Excel Password Setting



ဒီတစ်ခေါက်ကျွန်တော်ပြောပြမှာကတော Excel ကြောင်းလေးပါ။

ကိုယ်ရဲ့ Excel ကို တခြားလူဖွင့်မကြည့်စေချင်အခြေအနေမျိုးမှာ Security အရ  Excel ကို Password ခံထားပုံလေးကိုပြောပြချင်တာပါ။ Password Setting က နှစ်မျိုးရှိပါတယ်။ Excel file ဖွင့်လျှင်ဖွင့်ချင်းမှာတောင်းတဲ့ Password နဲ့ Excel file ပွင့်ပြီးတဲ့နောက်  File ကို Edit လုပ်ဖို့ တောင်းတဲ့ Password ဆိုပြီးရှိပါတယ်။Office Version 2013 နဲ့ ပြောပြထားတာဖြစ်ပါတယ်။


Excel file ကို save တော့မယ်အချိန်မှာ password setting က လုပ်လိုရတာဖြစ်တဲ့အတွက် Excel မှာ Data တွေထည့်ပြီးသွာပြီဆိုရင် File ဆိုတဲ့  Title Button လေးကိုနှိပ်လိုက်ပါ။



Save As ကိုရွေးပြီး save မယ်နေရာကို Browse ကို နှိပ်ပြီး ရွေးပါ။

Browse ကိုနှိပ်ပြီးသွားရင် အောက်ကအတိုင်း File save မယ် လမ်းကြောင်းလေးအတိုင်းရှိနေလိမ်မယ်။အဲမှာ Save ရဲ့ဘေးနားက Tools ဆိုတဲ့ dropdown လေးကိုနှိပ်ပါ။


Tools ဆိုတဲ့ dropdown လေးကိုနှိပ်လိုက်ရင် General Options ကိုနှိပ်လိုက်ပါ။



အဲ့မှာ Password ပေးရတဲ့ နေရာကိုရောက်လာပါပြီ။ Password to open က ဖွင့်လျှင်ဖွင့်ချင်းမှာတောင်းမယ်


 password ဖြစ်ပြီးတော့ ၊ Password to modified က တော့ File ကို Edit လုပ်မယ် အချိန်မှာသုံးရမယ် Password   

 ဖြစ်ပါတယ်။ Password က မတူအောင်ပေးလို့ရတယ်နော်




Password တွေထည့်ပြီးသွားရင် OK ကို နှိပ်ပါ။

Password to open နေရာမှာရိုက်ခဲ့တဲ့ Password ကိုပြန်ရိုက်ပါ။ OK နှိပ်ပါ။



နောက်တစ်ခါ Password to modified နေရာမှာရိုက်ခဲ့တဲ့ Password ကိုပြန်ရိုက်ပါ။ OK နှိပ်ပါ။ပြီးရင် save ကိုနှိပ်
လိုက်ပါ။




ကဲအခုကတော့ password setting ကအလုပ်ဖြစ်ရဲ့လားဆိုတာကိုယ်ရဲ့ file ကိုပြန်ပြီးဖွင့်ကြည့်ရမယ်အချိန်ပဲဖြစ်ပါ
တယ်။အောက်ကလိုမျိုး file ဖွင့်လျှင်ဖွင့်ချင်းမှာ password တောင်းမယ်ဆိုရင်တော့ password to open
 နေရာမှာပေးခဲ့ password ကိုရိုက်ပေးရမှာဖြစ်ပါတယ်။


Password ရိုက် OK ပါ



အဲ့ဒီနေရာမှာပြောချင်တာက file ကို read-only အနေနဲ့ပဲ ကြည်ချင်ရင်တော့ Read-only ကိုပဲနှိပ်လိုက်ပါ ။
ဒါမှမဟုတ် တောင်းနေတဲ့ password ကိုထည့်ပေးမယ်ဆိုရင်တော့ File ကို Edit လုပ်လို့ရမှာဖြစ်ပါတယ်။


Read-only ဆိုရင် ဒီလိုမျိုး အပေါ် Bar မှာ read-only ဆိုပြီးပေါ်နေလိမ့်။


တောင်းနေတဲ့ Password ကိုထည့်ပေးမယ်ဆိုရင်တော့ password to modified နေရာမှာပေးခဲ့ password 
ကိုရိုက်ပေးရမှာဖြစ်ပါတယ်။


အောက်ကပုံကတော့ Edit လုပ်လို့ရတဲ့ file အဆင့်ကိုရောက်သွားပါပြီ။အဆင်ပြေကြပါစေ………

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)