HTML Basic (2)



2.Creating Web Page With Apperance And Link

ကျွန်တော်တို့တွေ အစပိုင်းမှာ bold,italic,underline တို့ကို သိခြဲ့ပီးပါပြီ။ အခု ဒီအခန်းမှာတော့ အရင်ဆုံး font
အကြောင်းလေး စပြောပါမယ်။ ကျွန်တော်တို့တွေ font တွေပြောင်းမယ်။ font size တွေပြောင်းမယ်။ စာလုံးတွေမှာ
color တွေထည့်မယ်။ အဲဒါတွေကို အပြင် page တစ်ခုနဲ့ တစ်ခု link ချိတ်တာတွေလည်း ပါဝင်မှာပါ။ အဲဒါတွေကို
မပြောခင်မှာ <center> အကြောင်းလေးနဲ့ စလိုက်ရအောင်။

Optional Tag
Move To Center
သူက စာလုံးတွေကို center ရောက်အောင်လုပ်ပေးပါတယ်။
<html>
<head><title>Example</title></head>
<body>
<center>
This is center
</center>
</body>
</html>
This is center ဆိုတာလေးက အလယ်ပိုင်းကိုရောက်နေတာကိုတွေ့ရပါမယ်။ အဲဒါလေးကို သုံးပြီး စာတွေကို
အလယ်ပိုင်းကို ရွေ့ထားလို့ရပါတယ်။
<html>
<head><title>Example</title></head>
<body>
<h1 align="justify">Test</h1>

</body>
</html>
အဲဒီ code မှာဆိုရင်တော့ header တွေက အလယ်ကိုရောက်နေတာကိုတွေ့ရပါလိမ့်မယ်။

Marquee
marquee ကတော့ စာလုံးတွေကို ရွေ့နေဖို့လုပ်ဆောင်ပေးတာပါ။
<html>
<head><title>Example</title></head>
<body>
<marquee>I’m moving</marquee>
</body>
</html>
အဲဒီ code မှာဆိုရင် စာသားလေးက ရွေ့နေတာကိုတွေ့ရပါမယ်။ ဘယ်ဘက်ကနေ ညာဘက်ကိုရွေ့လာတာပါ။
Marquee မှာရှိတဲ့ attribute တွေကတော့
behavior>>
  •  alternate:ဘယ်ကနေညာ ၊ ညာကနေ ဘယ်ပြန်သွား ပါတယ်။                              <marquee behavior="alternate">I'm moving</marquee>
  • scroll:သူက default value ပါ။ ဘယ်ကနေ ညာ ၊ ညာဘက်ရောက်သွားရင် ဝင်သွားပြီး            ဘယ်ဘက်နေ ပြန်စတာပါ။<marquee behavior="scroll">I'm moving</marquee>
  • slide:သူကတော့ ဘယ်ကနေညာ ပြီးရင်ညာဘက်လည်းရောက်ရော ရပ်သွားပါတယ်။<marquee behavior="slide">I'm moving</marquee>
direction>>
  • left: သူကတော့ default value ပါ။ ညာဘက်ကနေ ဘယ်ဘက်ကိုသွားမယ်လို့ဆိုတာပါ။<marquee direction="left" >I'm moving</marquee>
  • right:သူကတော့ ဘယ်ဘက်ကနေ ညာဘက်ကိုသွားမယ်လို့ဆိုတာပါ။                     <marquee direction="right" >I'm moving</marquee>
  • up:သူကတော့ အောက်ကနေ အပေါ်လာမယ်လို့ဆိုတာပါ။                                   <marquee direction="up" >I'm moving</marquee>
  • down:သူကတော့ အပေါ်ကနေ အောက်ဆင်းမယ်လို့ဆိုတာပါ။                              <marquee direction="down" >I'm moving</marquee>
loop>>
[number]
သူကတော့ ကိုယ်ဘယ်နှစ်ကြိမ် marquee ကို လုပ်ခိုင်းမယ်ဆိုပြီး number
တစ်လုံးထည့်ပေးရပါတယ်။ ၁ ဆို ၁ ကြိမ်ပဲလုပ်မယ်ပေါ့။
<marquee loop="1" >I'm moving</marquee>
scrollamount>>
[number]
တစ်ခါရွေ့ရင် ဘယ်လောက် pixel ရွှေ့မလဲဆိုပြီး ထည့်ပေးရတာပါ။
ထည့်လိုက်တဲ့ နံပါတ်များလေလေ ဝေးဝေးရွေ့ မြန်မြန်သွားလေလေပဲ။
<marquee scrollamount="10">I'm moving</marquee>
scrolldelay>>
[number]
သူကတော့ ဘယ်လောက်ကြာရင် ရွှေ့မလဲဆိုတာပါ။ သူက millisecond နဲ့ပါ။
1000 လို့ထည့်လိုက်ရင် 1 second ကြာမှ တစ်ခါရွေ့မှာပါ။ သူကတော့
နံပါတ်များလေလေ ကြာလေလေပါပဲ။
<marquee scrolldelay="1000">I'm moving</marquee>
Bgcolor>>
[hex code] OR
[Color Name]
သူကတော့ marquee ရဲ့ back color အရောင်လေးပါ။ #009933 ဆိုရင်တော့
အစိမ်းရောင်လေးကို background ထားပြီး ရွှေ့သွားမှာပါ။ color ပိုင်းကို
ကျွန်တော် အပေါ်ပိုင်းမှာ ပြောခြဲ့ပီးပါပြီ။
<marquee bgcolor="#009933" >I'm moving</marquee>

marquee လေးလုပ်ရတာ ပျော်စရာတော့ကောင်းပါတယ်။ စာလုံးလေးတွေက ရွေ့ရွေ့သွားတာလေးကို ကြည့်ပြီးကျေနပ်မှုလေးရနိုင်ပါစေ။ အခု font ပိုင်းကို ဆက်လက်လေ့လာရအောင်။

