြီးပါတယ် Key အချက်အလက်အားလုံးဟာ အထိ မခံပါဘူး အကြောင်း တစုံ
တရာကြောင့် အဲဒီထဲက Key တွေကို မှား ဖျက်မိရင် ဒုက္ခတွေ့နိုင်ပါတယ်.. ဒါကြောင့် ဘာမှမလုပ်ခင်မှာ
Registry ကို Back up လုပ်ထားပါ.. ဒါပေမယ့် သေမထူးနေမထူး ဗိုင်းရပ်စ်ထိထားတဲ့ ကွန်ပျူတာတစ်လုံး
အတွက်ကတော့ ဒီထက်ဆိုးဖျက်မိလည်း ဘာမှတော့ ဖြစ်မလာတော့ပါဘူး.. အမှန်တကယ်
သတိပေးချင်တာက သေချာစွာ စစ်ဆေးပြီးမှ ဖျက်ရပါမယ် ဆိုတာပါပဲ ကဲ.. registry backup လုပ်ရအောင်
File => Export ကို နှိပ်ပြီး ပေါ်လာတဲ့ box ထဲမှာ သတ်သတ်မှတ်မှတ် တစ်နေရာကိုရွေးပြီး Save
လုပ်လိုက်ပါ..
အခုကျွန်တော်တို့ ဆက်လုပ်မှာက Registry ထဲမှာရေးထားတဲ့ Virus ရဲ့ ဖိုင်ပတ်လမ်းကြောင်းကို ရှာဖို့ပါပဲ..
အဲဒါကိုဖျက်မှ ဗိုင်းရပ်စ်ရဲ့ လက်စလက်နတွေက ပြတ်မှာလေ.. Regsiry Editor ရဲ့ ဘယ်ဘက်အခြမ်း
မှာလည်း HKEY_CURRENT_USER ဆိုတာရှိပါတယ်.. အတိုကောက်အားဖြင့် HKCU လို့မှတ်လိုက်
ရအောင်.. အဲဒါလေးကို အခုရေးပြမယ့်အစီအစဉ်အတိုင်း ဖြေချသွားမယ်..
HKCU => Software => Microsoft => Windows => Current Versions=> Run ကို click
နှိပ်ထားမယ်.. ညာဘက်အခြမ်းမှာ ပေါ်နေတဲ့ Key တွေအားလုံးဟာ Windows စတက်တက်ချင်း Run
မယ့် ဖိုင်တွေပါပဲ.. အဲဒီထဲမှာ ဗိုင်းရပ်စ်ဖိုင်အမည်ပါတဲ့ Key ကို လိုက်ရှာမယ်..ဖျက်မယ်.. မရှိရင် ဒါမှမဟုတ်
ဖျက်ပြီးရင် ဘယ်ဘက်အခြမ်းကိုပြန်သွားမယ်..
HKEY_LOCAL _MACHINE ကိုလည်း HKLM လို့ မှတ်လိုက်မယ်နော်.. အဲဒါလေးကိုလည်း
အခုရေးပြမယ့်အစီအစဉ်အတိုင်း ဖြေချသွားမယ်..
HKLM => Software => Microsoft => Windows => Current Versions=> Run ကို click
နှိပ်ထားမယ်.. ညာဘက်အခြမ်းမှာ ပေါ်နေတဲ့ Key တွေအားလုံးဟာ Windows စတက်တက်ချင်း Run
မယ့် ဖိုင်တွေပါပဲ.. အဲဒီထဲမှာလည်း ဗိုင်းရပ်စ်ဖိုင်အမည်ပါတဲ့ Key ကို လိုက်ရှာမယ်..ဖျက်မယ်..
မဖျက်ခင်မှာ ဖိုင်ပတ်လမ်းကြောင်းလေးကို သေချာစွာ မှတ်ခဲ့ပါ..
တခါတရံ ဗိုင်းရပ်စ်က Start Menu ထဲက Search ဆိုတာကိုလည်း ဖျောက်ထားတတ်တယ်..
ဒါမျိုးရှိနေရင်လည်း...
