Hidden Folder in USB တွေကို Software နဲ့ပြန်ဖေါ်နည်း

 USB Stick (Flash drive) သုံးသူများ Virus ပြဿနာကြောင့် System Hidden ဖြစ်နေတဲ့ Folder များကို ပြန်ဖေါ်ပေးတဲ့ (unhidden) Tool လေးကိုပြောပြချင်ပါတယ်။ Tool နာမည်ကတော့ USB Hidden Folder Fix ပဲ ဖြစ်ပါတယ်။ အသုံးပြုနည်းကလည်း အရမ်းလွယ်ပါတယ်။ Installation ပြုလုပ်စရာမလိုတဲ့အတွက် သင့် Flash drive ထဲမှာ ထည့်ထားခြင်းဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ အောက်မှာ ဆက်ကြည့်လိုက်ပါ။

ပထမဆုံး Folderfix.exe ကို မိမိ ကွန်ပျူတာပေါ်ကို ဆွဲချပါ။ ပြီးရင် ကလစ်နှစ်ချက်ပေးပြီး ဖွင့်ပါ။ Browse ကို ကလစ်လုပ်ပြီး မိမိ ဖော်လိုတဲ့ Folder ကို ရွေးပေးပါ။ ဥပမာ- Flash drive ဆိုရင် My computer အောက်မှာ သင့် Flash drive ကိုရွေးပေးလိုက်ပါ။ ပြီးရင် OK နဲ့ ထွက်ပါ။

Unhidden လုပ်မယ့် Folder ကို ရွေးပြီးပြီဆိုရင်တော့ Yes! Unhidden this folder! ကို ကလစ်ပေးလိုက်ပါက အလုပ်စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။ မှတ်ချက်အနေနဲ့ System folder များလည်း Unhidden ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီအတိုင်းထားလိုက်ပါ ပြဿနာမရှိပါဘူး။ ဒီလိုဆိုရင် အရင် ပျောက်နေတဲ့ Folder တွေ ပြန်ပေါ်လာမှာ ဖြစ်ပါတယ်။

အခြားအလားတူsoftware တွေကတော့

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)