Font
Font ကတော့ HTML မှာအရေးပါတဲ့ အပိုင်းပါ။ Web Page တစ်ခုမှာ ကိုယ်လိုချင်တဲ့ font ကိုပြောင်းလဲဖို့အတွက်font tag ကိုသိမှ ဖြစ်မှာပါ။။
<html>
<head><title>Example</title></head>
<body>
<font face="Zawgyi-one">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
</body>
</html>
အဲဒါဆိုရင် <font> နဲ့ </font> ကြားမှာရိုက်ထားတဲ့ စာက zawgyi-one font နဲ့ပေါ်နေမှာပါ။ face="font name"ကိုထည့်ရတာပါ။
font tag မှာသုံးလို့ရတဲ့ attribute တွေကတော့
Name Properties Description
color [hex code] OR
[color name]
color ကတော့ သိပြီးသားပါ။ အပေါ်မှာလည်း ကျွန်တော် ပြောခ့ဘဲူးပါတယ်။
ဥပမာအနေနဲ့ ဒီလိုသုံးလို့ရပါတယ်
<font face="Zawgyi-one" color="#006699">Zawgyi Font
ဖြင့်အသုံးပြုထားသည်</font>
size [number] သူကတော့ font ရဲ့ အရွယ်အစားပြောင်းတာပါ။ ပုံမှန်က size=3 ပါ။ စာလုံး size
ကြီးလိုလျှင် size=4 ကနေ 7 ထိထည့်လို့ရပါတယ်။ 1 ကနေ 7 အထိရှိပါတယ်။ 3
ကတော့ ပုံမှန်စာလုံးပါ။ နောက်ပြီး +1 ကနေ +6 ရှိပါတယ်။ ပုံမှန်ကို
ဘယ်လောက်တိုးမယ်ဆိုပါ။ +2 ဆိုရင် ပုံမှန်က 3 ဆိုတော့ 5 ဖြစ်သွားမှာပေါ့။ အဲလိုမျိုးပဲ
-1 ကနေ -6 ထိရှိပါသေးတယ်။ -1 ဆိုရင် ပုံမှန်က 3 ဆိုတော့ 2 ဖြစ်သွားမှာပေါ့။
ဒီလိုလေး သုံးလို့ရပါတယ်။

<font face="Zawgyi-one" size="5">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
<font face="Zawgyi-one" size="+2">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
<font face="Zawgyi-one" size="-2">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
ဒါတွေကတော့ အခြား text formatting tags တွေပါ။ အချို့ကတော့ အပေါ်မှာပြောခ့ဘဲူးပါတယ်။
Tag Description
<b></b> ဒါကိုတော့ အပေါ်မှာလည်း ပြောပြီးပါပြီ။ သူက font ကို blod လုပ်တာပါ။
<big></big> သူကလည်း bold လုပ်တာပါပဲ။
<blockquote></blockquote> ဒါကတော့ tab ခုန်တာပေါ့။ ကိုယ့်စာပိုဒ်လေးကို တစ်တည်းတစ်သနု့်ထဲ ဖော်ပြချင်တဲ့
အခါမှာ သုံးကြပါတယ်။
<i></i> italic လုပ်တာကို အပေါ်မှာပြောခဲ့ဘူးပါတယ်။
<pre></pre> ဒီ code ကိုလည်း သိမှာပါ။ ကျွန်တော်တို့တွေ enter တွေ tab တွေမလိုပဲ
သုံးခဲ့တာလေ။
<small></small> သူကတော့ စာလုံးကို ပုံမှန်ထက် သေးအောင် လုပ်ပေးတာပါ။
<strike></strike> အဲဒါလေးကတော့ စာလုံးတွေရဲ့ အလယ်မှာ မျဉ်းသားလိုက်တာပါ။
<sub></sub> သူကတော့ စာလုံးကို အောက်နားဆင်းတာလေးပေါ့။ H2 လိုမျိုးလေးအတွက်ပေါ့။
<sup></sup> သူကတော့ စာလုံးကို အပေါ်တင်တာပါ။ 22 လိုမျိုးပေါ့။
<tt></tt> ဒါက typing font ကိုပြောတာပါ။ typing ရိုက်သလို စာလုံးပေါ်အောင်အတွက်ပါ။
<u></u> ဒါကိုတော့သိပြီးလောက်ပြီလို့ထင်ပါတယ်။ underline တားတာပါ။

အခုဆက်ပြီးတော့ Link တွေအကြောင်းပြောပါမယ်။ Link ကတော့ Web Page မှာအဓိက အခန်းက ပါဝင်ပါတယ်။
Page တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားဖို့ အတွက် Link ချိတ်တတ်ဖို့လိုပါတယ်။
Page Link And Image Link
Page Link လုပ်တယ်ဆိုတာကတော့ page တစ်ခုကနေ နောက် page တစ်ခုကို ချိတ်ဆက်ထားပါတယ်။ အောက်က

ကျွန်တော်တို့တွေ Home Page ကနေ Gallery Page ကို Go To Home ဆိုတဲ့ စာလုံးလေး နှိပ်လိုက်တာနဲ့
ကူးသွားမယ်။ နောက်ပြီး Gallery ကနေလည်း Home Page ကို Home ဆိုတဲ့ စာလုံးလေးကို နှိပ်လိုက်တာနဲ့ Home
page ကို ပြန်ရောက်သွားမယ်။ အဲဒီလိုမျိုးလေး ဖြစ်အောင် ကျွန်တော်တို့ အောက်ကအတိုင်း ရေးလိုက်မယ်။ File ၂
ခုရှိရမယ်ပေါ့။ index.html နဲ့ gallery.html ပေါ့။ နေရာအတူတူပဲ သိမ်းထားနော်။ C:\example\index.html နဲ့
C:\example\gallery.html အဲလိုမျိုးလေး နေရာအတူတူဖြစ်ရမယ်။
Index.html
<html>
<head><title>Example</title>
<body>
<!-- Link To Gallery Page -->
<a href="gallery.html">Gallery</a>
</body>
</html>
Gallery.html
<html>
<head><title>Example</title>
<body>
<!-- Link To Home Page -->
<a href="index.html">Home</a>
</body>
</html>
အပေါ်က code ကိုမရှင်းပြခင် မေးချင်တာလေးတွေ ပါလာမယ်ထင်တယ်။ <!-- --> က ဘာကြီးလဲဆိုပြီးတော့။
နောက်ပြီးတော့ home page ကို home.html နဲ့ သိမ်းလို့ကော မရဘူးလား။ ဘာလို့ index.html နဲ့သိမ်းတာလဲ။
ဘာတွေကွာလဲ။
<!-- comment --> အဲဒါက comment ရေးထားတာပါ။ <!-- နဲ့ --> ကြားမှာ ရေးထားတဲ့ စာတွေကို
အလုပ်မလုပ်ပါဘူး။ ကျွန်တော်တို့ home page ကို ဘာလို့ index.html နဲ့ သိမ်းရလဲဆို web page တွေမှာ
စတက်တဲ့ page က index.html ပါ။ ဒါမှ မဟုတ် default.html ပေါ့။ www.example.com လို့ခေါ်လိုက်ရင် page
တစ်ခုတက်လာမယ်။ တကယ်တမ်းတော့ www.example.com/index.html ဆိုတာကို သွားခေါ်ထားတာပါ။
အနောက်က index.html မပါလည်း အလုပ်လုပ်ပါတယ်။ ဒါကြောင့် Home Page ဆိုရင်တော့ index.html
ဆိုပြီးသုံးရပါတယ်။ ဒါမှမဟုတ် default.html ဆိုလည်းရပါတယ်။
ကဲ.. Link အကြောင်းလည်း ဆက်သွားရအောင်။ link ချိတ်ချင်ရင် <a href="address">Name</a>
ဆိုတ့ပဲုံစံမျိုးနဲ့ သွားရတာပေါ့။ address ဆိုတာကတော့ ကိုယ်ချိတ်ချင်တဲ့ page ပေါ့။ Name ကတော့ ပေါ်စေချင်တဲ့
နာမည်ပေါ့။ ထပ်မေးစရာလေး တစ်ခုထပ်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ Link က အစကတော့ အပြာရောင်။
နောက်တော့ နီညိုရောင် ပြောင်းသွားတယ်။ ဘာဖြစ်လို့လည်း ။ အဲဒါကတော့ vistied ဖြစ်ပြီးသွားလို့ပါ။ တစ်ခါ click
လုပ်ပြီးရင် အဲလိုအရောင် ပြောင်းသွားပါတယ်။ ကိုယ်နှိပ်ပြီးသားပေါ့။ အရောင်မပြောင်းချင်ရင်တော့ body မှာ vlink
ဆိုတဲ့ attribute နဲ့ link ဆိုတဲ့ attribute မှာ အရောင် ပြင်လို့ရပါတယ်။ <body vlink="green" link="green">
အဲဒါဆိုရင်တော့ link color က အစိမ်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ link လုပ်ရင် လူတိုင်းမေးတတ်တဲ့
မေးခွန်းတစ်ခုရှိပါတယ်။ file တွေကို download ချစေချင်တယ်။ ဘယ်လိုရေးရမလဲ။ တကယ်တမ်းတော့
လွယ်ပါတယ်။ link address ကို file ကိုပေးလိုက်ရုံပဲပေါ့။
<a href="file.zip>Download</a> အဲလိုမျိုးပုံစံလေးပေါ့။ ကဲ.. Link အကြောင်းရောက်ရင်တော့ path
လမ်းကြောင်းလေး ကောင်းကောင်းသိဖို့လိုတယ်။တော်တော်များများကမသိဘူး။ရှုပ်တယ်လို့ထင်ကြတယ်။
တကယ်တမ်းအဲလို မရှုပ်ပါဘူး။