HKCU => Software => Microsoft => Windows => Current Versions=> policies => System
ကို Click နှိပ်ထားပြီး ညာဘက်အခြမ်းမှာ nofind ဆိုတဲ့ key ကို ဖျက်လိုက်ရမှာပါ.. အဲဒီမှာ
မရှိဘူးဆိုရင်တော့
HKLM => Software => Microsoft => Windows => Current Versions=> policies => System
ကို Click နှိပ်ထားပြီး ညာဘက်အခြမ်းမှာ nofind ဆိုတဲ့ key ကို ဖျက်လိုက်ပါ.. ဆိုလိုတာက ကျွန်တော်တို့
Registry ကို ကောင်းကောင်းလေး နားလည်ထားရုံနဲ့ ကွန်ပျူတာကို လိုသလို ထိန်းချုပ်လို့ရတယ်
ဆိုတာလေးပါ.. ပြီးတော့ Group Policy ကို ထိန်းချုပ်နိုင်တာရောပေါ.. ကျွန်တော့်အမြင်ကတော့ Group
Policy ကို သုံးတာက ပိုပြီးအန္တရာယ်ကင်းတယ်၊ လွယ်ကူရှင်းလင်းတယ်လို့ထင်ပါတယ်..။့
ကဲ အခု Windows Registry ကို ပိတ်လိုက်မယ်..
ကဲ .. အခု ဗိုင်းရပ်စ်ကို တကယ်သွားပြီးသတ်တော့မယ်..
စောစောက မှတ်လာတဲ့ ဖိုင်ပတ်လမ်းကြောင်းအတိုင်း သွားပြီးတော့ ရှာလိုက်ပါ..
c:\windows\system32 ကိုဖွင့်ပြီး chrome.exe ကို လိုက်ရှာလိုက်ပါ တွေ့ရင် Shift+Delete နဲ့
ဖျက်လိုက်ပါ.. ပြီးသွားပါပြီ..ဗိုင်းရပ်စ်က သေသွားပါပြီ.. ဒါပေမယ့် အခု ကျွန်တော်ဥပမာထားပြောနေတဲ့
ဗိုင်းရပ်စ်က သာမန် နှောင့်ယှက်တာလောက်ပဲ လုပ်တဲ့ ဗိုင်းရပ်စ်ပါ.. တချို့ ဗိုင်းရပ်စ်တွေက ဝင်းဒိုးစ်
တက်ဖို့မရှိမဖြစ်လိုအပ်တဲ့ ဖိုင်တွေကို ဖျက်ပစ်တတ်တယ်လို့ ပြောခဲ့တယ်နော်.. အဲဒီတော့ ကိုယ့်စက်ထဲမှာ
ဝင်ကိုက်သွားတဲ့ဗိုင်းရပ်စ်ဟာ ဝင်းဒိုးစ် Boot file တွေကို ဖျက်ဆီးသွားသေးသလားဆိုတာ စစ်ရအုံးမယ်..
တော်ကြာနေမှ ဗိုင်းရပ်စ်က သေပါပြီကွာဆိုပြီး Restart ချလိုက်ရင် နောက်တခါ ပြန်တက်လာတဲ့
အခါကျတော့ ဝင်းဒိုးစ်က မတက်တော့ရင် ခဲလေသမျှ ပဲရေပွ ဖြစ်အုံးမှာလေ.. အဲဒါကြောင့် Final Check
အနေနဲ့ mycomputer=> Drive C: ကို ဖွင့်ကြည့်လိုက်ပါအုံး.. အဲဒီထဲမှာ
ntdlr
ntdetect.com
boot.ini ဆိုတဲ့ ဖိုင် သုံးဖိုင် စုံမစုံကြည့်ပါ.. တစ်ဖိုင်ဖိုင်က လိုနေပြီဆိုရင်တော့
တခြားကွန်ပျူတာကနေ ကူးထည့်လိုက်ပါအုံး.. အဲဒီသုံးဖိုင် မစုံရင် နောက်တစ်ကြိမ်
ဝင်းဒိုးတက်တော့မှာမဟုတ်ပါဘူး..
ကဲ စုံပြီဆိုရင်တော့ msconfig လုပ်တုန်းက Restart တောင်းထားတဲ့ဘောက်စ်ကို အခု လက်ခံပြီး
စိတ်ချလက်ချသာ Restart ချလို့ရပါပြီ...


အခုပြောခဲ့သမျှ မှာ Disable ဖြစ်နေတာတွေကို Group Policy (gpedit.msc) ကနေ ပြန်ဖွင့်လို့
ရတယ်ဆိုတာလေးတွေမှတ်မိကြတယ်နော်.. မေးခွန်းတခုက အဲဒီလို ထိန်းချုပ်နိုင်တဲ့ gpedit.msc ကိုရော
ဗိုင်းရပ်စ်တစ်မျိုးမျိုးက Disable မလုပ်သွားနိုင်ဘူးလား ...
