Virus (1)
Virus IT အခေါ် Virus ဆိုသည်မှာ Computer လည်ပတ်မှုစနစ်ကို အနှောင့်အယှက် ပေးသော ပရိုဂရမ် ဖြစ်ပါသည်။ ဤပရိုဂရမ်များ ဝင်ရောက်နေသော စက်များအတွင်းတွင် Setting များ ပြောင်းလဲနေခြင်း၊ အသုံးပြုနေသော ဖိုင်များ ကွယ်ပျောက် (Hidden) ဖြစ်နေခြင်း၊ အသုံးပြုသူ User မှ ပြုလုပ်ခြင်းမဟုတ်ဘဲ ဖိုင်များ ပွားနေခြင်း အစရှိသဖြင့် နှောင့်ယှက်မှု ခံရစေပါသည်။ ဗိုင်းရပ်စ်များမှာ ဖန်တီးသူ၏ တိုက်ခိုက်လိုမှု အမျိုးအစားအလိုက် အန္တရာယ်ပေးနိုင်မှု အဆင့်အတန်း ကွာခြားကြပါသည်။ ကျီစယ်လို၍ နောက်ပြောင်ယုံမျှ ဖန်တီးထားသော Virus မှ အစပြု၍ ကုယိရေး အချက်အလက် များ/ဖိုင်များပျက်စီးစေခြင်း အပါအဝင် Windows Operating System တစ်ခုလုံးကို ရပ်တန့်သွားအောင်၊ လည်ပတ်နိုင်ခြင်းမရှိတော့အောင် ဖန်တီးတိုက်ခိုက်သည့် Virus အဆုံး Virus ပေါင်းစုံတို့ကို ယနေ့အခါတွင် တွေ့ရှိနေရပါသည်။ Virus နှင့်ဆက်စပ်၍ World Wide Web ပေါ်တွင် အများဆုံးတွေ့ရှိရသည့် အနှောင့်အယှက် ပရိုဂရမ်များမှာ - Adware (Advertising-supported software)။ အင်တာနက်ကြော်ငြာများအတွက် အထောက် အပံ့ ဖြစ်စေသော ပရိုဂရမ်များ ဖြစ်ပါသည်။ Adware ပါဝင်သော Software ကို Install ပြုလုပ်မိသေ...