Path For Link
Path <a href=" အောက်က path link">Path</a> ရှင်းလင်းချက်
./file.html OR file.html နေရာတစ်ခုထဲမှာ အတူတူ သိမ်းရင်
အဲလိုခေါ်လို့ရပါတယ်။ C:\example\index.html
ကနေ C:\example\gallery.html ကိုခေါ်ရင်ပေါ့။ ./
ကတော့ directory တူတူပဲလို့ ဆိုတာပါ။
./download/download.html OR download/download.html ဒါကတော့ ကိုယ့် folder အောက်က folder ကို
ထပ်ခေါ်တာပါ။
../file.html သူကတာ့ မတူတော့ဘူး။ folder ကို up လုပ်ပြီး
ခေါ်တာပါ။ ဘယ်လိုမျိုးလဲဆိုရင်တော့
C:\example\download\index.html ကနေ
C:\example\gallery.html ကိုခေါ်တာပေါ့။ download
ဆိုတဲ့ folder အပေါ်တဆင့်က file ကိုခေါ်တာပေါ့။
နှစ်ဆင့် ခေါ်ချင်ရင်တော့ ../../file.html ပေါ့။ ../
ဆိုတာက folder directory ကို up လုပ်လိုက်တာပါ။
http://www.mysteryzillion.com ဒါကတော့တခြား website တစ်ခုကို လှမ်းခေါ်တာပါ။
./download/file.zip OR download/file.zip download ချဖို့အတွက် file တွေ image file
တွေကိုလည်း တိုက်ရိုက်ခေါ်လို့ရပါတယ်။ image
ပိုင်းတွေကို ကျွန်တော် နောက်ပိုင်း
ဆက်လက်ရှင်းပြပါအုံးမယ်။
ဒီပတ်လမ်းကြောင်းတွေ အကြောင်းကောင်းကောင်းသိဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆို ကိုယ့် site က
ကြီးလာတာနဲ့ အမှ site structure က ရှုပ်ထွေးလာမှာပါ။ Link တွေလည်း များလာမှာဖြစ်လို့ပါ။ ဒါကြောင့်
သေသေချာချာ သိထားသင့်ပါတယ်။