အဖြေက လုပ်သွားနိုင်ပါတယ်.. gpedit.msc တင်မက ရှိရှိသမျှ .msc command အားလုံးကို
Disable လုပ်သွားတဲ့ ဗိုင်းရပ်စ်ကိုတောင် သူငယ်ချင်းတစ်ယောက်က တွေ့ဖူးပါသတဲ့.. အဲဒီတော့
ကျွန်တော်တို့ ဒီလို အဖြစ်မျိုးနဲ့ ခံရရင် ဘယ့်နှယ်လုပ်ကြပါ့မလဲ.. သူကတော့ ကွန်ပျူတာကို Format
ရိုက်ပစ်လိုက်တယ်လို့ပြောတယ်.. ကောင်းကြရော.. သူ့စက်ကတော့ဖြင့် အရေးကြီး Data မရှိလို့
နှမြောစရာမလိုဘူးထင်ပါရဲ့.. ဒီတစ်ခါတော့ ခက်ပြီ.. အဲဒီတော့ သူ့ကို ပြန်ဖွင့်ဖို့ Windows Registry ကို
ပြန်သွားရပါမယ်.. အဲဒီလိုပြန်သွားဖို့ကိုလည်း Registry ကို Disable လုပ်ထားသေးတော့
ဘာလုပ်ရအုံးမှာလဲ..
အဖြေ။ Administrator level ရှိတဲ့အကောင့်တစ်ခုကို အသစ်ဖွင့်လိုက်ပြီး လက်ရှိ အကောင့်ကနေ
အကောင့် အသစ်ကို Switch လုပ်လုကိရပါမယ်.. အဲဒီမှာ Registry Disable မဖြစ်သေးတာကို
တွေ့ရမှာဖြစ်ပြီး အဲဒီကနေ သွားပြင်ပေးရင်ဖြင့် gpedit.msc ကို ပြန်ဖွင့်လို့ရသွားမှာပါ.. ဒါကြောင့်
Start => Setting => Control panel => User account ကို နှိပ်လိုက်ပါ၊
User Account Window ပေါ်လာတဲ့အခါကျတော့ create a new account ကို နှိပ်ပါ။
နောက်ထပ် တဆင့်ပေါ်လာရင်တော့ Name the new account အောက်က
လေးထောင့်ဘောက်စ်လေးထဲမှာ နာမည်အသစ်တစ်ခု ပေးလိုက်ပါ.. ကျွန်တော်ကတော့
ဥပမာအနေနဲ့ crazy လို့ ပေးလိုက်ပါတယ်.. ဗိုင်းရပ်စ်ကြောင့် ရူးနေပြီ ဆိုတဲ့သဘောပေါ့ ပြီးတော့
Next ကို နှိပ်တယ်..။
နောက်တစ်ဆင့်ကို ရောက်သွားတဲ့အခါကျတော့ Pick an account type ဆိုတဲ့အောက်မှာ
Computer Administrator ဆိုတာကို ရွေးရပါမယ်..။ ဒီနေရာမှာ
Computer Administrator နဲ့ Limited တို့သည် လုပ်ပိုင်ခွင့်ချင်း မတူပါဘူး.. Administrator
က ကွန်ပျူတာကို ကြိုက်သလိုလုပ်လို့ရတယ်.. Software တင်တာ၊ ဖြုတ်ချတာ၊ အရေးကြီးတဲ့
Setting တွေ ပြင်ခွင့်ရှိတာ၊ Limited User တွေကို ထိန်းချုပ်လို့ရတာ၊ အဲဒီ User တွေရဲ့
ဖိုင်တွေကို ကြည့်ရှုခွင့်၊ ပြင်ခွင့်၊ ဖျက်ခွင့်ရှိတာ၊ အဲဒီ User တွေရဲ့ ကွန်ပျူတာသုံးစွဲမှုကို
အစစအရာရာလိုပဲ ကန့်သတ်လို့ရတာတွေ ရှိပါတယ်။
Limited User ကတော့ Administrator ရဲ့ ကန့်သတ်မှုအောက်မှာပဲ နေရပါတယ်။ Software
