Computer Basic-3 (CPU)
Computer ရဲ့ဦးနှောက်လို့တင်စားခေါ်ဝေါ်လေ့ရှိတဲ့ Microprocessor ( ဝါ) CPU သည် transistor သန်းပေါင်းများစွာဖြင့်ပြုလုပ်ထားပြီး motherboard ( သို့) circuit board ပေါ်တွင် တိုက်ရိုက်တပ်ဆင် အသုံးပြုရသည့်အကြီးမားဆုံးသော Chip တစ်ခုပင်ဖြစ်ပါတယ်။ CPU မှာ Type ၂မျိုးရှိတယ် Pin Type and Pin-less Type ဆိုပြီးတော့ပေါ့။ Pin Type CPU ကို PGA Motherboard တွင်အသုံးပြုတယ် Pin Type CPU ထဲမာ Pentium,D.C (Dual Core ) Series တွေပါဝင်တယ် Pin-less Type CPU ကို LGA Mother Board တွင်အသုံးပြုတယ် Pin-less Type မှာတော့ Core i3,Core i5,Core i7, Core i9 တနည်းအားဖြင့် i series တွေပါဝင်တယ် CPU ထုတ်တဲ့ company ၂ခုကထုတ်လုပ်တယ်။ Intel နဲ့ AMD ဆိုပြီးတော့ပေါ့ Intel သည် processor ဈေးကွက်ကိုလွှမ်းမိုးထားပြီး ဈေးကွက်ဝေစုအများဆုံးပိုင်ဆိုင်ထားသော CPU ထုတ်လုပ်သည့် company ဖြစ်ပါတယ်။ အစောပိုင်း CPU တွေကို အမည်ပေးတဲ့နေရာမှာ နံပါတ်တွေနဲ့ပေးသားခဲ့ပါတယ်။ 8080 ၊ 286 ၊ 486 အစရှိတဲ့အမည်များနဲ့ဖြစ်ပါတယ်။ 486 နောက်ပိုင်းအမည်ပေးတဲ့နေရာမှာ Pentium ၊ Celeron ၊ အစရှိတဲ...
Comments
Post a Comment