ကဲ.. အခု ကျွန်တော်တို့တွေ page မှာ ပုံလေးတွေ ထည့်ရအောင်။
Image
ပုံတွေကတော့ web page တစ်ခုမှာ မဖြစ်မနေပါဝင်ရပါတယ်။ ကိုယ်တည်ဆောက်တဲ့ page ကို လှပပြီး
အဓိပ္ပာယ်ပြည့်စုံဖို့ အတွက်ပါ။ ကဲ... ပုံလေးတွေ ထည့်ကြည့်ရအောင်။
<html>
<head>
<title>Example</title>
</head>
<body>
<img src="Apple-logo.jpg"> Apple Logo</body>
</html>
တကယ်လို့ ပုံမမြင်ရပဲ ကြက်ခြေခတ် ( ) ပဲမြင်ရရင်တာ့ ထည့်ထားတဲ့ image
ပတ်လမ်းကြောင်းမှားတာဖြစ်နိုင်သလို image extension မှားတာလည်း ဖြစ်နိုင်တယ်။ image ထည့်လို့ရတဲ့
extension တွေကတော့ jpg gif png တွေပဲ။ image က size ကြီးက ကြီးနေတယ်။ သေးချင်တယ်။ ဖြစ်ပါတယ်။
<html>
<head>
<title>Example</title>
</head>
<body>
<img src="Apple-logo.jpg" width=80px height=80px> Apple Logo</body>
</html>
width နဲ့ height ဆိုတဲ့ attribute က ပုံရဲ့ size ကို ထိန်းချုပ်ပေးပါတယ်။ ကိုယ်ကြိုက်တဲ့ အလျားကို width
မှာထည့်ပြီး အမြင့်ကိုတော့ height မှာထည့်ပြီး ပုံရဲ့ size ကိုပြင်လို့ရတယ်။
<img src="Apple-logo.jpg" width=80px height=80px alt="Apple Logo"> Apple Logo
ဆိုရင်တော့ alt ဆိုတ့အဲ ထဲမှာရေးထားတဲ့ စာသားကို ပုံပေါ် Mouse လေးသွားတင်လိုက်ပြီး ခဏကြာမှာ
ပေါ်လာမှာပါ။ ကျွန်တော်တို့ကတော့ tool tip လို့ခေါ်တာပါ။
Image ပိုင်းမှာ ပြောစရာတွေ တော်တော်များပါတယ်။ သူ့မှာ attribute တွေထပ်ရှိသေးတယ်။ ဘာလည်းဆိုတော့
text align ပေါ့။ text align ကို img code ထဲမှာ align ဆိုတဲ့ attribute ကိုသုံးတယ်။
Align ရှင်းပြချက်
top စာတစ်ကြောင်းကို ပုံရဲ့ ဘေးနားက align မှာ အပေါ်ဆုံးမှာ ဖော်ပြပေးတာပါ။
bottom သူကတော့ default ပါ။ စာသားကို ပုံအောက်ဘက်မှာ ဖော်ပြတာကိုတွေ့ရပါမယ်။
middle စာသားကို ပုံအလယ်မှာ မှာပေးတာပါ။
left သူကတော့ ပုံကို page ရဲ့ ဘယ်ဘက်ကိုပို့လိုက်ပြီး စာသားအကုန်လုံးကို ပုံဘေးမှာ ဖော်ပြပေးတာပါ။
right သူကလည်း Left နဲ့ အတူတူပါပဲ။ ညာဘက်ကို ပုံရွေ့သွားပြီ စာသားအားလုံးကို ပုံရဲ့ ဘယ်ဘက်မှာ
ဖော်ပြပေးပါမယ်။
အခုဆိုရင် image နဲ့ပတ်သက်ပြီး တော်တော်လေးသိလောက်ပြီ ထင်တယ်။ နောက်ထပ်တစ်ခု ထပ်ပြောအုံးမယ်။
ပုံသေးသေးလေးကို နှိပ်လိုက်မှ ပုံအကြီးကြီးပြောင်းသွားသလိုမျိုးလေးပေါ့။ ပုံ size ကို width နဲ့ height attribute နဲ့
ချုံတာမဟုတ်ဘူးနော်။ ပုံနှစ်ပုံ။ တစ်ပုံက အကြီး ၊ နောက်တစ်ပုံက အသေးပေါ့။ Photo တွေကို size သေးတာကိုပြထားပြီး ပုံကို click လုပ်လိုက်မှ size ကြီးတဲ့ ပုံကို ပြ တ့ပဲုံပါ။ အဲလိုဘာလို့ လုပ်ရလဲဆို ပုံကြီးရင် page
တက်တာကြာပါတယ်။ ဒါကြောင့် ပုံသေးကို အရင်ပြတယ်။ click လုပ်လိုက်မှ ပုံကြီးဖြစ်သွားမယ်။
<html>
<head>
<title>Example</title>
</head>
<body>
<a href="fullsize.jpg"> <!-- Full size when click -->
<!-- img src is small size -->
<img src="smallsize.jpg" width=80px height=80px border=0>
</a>
</body>
</html>
အပေါ်က code ကို ဖတ်လိုက်တာနဲ့ နားလည်မယ်ထင်ပါတယ်။ အဲမှာ မေးစရာတစ်ခုထွက်လာတယ်။ border
ဆိုတာဘာလဲပေါ့။ ကျွန်တော်တို့ href ကို သုံးလိုက်တဲ့ အခါ image မှာ အပြာရောင် border ဖြစ်သွားတယ်။
အဓိပ္ပာယ်ကတော့ Link ရှိတယ်ပေါ့။ အဲဒါလေးကို မပေါ်ချင်လို့ ဖျောက်လိုက်တာပါ။
ပုံ : border မဖျောက်ထားသော နဲ့ image ပုံ : border ဖျောက်ထားသော ပုံ
အခုဆိုရင်တော့ ကျွန်တော်တို့တွေ link တွေ လုပ်တတ်သွားပြီ။ page တစ်ခုကနေ တစ်ခုကို ခေါ်တတ်သွားပြီ။ ပုံတွေ
ထည့်တတ်သွားပြီ။ အခုအခန်းမှာ ကျွန်တော်က sample သေးသေးလေးတွေပဲ ပြသွားတယ်။ ကိုယ်တိုင် စမ်းကြည့်ပါ။
ပျော်ဖို့ တကယ်ကောင်းပါတယ်။ ကိုယ့် ပုံလေးတွေ နဲ့ web page လေး စမ်းဆောက်လို့တော့ရပြီ။ ဒါပေမယ့်
ပြည့်ပြည့်စုံစုံဖြစ်အောင် ဆောက်လို့မရသေးတာကို တွေ့မှာပါ။ ကျွန်တော်တို့ table လိုအပ်နေသေးတာပါ။
နောက်တစ်ခန်းမှာ table နဲ့ frame တွေအကြောင်း ပြောပြပါမယ်။

Table And Frame

Table ဟာ web page တည်ဆောက်ရာမှာ အရေးပါပါတယ်။ စတင်လေ့လာသူတွေအတွက်တော့ table ကသာ
web page frame ကို ပုံစံကျအောင် လုပ်ပေးနိုင်တာပါ။ တကယ်လို့ ကိုယ်က professional ဖြစ်သွားပြီ ၊ stylesheet
တွေ တတ်သွားပြီဆိုရင်တော့ div နဲ့ CSS ကို တွဲပြီးတော့ ကိုယ့် page ကိုလှပြအောင် လုပ်နိုင်တာပေါ့။ အခုတော့
HTML အကြောင်းပဲ ပြောနေသေးတယ် ၊ နောက်ပြီး CSS အကြောင်းတွေ Advance ဖြစ်တ့အဲ ကြောင်းတွေ
မပါသေးဘူး။ table သုံးပြီးလည်း သူများ web page တွေလို လှမလာပါလားလို့ မေးချင်ရင် မေးလာနိုင်လို့
အခုလိုဖြေထားတာပါ။ ကဲ table အကြောင်းလေးစရအောင်။
Table ဆိုတာ
Table တစ်ခုကိုတည်ဆောက်ရာမှာ အခြေခံအားဖြင့် roll နဲ့ column ပါဝင်ပါတယ်။ နောက်ပြီး cell ကွက်လေးတွေ
နဲ့ တည်ဆောက်ထားပါတယ်။ Table တစ်ခုဟာ ကျွန်တော် အပေါ်မှာ ပြောခ့သဲ လို HTML တစ်ခုတည်းနဲ့ web site
တစ်ခု တည်ဆောက်ရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ နောက်ပြီး Gallery Page တွေ တည်ဆောက်ရာမှာ
အရမ်းအသုံးဝင်တယ်။ Page တစ်ခုလုံး Layout ကို CSS ကိုသာအသုံးပြုတတ်မယ်ဆို Table ထက်စာရင် CSS ကို
အသုံးပြုသင့်တယ်။ CSS ဆိုတာ ဘာလဲဆိုတော့ Cascading Style Sheets ပါ။ ဒီစာအုပ်မှာတော့ CSS
အကြောင်းပါဝင်မှာ မဟုတ်ပါဘူး။ ဒီစာအုပ်ဟာ Web Page ကိုစလေ့လာခါစ အခြေခံအကျဆုံးဖြစ်တဲ့ HTML
အကြောင်းကိုသာ ပြောသွားတာပါ။ HTML ကိုသေသေချာချာနားလည်သွားရင် CSS နဲ့ တွဲသုံးတဲ့အခါမှာ  တော့ ကိုယ့်site လေးဟာ သေသပ်လှပလာမှာပါ။ အခုတော့ HTML အကြောင်းလေးပဲ ဆက်လိုက်ရအောင်။