တင်ခွင့်/ဖြုတ်ချခွင့်မရှိ၊ Administrator ရဲ့ဖိုင်တွေကို ကြည့်ခွင့်မရှိ၊ Windows Setting တွေကို
ပြင်ခွင့် မရှိပါ။
အဲဒီတော့ ပြင်ချင်တာပြင်လို့ရအောင် Computer Administrator ကို ရွေးခြင်းဖြစ်ပါတယ်။
ရွေးပြီးရင် Create Account ကို နှိပ်လိုက်ပါ ။ ဒါဆိုရင် User account windows ထဲမှာ crazy
ဆုတိဲ့နာမည်နဲ့ အကောင့်အသစ်တစ်ခု ပေါ်လာပါပြီ..။ Admin ဆိုတာကတော့ ကျွန်တော်တို့
လက်ရှိအကောင့်ပါ။ ကွန်ပျူတာတစ်လုံးနဲ့ တစ်လုံး တူမှာတော့မဟုတ်ဘူးနော်.. အသေ
မှတ်မထားပါနဲ့..၊ တချို့ကွန်ပျူတာတွေဆိုရင် အကောင့်တွေ အများကြီး ဆောက်ထားသေးတယ်။
ကျွန်တော်တို့ အခုဆောက်လိုက်တဲ့အကောင့်အသစ်ဟာဆိုရင် Registry တို့ Taskmanager တို့
ပိတ်ဆို့ခြင်းမခံရသေးပါဘူး.. အသစ်စက်စက်လေးပေါ့နော်.. အဲဒီအကောင့်လေးနဲ့ ကွန်ပျူတာကို
ပြန်တက်ပြီး လက်ရှိ Admin ဆိုတဲ့အကောင့်ရဲ့ Disable ဖြစ်နေတဲ့ Setting တွေကို ပြန်ပြင်ရမှာပါ။
Start => log off Admin ကို ရွေးလိုက်ပါတယ်.. အဲဒီမှာ log off box ပေါ်လာပါတယ်.. Switch
to user ဆိုတာလေးကို နှိပ်လိုက်ပါမယ်.. User ပြောင်းသုံးမယ်ဆိုတဲ့သဘောပေါ့..
နှိပ်လိုက်တဲ့အခါမှာ Admin နဲပ crazy ဆိုပြီး User နှစ်ခု ပေါ်လာပါတယ်.. အဲဒီမှာ
ကျွန်တော်တို့က အကောင့်အသစ် crazy ကို ရွေးပေးလိုက်ပါတယ်... ဒါကြောင့် Windows ဟာ
crazy ဆိုတဲ့အကောင့်နဲ့ ပြန်တက်လာတာကိုတွေ့ရပါတယ်..
ကဲ အခု Start => Run မှာ Regedit လို့ ရိုက်ထည့်ပြီး OK ကြည့်ရင် Registry Editor
ပွင့်လာပြီပေါ့ဗျာ..
ဒီတော့ ဆက်လုပ်ရမှာက Admin ဆိုတဲ့ User ဆီမှာ ပိတ်နေတဲ့ .msc ပြင်ဆင်ခွင့် Key ကို
လိုက်ရှာရမယ်နော်..
HKEY_CURRENT_USER\Software\Policies\Microsoft\MMC ကို Click လုပ်ထားပြီး
ညာဘက်အခြမ်းက RestrictAuthorMode ဖျက်ပစ်လိုက်ရပါမယ်.. အကယ်၍များပေါ့လေ..
ကိုယ့် ကိုယ်ပိုင်စက်ပဲ ဘာမှ ထူးထူးခြားခြား ကလိထားတာမရှိဘူးဆိုရင် MMC ဆိုတဲ့ Key
တစ်ခုလုံးကိုပါ ဖျက်ပစ်လိုက်လို့ ရပါတယ်.. အဲဒီ MMC အောက်မှာ ရေးထားတဲ့ Dword Value
တွေ အားလုံးဟာ .msc
command တွေနဲ့
ပတ်သက်တဲ့ အရာတွေကို
ကလိထားတာ ဖြစ်လို့ပါပဲ..
ဆက်လက်ပြီး HKEY_USER
အောက်က ဖိုဒါတွေ အားလုံး
မှာလည်း အထက်ပါ လမ်း
ကြောင်း အတိုင်း လိုက်ရှာပြီး ဖျက်ပစ်ရပါမယ်..