အပေါ်ပုံကို ကြည့်လိုက်ပါ။ အကွက်တစ်ခုလုံးအပြည့်ဟာ table ပါ။ နောက်ပြီး စာရေးထားတဲ့ အကွက်တွေဟာ cell
တွေပေါ့။ cell ကွက်တွေထဲမှာပဲ စာရေးတာပါ။ ကဲ.. ပိုပြီး နားလည်သွားအောင် code လေးတွေနဲ့စလိုက်ရအောင်။
<head>
<title>Example Table</title>
</head>
<body>
<table>
<tr> <!-- Row-->
<td> <!-- Column -->
Row
</td>

<td>
Row
</td>
</tr>
</table>
</body>
</html>
Table တစ်ခုစတင်ပြီဆိုရင်တော့
၁။ <table>နဲ့ စပြီး </table> နဲ့ပိတ်ရမှာပါ။
၂။ ကိုယ်ထည့်ချင်တဲ့ Row အရေအတွက် ရှိသလောက်ကို <tr></tr> ကိုသုံးရမှာပါ။ ကိုယ်က row ၂
ခုလိုချင်တယ်ဆိုပါစို့။ဒါဆိုရင် <tr></tr><tr></tr> ဆိုပြီး နှစ်ခုသုံးရမှာပေါ့။
၃။ကိုယ်ထည့်ချင်တဲ့ column အရေအတွက် ရှိသလောက်ကို <td></td> ကိုသုံးရမှာပါ။ <td></td> ကို <tr> နဲ့
</tr> ကြားမှာ ထည့်ပြီးသုံးရမှာပါ။ ကျွန်တော်တို့ column ၂ ခုဆိုရင် <tr><td></td><td></tr> ဒါဆိုရင်
column ၂ ခုပေါ့။
ကဲ... ကျွန်တော်တို့တွေ row ၂ ခု column ၃ ခုလုပ်မယ်ပေါ့။
row ၂ ခုဖြစ်တ့အဲ တွက်ကြောင့် <tr> </tr> ၂ ခုသုံးရမယ်။ column ၃ ခုဖြစ်လို့ <td></td> ကို ၃ ခုသုံးမယ်။
ပထမ row မှာ ၃ခုဆို အခြား row တွေမှာလည်း ၃ခုဖြစ်မှ table ပေါ်လာမှာပါ။
<table>
<tr> <!-- First Row -->
<td> <!-- First Column -->
1
</td>
<td>
2
</td>
<td>
3
</td>
</tr>
<tr> <!-- Second Row -->
<td> <!-- Second Column -->
4
</td>
<td>
5
</td>
<td>
6
</td>
</tr>
</table>
အဲဒီ Example ကို ကြည့်လိုက်ရင် နားလည်နိုင်မလားမသိဘူး။ ကျွန်တော်တို့တွေ row ၂ ခုနဲ့ column ၃ ခု ရှိတဲ့
table တစ်ခုတည်ဆောက်ခ့တဲာပါ။ table ပိုင်းကို ရှုပ်တယ်လို့ ထင်ချင်ထင်နေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ရှုပ်ပါတယ်။
ဒါပေမယ့် နားလည်သွားရင် လွယ်ပြီး သုံးလို့ကောင်းပါတယ်။ ကျွန်တော်တို့တွေ table ပိုင်းကို သေသေချာချာလေး
လေ့လာဖို့လိုပါလိမ့်မယ်။ ကဲ... နောက်ထပ် example တစ်ခု ထပ်လုပ်ကြည့်ရအောင် ။ အခု ကျွန်တော်တို့တွေ row
၃ ခု column ၃ ခု ရှိတဲ့ table တစ်ခုကို ဆောက်ကြည့်ရအောင်။
row ၃ခု ဖြစ်လို့ <tr></tr> ၃ခုပါမယ်။ column ၃ ခုဖြစ်လို့ <tr>နဲ့ </tr> ကြားမှာ <td></td> ၃ ခုပါမယ်။
အဲလိုလေး စဉ်းစားလို့ရသွားပြီဆိုရင် စပြီး code ရေးကြည့်ရအောင်။

<html>
<head><title>Example</title></head>
<body>
<table>
<tr><!-- First Row -->
<td>1</td>
<td>2</td>
<td>3</td>
</tr>
<tr><!--Second Row -->
<td>3</td>
<td>4</td>
<td>5</td>
</tr>
<tr><!-- Third Row -->
<td>6</td>
<td>7</td>
<td>8</td>
</tr>
</table>
</body>
</html>

ကဲ... အခုလောက်ဆို နားလည်လောက်ပြီထင်တယ်။ ကျွန်တော်တို့ ရှေ့ဆက်ရအောင်။
ကျွန်တော်တို့တွေဟာ table ရဲ့ width ကို ထိန်းချုပ်နိုင်ပါတယ်။ table ရဲ့ width ကို
သတ်မှတ်တ့အဲ ခါမှာ % နဲ့သတ်မှတ်တာနဲ့ pixel နဲ့ သတ်မှတ်တာရယ်ရှိပါတယ်။
table ရဲ့ width သာမက <td> ရဲ့ width တွေကိုပါသတ်မှတ်နိုင်ပါတယ်။ % နဲ့ သတ်မှတ်တာနဲ့ Pixel နဲ့
သတ်မှတ်တာ ဘာကွာသလဲဆိုရင်တော့ % ကတော့ broswer ရဲ့ အပေါ်မှာ မူတည်ပြီး width ကပြောင်းလဲပါတယ်။
pixel ကတော့ မပြောင်းလဲဘူးပေါ့။ အသေပေါ့။ % နဲ့ဆိုရင် broswer ချဲ့လိုက်တာနဲ့ လိုက်ကျယ်သွားပါတယ်။
pixel နဲ့ဆိုရင်တော့ browser ကျယ်လည်း လိုက်မကျယ်သွားပါဘူး။ ကဲ.. စလိုက်ရအောင်။
<html>
<head><title>Example</title></head>
<body>
<table width="100%">
<tr><!-- First Row -->
<td>1</td>
<td>2</td>
<td>3</td>
</tr>
<tr><!--Second Row -->
<td>3</td>
<td>4</td>
<td>5</td>
</tr>
<tr><!-- Third Row -->
<td>6</td>
<td>7</td>
<td>8</td>

</tr>
</table>
</body>
</html>
အဲဒီမှာဆိုရင် width က 100% ဖြစ်တ့အဲ တွက်ကြောင့် browser အပြည့် table ကယူပါမယ်။
အဲဒီက အပေါ်ဆုံး first row ကိုဒီလိုပြင်ကြည့်လိုက်ပါ။
<table width="100%">
<tr><!-- First Row -->
<td width="30px">1</td>
<td>2</td>
<td>3</td>
</tr>
ဒါဆိုရင်တော့ ပထမ column ရဲ့ width ကို 30px လို့သတ်မှတ်လိုက်ပါပြီ။ ပထမ row မှာသတ်မှတ်လိုက်ရင် တခြား
row တွေရဲ့ ပထမ column ကိုပါသတ်မှတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့တွေဟာ px သာမက % နဲ့ပါ
သတ်မှတ်နိုင်ပါတယ်။ column ၃ ခုလုံးကို သတ်မှတ်ချင်ရင်တော့ ဒီလိုရေးလို့ပါတယ်။
<table width="100%">
<tr><!-- First Row -->
<td width="45%">1</td>
<td width="20%">2</td>
<td width="35%">3</td>

</tr>
အဲဒီမှာဆိုရင်တော့ column ရဲ့ width ကို % နဲ့သတ်မှတ်ပေးမှာပါ။ အဲဒီမှာ တတိယ colum ကို width
မထည့်လည်း သူ့ဘာသာ ချိန်ညှိပေးနိုင်ပါတယ်။ ကဲ... table နဲ့ time table လေးဆွဲကြည့်ရအောင်။
<html>
<head><title>Example</title></head>
<body>
<table width="100%">
<tr><!-- First Row -->
<td>Date</td>
<td>Time</td>
<td>Subject</td>
</tr>
<tr><!--Second Row -->
<td>Oct 07</td>
<td>1:00 PM - 3:00 PM</td>
<td>Hardware</td>
</tr>
<tr><!-- Third Row -->
<td>Oct 08</td>
<td>1:00 PM - 3:00 PM</td>
<td>Software Install</td>
</tr>
<tr>
<td>Oct 08</td>
<td>1:00 PM - 3:00 PM</td>
<td>Windows Install</td>
</tr>
</table>
</body>
</html>
ကဲ.. အခုဆိုရင် လက်တွေ့ အသုံးပြုတတ်လောက်ပြီ ထင်တယ်။ ကျွန်တော်တို့တွေ table မှာ border တွေကို
ပေါ်စေချင်ရင်တော့ border ဆိုတဲ့ attribute ထည့်ရပါမယ်။
Border , Cellpadding, Cellspacing
<table width="100%" border="1"> ဆိုရင်တော့ border လည်းပေါ်လာပါလိမ့်မယ်။ အထူအပါးကတော့
ကြီးလေလေ border ထူလေလေပေါ့။
border ကိုအရောင်ထည့်ချင်ရင်တော့
<table width="100%" border="1" bordercolordark="red" bordercolorlight="#FF3300">
bordercolordark ကတော့ အရိပ်ပေါ့။ bordercolorlight ကတော့ အပေါ်အရောင်ပေါ့။ ဒါမှမဟုတ် bordercolor
ဆိုပြီးလည်း အသုံးပြုနိုင်ပါတယ်။
<table width="100%" border="1" cellspacing="0" bordercolor="#0066CC" >
border က နှစ်ထပ်ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါက cell padding ကြောင့်ပါ။ cell padding နဲ့ cell
spacing ဆိုပြီး နှစ်မျိုးရှိပါတယ်။
cellpadding ဆိုတာကတော့ table အတွင်း border နဲ့ စာ နေရာအကွာအဝေးပါ။ cellpadding များလာလေလေ
စာက အတွင်းကို ဝင်လေလေဖြစ်မှာပါ။ အခု cellpadding ကို 30 ထားလိုက်တ့အဲ ခါမှာ စာသားတွေနဲ့ border
အရမ်းကျဲသွားတာကို တွေ့ရပါလိမ့်မယ်။
<table width="100%" border="1" cellpadding="30" bordercolor="#0066CC" >
cellspacing ကတော့ cell တစ်ခုနဲ့ တစ်ခုကြား အကွာအဝေးပေါ့။ အခု border ဟာ
နှစ်ထပ်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ အဲဒါကို တစ်ထပ်တည်း ဖြစ်ချင်ရင်တော့ cellspacing ကို 0 ပေးလိုက်ရုံပါပဲ။
<table width="100%" border="1" cellspacing="0" bordercolor="#0066CC" >
ကဲ... အခုဆိုရင်တော့ နည်းနည်းလေး သိလာပြီထင်တယ်။ ဒီလောက်ထိ နားလည်ပြီဆိုရင် ကျွန်တော်တို့တွေ cell
တွေကို merge လုပ်တာတွေကို စလိုက်ရအောင်။ နားမလည်သေးရင်တော့ ကိုယ်တိုင် လက်တွေ့
စမ်းသပ်ကြည့်ဖို့လိုပါတယ်။ table ပိုင်းက ထင်သလောက် မရှုပ်ပါဘူး။ လက်တွေ့လုပ်လိုက်ရင် နားလည်သွားမှာပါ။