HKEY_USER\.DEFAULT\Software\Policies\Microsoft\MMC
HKEY_USER\.S-1-5-18\Software\Policies\Microsoft\MMC
HKEY_USER\.S-1-5-19\Software\Policies\Microsoft\MMC
HKEY_USER\.S-1-5-20\Software\Policies\Microsoft\MMC
HKEY_USER\.S-1-5-21\Software\Policies\Microsoft\MMC , etc.......
စက်တစ်လုံးနဲ့ တစ်လုံးကွဲလွဲတာရှိကောင်းရှိမယ်.. HKEY_USER အောက်က အားလုံးမှာသာ ရှာပြီးရှင်းပါ။
တတ်နိုင်ရင်တော့ တခြား Start up Key လိုဟာတွေကိုပါ .. တခါထဲရှာသတ်ခဲ့ရင်
အကောင်းဆုံးပေါ့.. ဒါဆို ဗိုင်းရပ်စ်သတ်တဲ့ကိစ္စပါ တခါထဲ ပြီးသွားမယ်လေ..
အခုဆိုရင် စက်ကို စစ်ဆေးစရာရှိတာ စစ်ဆေးပြီး (boot file တွေ စုံမစုံစစ်ဖို့နဲ့
တဖိုင်ဖိုင်ပျက်နေပြီဆိုရင် တခြားကွန်ပျူတာထဲက ကူးထည့်ဖို့ကို ပြောတာပါ) Restart ချလို့
ရပါပြီ.. ပြန်တက်လာတဲ့အခါမှာ Admin အကောင့်နဲ့ ပြန်ဝင်ပါ.. ဒါဆိုရင် Admin အကောင့်မှာ
.msc command တွေ ပြန်သုံးလို့ ရပြီပေါ့။ .msc command တွေ ခေါ်လို့ရမှတော့ Group Policy
တွေခေါ်ပြင်လို့ရပြီပေါ့.. ။ အဲဒါရမှတော့ Registry , Task Manager , Folder Options အစရှိတဲ့
Setting ပေါင်းစုံကို လေ့လာထားရင်ထားသလို ပြန်ပြင်လို့ရပြီပေါ့ဗျာ..
ထပ်ပြီးသတိပေးပါရဲ့ Atnivirus အကောင်းဆုံးလို့ နာမည်ကြီးတာကို ရှာပြီး ကွန်ပျူတာမှာ
တင်ထားပါ... အမြဲ Defination Update လုပ်ပေးပါ.. အနည်းဆုံး တစ်ပတ်တကြိမ် Scan စစ်ပါ။
တွေ့ရင်နှိမ်နင်းပါ.. သာမန်အားဖြင့် နှိမ်နင်းလို့မရရင် အခုဖော်ပြခဲ့တဲ့နည်းအတိုင်း လက်ဗလာနဲ့
သတ်ပါ။ Flash Disk တို့ Floppy Disk တို့ကို သတိကြီးစွာထားပြီးသုံးစွဲပါ...။
အခုတင်ပြခဲ့တာတွေဟာ အလယ်အလတ်တန်းနဲ့ အချို့အမြင့်တန်း ထိခိုက်မှုရှိတဲ့ ဗိုင်းရပ်စ်တွေကို
Manual လက်ဗလာနဲ့ သတ်ဖို့ပါ... တကယ်လို့ Windows ရဲ့ Control panel ကိုပါ ဗိုင်းရပ်စ်က
ပိတ်သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ User အကောင့်အသစ်တောင် မဆောက်နိုင်တော့ပါဘူး..
ဒါမျိုးဆိုရင်တော့ Windows ရဲ့ Autoexec.bat ကိုသုံးတဲ့ .bat ဖိုင်ကို ကိုယ်တိုင်ဖန်တီးရေးသားပြီး
Disable ဖြစ်နေတဲ့ Setting တွေကို ပြန်ဖွင့်ရမှာပါ..
ပြီးသွားရင်တော့ မိမိစက်မှာတင်ထားတဲ့ Antivirus Software က ရှာလို့မတွေ့တဲ့ ဒါမှမဟုတ်
တွေ့သော်လည်း မသတ်နိုင်တဲ့ ဗိုင်းရပ်စ်ကို လက်နဲ့သက်တဲ့ ကိစ္စပြီးဆုံးသွားပြီဖြစ်ပါတယ့်

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)