Cell Merge
Cell Merge ပိုင်းကတော့ table ပိုင်းကို သေချာသိထားရင် နားလည်လွယ်မယ်လို့ထင်ပါတယ်။ Cell Merge ကတော့
Cell နှစ်ခု ဒါမှမဟုတ် Cell နှစ်ခုထက် ပေါင်းတာပေါ့။ Cell Merge ကို ဒီလိုပေါင်းရမှာပါ။ table တစ်ခုကို စခ့တဲုန်းက
row တွေကို <tr> နဲ့ရေးရမှာပါ။ <tr> တစ်ခုမှာ <td> ၂ ခုပါရင် နောက်ထပ် <tr> မှာလည်း <td> ၂
ခုပါဝင်ရမှာပါ။ ဒါပေမယ့် cell တွေကို merge လုပ်လိုက်ရင် အနည်းငယ် ပြောင်းလဲကုန်ပါတယ်။ အပေါ်မှာ column
သုံးခု ။ ဒါကြောင့် <td> ၃ ခုပါမယ်။ ဒါပေမယ့် အောက်မှာက column ၃ ခုမှာ နှစ်ခုကို ပေါင်းလိုက်တယ်။ ဒါဆိုရင်
cell က ၂ ခုပဲရှိတော့မယ်။ ဒါဆိုရင်တော့ <td> ၂ ခုပဲပါတော့မယ်။ အဲဒါကတော့ column merge
လုပ်တ့အဲ ခါမှာပေါ့။ row ကလည်း အဲလိုပါပဲ။ အခုတော့ column merge လုပ်တဲ့ code လေးကို ကြည့်လိုက်ပါအုံး။
<html>
<head>
<title>Example</title>
</head>
<body>
<table border="1">
<tr>
<td>
Cell 1
</td>
<td>
Cell 2
</td>
<td>
Cell 3
</td>
</tr>
<tr>
<td colspan="2">
Cell 1
</td>
<td>
Cell 3
</td>
</tr>
</table>
</body>
</html>
အပေါ်က code မှာ <td colspan="2"> ဆိုတာကို တွေ့နိုင်မယ်ထင်ပါတယ်။ အဲဒါကတော့ Cell ၂ ခုပေါင်းမယ်
ဆိုတဲ့ အဓိပ္ပာယ်ပါ။ တကယ်လို့ cell ၃ ခုပေါင်းချင်ရင်တော့ <td colspan="3"> ပါ။ ကျွန်တော် အဲလိုမျိုး code
ကိုပြောင်းရေးလိုက်ရင် ဒီလိုတွေ့ရမှာပါ။
<html>
<head>
<title>Untitled Document</title>
</head>
<body>
<table border="1">
<tr>
<td>
Cell 1
</td>
<td>
Cell 2
</td>
<td>
Cell 3
</td>
</tr>
<tr>
<td colspan="3">
Cell 1
</td>
</tr>
</table>
</body>
</html>
ကျွန်တော်တို့တွေ column ကို ၃ ခုစလုံး ပေါင်းလိုက်တဲ့ အတွက် စုစုပေါင်း column ၁ ခုပဲရှိတော့တယ်။ ဒါကြောင့်
<td> တစ်ခုကို ပဲသုံးတာပါ။ ကဲ... ဆက်ပြီးတော့ example တစ်ခုလောက် ဆောက်ကြည့်ရအောင်။
<html>
<head>
<title>Untitled Document</title>
</head>
<body>
<table border="1">
<tr>
<td colspan="3">
List Of Adboe Software
</td>
</tr>
<tr>
<td>
Adobe Acrobat
</td>
<td>
Adobe Dreamweaver
</td>
<td>
Adboe Flash
</td>
</tr>
<tr>
<td>
Adobe InDesign
</td>
<td>
Adobe Photoshop
</td>
<td>
Adboe Bridge
</td>
</tr>
</table>
</body>
</html>
အဲဒီက code မှာဆိုရင်တော့ List Of Adboe Sofware အတွက် Column ၃ ခုလုံးကို merge လုပ်ထားတာကို
တွေ့မှာပါ။ Column ၃ ခုကို merge လုပ်လိုက်တ့အဲ တွက် column ၁ ခုပဲရှိပါတော့တယ်။ ဒါကြောင့် <td> တစ်ခုပဲ
လိုအပ်ပါတော့တယ်။ အခုလောက်ဆိုရင်တော့ Column Merge ကိုသိလောက်ပြီထင်ပါတယ်။ ဆက်ပြီး Row Merge
အကြောင်းလေး လေ့လာရအောင်။
Row တွေ Merge လုပ်တ့အဲ ခါမှာလည်း column merge လုပ်သလိုပါပဲ။ အရင်ဆုံး code လေးစရေးလိုက်ရအောင်။
<html>
<head>
<title>Untitled Document</title>
</head>
<body>
<table border="1">
<tr>
<td rowspan="2">
Cell Left
</td>
<td>
Cell 2
</td>
</tr>
<tr>
<td>
Cell 3
</td>
</tr>
</table>
</body>
</html>
ပထမဆုံး Column မှာ <td rowspan="2"> ဆိုတာလေးရှိပါတယ်။ ပထမဆုံး Column မှာ Row ၂ ခုကိုပေါင်းမယ်
ဆိုတဲ့ အဓိပ္ပာယ်ပါ။ အပေါ်မှာ column ၂ ခုရှိပေမယ့် နောက်ထပ်တစ်ဆင့်မှာတော့ Column ၁ ခုပဲရှိပါတော့မယ်။
ဘာဖြစ်လို့လည်းဆိုရင်တော့ First Column မှာ သူ့အောက်က First Column နဲ့ ပေါင်းလိုက်တော့ Column
တစ်ခုပျောက်သွားတာပေါ့။ ထပ်ပြီးရှင်းအောင် နောက်ထပ် example တစ်ခု ထပ်ပြပါမယ်။
<html>
<head>
<title>Example</title>
</head>
<body>
<table border="1">
<tr>
<td>
Row1 , Cell1
</td>
<td>
50 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
Row1 , Cell2
</td>
<td>
Row1 , Cell3
</td>
</tr>
<tr>
<td rowspan="2">
Left
</td>
<td>
Center
</td>
<td rowspan="2">
Right
</td>
</tr>
<tr>
<td> Cell 1</td>
</tr>
</table>
</body>
</html>
ဒီ example မှာဆိုရင် row span ကိုကောင်းကောင်းနားလည်မယ်ထင်ပါတယ်။ Left နဲ့ Right ဆိုပြီး row
နှစ်ခုပေါင်းလိုက်တော့ အောက်ဆုံး row မှာ column တစ်ကွက်ပဲ ကျန်တော့တ့အဲ တွက် <td> တစ်ခုပဲ ရေးရတာပါ။
Appearnce
ကျွန်တော်တို့တွေဟာ Table တွေမှာ background color တွေအသုံးပြုနိုင်ပါတယ်။ border အသုံးပြုနည်းကိုတော့
အပေါ်မှာ ဖော်ပြပြီးသွားပါပြီ။ အခု ကိုယ်လိုချင်တဲ့ cell မှာ background အရောင်လေးတွေ ထည့်ရအောင်။
<html>
<head>
<title>Example</title>
</head>
<body>
<table border="1">
<tr>
<td bgcolor="blue">
<font color="#FFFFFF">BLUE</font>
</td>
<td bgcolor="red">
Red
</td>
<td bgcolor="#EABCDF">
Hex Color
</td>
</tr>
</table>
</body>
</html>
အဲဒီမှာဆိုရင် bgcolor ကိုတွေ့မှာပါ။ အဲဒါကတော့ background အရောင်ထည့်တာပါ။ ကျွန်တော်တို့တွေ
background အရောင်ကိုထည့်လို့ရပေမယ့် စာလုံးအရောင်တွေ ထည့်လို့မရပါဘူး။ ကျွန်တော်တို့တွေ
စာလုံးအရောင်ထည့်ချင်ရင်တော့ font color နဲ့ထည့်သွင်းရပါတယ်။ တခြားအဆင်ပြေတ့နဲ ည်းကတော့ CSS
အသုံးပြုလိုက်ခြင်းပါပဲ။ ဒီစာအုပ်ထဲမှာတော့ CSS အကြောင်းပါဝင်ခြင်းမရှိသေးဘူး။ အခုဆိုရင်တော့ bg color
ကိုနည်းနည်းနားလည်လာပြီထင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေ row တစ်ခုလုံးကို
အရောင်ထည့်ချင်ရင်တော့ <tr> မှာ bgcolor ဆိုတဲ့ attribute သုံးရပါမယ်။
<html>
<head>
<title>Example</title>
</head>
<body>
<table border="1">
<tr>
<td bgcolor="blue">
<font color="#FFFFFF">BLUE</font>
</td>
<td bgcolor="red">
Red
</td>
<td bgcolor="#EABCDF">
Hex Color
</td>
</tr>
<tr bgcolor="#FF6699">
<td>
a
</td>
<td>
b
</td>
<td>
c
</td>
</tr>
</table>
</body>
</html>
အဲဒီမှာဆိုရင်တော့ <tr bgcolor="#FF6699"> ကြောင့် row တစ်ခုလုံး အရောင်ပြောင်းသွားတယ်ဆိုတာကို
တွေ့နိုင်မှာပါ။ အခုလောက်ဆိုရင်တော့ table အကြောင်းသိလောက်ပါပြီ။ table က HTML နဲ့ရေးရတာ
တော်တော်လက်ဝင်ပြီး စိတ်ပျက်ဖို့ ကောင်းပါတယ်။ Dreamweaver လိုမျိုး software သုံးလိုက်ရင်တော့ table
တစ်ခုဆောက်ရတာ အရမ်းလွယ်ပါတယ်။ table ကို merge လုပ်တာတွေကလည်း dreamweaver မှာ
အလွယ်တကူလုပ်နိုင်ပါတယ်။ ဒီစာအုပ်မှာ dreamweaver အကြောင်းပြောတာ မဟုတ်ပဲ HTML ကိုအခြေခံက
အစနားလည်အောင် ရေးတတ်အောင် ပြောပြထားတာကြောင့် အခုလိုမျိုး နည်းနည်းလက်ဝင်ပေမယ့် နားလည်အောင်
လေ့လာသင့်ပါတယ်။ အခုတော့ frame အကြောင်းလေးပဲ ဆက်ရအောင်။
Frame
Frame ကတော့ HTML Page နှစ်ခု ထက်မက တာတွေကို စာမျက်နှာ တစ်ခုထဲ မှာ ဖော်ပြခြင်တဲ့ အခါပေါ့။
ဘယ်လိုမျိုးလဲ ဆိုတော့
အဲဒီမှာ ဆိုရင် Frame ၃ ခုနဲ့ Page တစ်ခုကို ဖွဲ့စည်း တည်ဆောက်ထားတာပါ။ အခုနောက်ပိုင်းမှာ Frame
ကိုအသုံးနည်းသွားပါပြီ။ AJAX ဆိုတဲ့ နည်းပညာကို ပြောင်းသုံးကြပါတယ်။ အရင်တုန်းကတော့ Frame
ကိုအသုံးများခ့ပဲါတယ်။ ဘာလို့အသုံးပြုရသလဲဆိုရင်တော့ အပေါ်က ပုံမှာကြည့်လိုက်ပါ။ ဘယ်ဘက်က menu
ဖြစ်ပြီး ညာဘက်ကတော့ menu က နှိပ်လိုက်ရင် ပေါ်လာမယ့် page ပေါ့။ အပေါ်ဆုံးကတော့ Name
ကိုရေးထားတာပါ။ အဲ.. အခု frame အကြောင်း စလိုက်အောင်။
Frame1.html
<html>
<head>
<title>Untitled Document</title>
</head>
<body>
This is frame 1
</body>
</html>
Frame2.html
<html>
<head>
<title>Untitled Document</title>
</head>
This is frame 2
</html>
index.html
<html >
<head>
<title>Untitled Document</title>
</head>
<frameset cols="80,*" frameborder="no" border="0" framespacing="0">
<frame src="frame1.html" name="leftFrame" scrolling="No" noresize="noresize" id="leftFrame" />
<frame src="frame2.html" name="mainFrame" id="mainFrame" />
</frameset>
<noframes><body>
</body>
</noframes></html>
frame တစ်ခုကို တည်ဆောက်ပြီရင်တော့ အနည်းဆုံး file ၃ ခုလိုပါတယ်။ index.html ကတော့ Frame1 နဲ့
Frame2 ကိုချိတ်ဆက်ဖော်ပြပေးမှာဖြစ်ပြီး frame1 နဲ့ frame2 ကတော့ အဓိကပေါ့။
index.html ကို ကြည့်လိုက်ပါ။ ထူးခြားတာ တစ်ခုပါ ပါတယ်။ အဲဒါကတော့ <body> မပါခြင်းပဲ။ frame ရဲ့ Main
Page ဟာ Body ထည့်စရာမလိုပါဘူး။ frameset ပဲ ထည့်ရမှာပါ။ HTML မှာ frame သုံးရတာ လက်ဝင်လှပါတယ်။
အကောင်းဆုံးကတော့ IDE တွေထဲက Dreamweaver ကိုအသုံးပြုလိုက်ရင်တော့ လွယ်လင့်တကူ frame
ကိုရေးသားနိုင်မှာပါ။ အခုတော့ သိအောင် ကိုယ်တိုင်ပဲ ရေးကြည့်ရတာပေါ့။
<frameset> နဲ့ စပြီး </frameset> နဲ့ ရေးရပါမယ်။cols ဆိုတာကတော့ column အရေအတွက်ပေါ့။ အခု
column ၂ ခုပဲပါတ့အဲ တွက် cols="80,*" လို့ရေးလိုက်ပါတယ်။ အဲဒီ အဓိပ္ပာယ်က ရှေ့က column အကျယ်ကို 80
px ယူမယ် နောက်ကတော့ ကျန်တာ အကုန်ယူဆိုတဲ့ အဓိပ္ပာယ်ပါ။ ကျွန်တော်တို့ percentage နဲ့လည်း
အသုံးပြုလို့ရပါတယ်။ cols="50%,*" လို့ပြောင်းရေးလိုက်ရင်တော့ ရှေ့က 50% ဖြစ်ပြီး နောက်က frame
ကလည်း ကျန်တဲ့ 50% ပေါ့။ frameborder="no" ဆိုတာကတော့ frame မှာ boder မပါဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။
border="0" framespacing="0" အဲဒါကတော့ border အထူက 0 ဖြစ်ပြီး frame တစ်ခုနဲ့ တစ်ခုကြားက spacing
က 0 လို့ပြောတာပါ။ အခု column ၂ ခုမဟုတ်လား။ ဒီတော့ ကျွန်တော်တို့တွေ <frame> နှစ်ခု ထည့်ရမယ်။
ဒါကြောင့်
<frame src="frame1.html" name="leftFrame" scrolling="No" noresize="noresize" />
<frame src="frame2.html" name="mainFrame" id="mainFrame" />
အဲလိုမျိုးရေးလိုက်တာ။ အဲမှာ src ဆိုတာကတော့ frame ရဲ့ Link ပေါ့။ ကျွန်တော်တို့တွေ file ၃ ခုလုံးကို
တစ်နေရာတည်းမှာထည့်ထားတယ်။ ဒါကြောင့် တိုက်ရိုက် လှမ်းခေါ်လိုက်ရုံပဲ။ Name ကတော့ နာမည်ပါ။
မထည့်လည်းရပါတယ်.. scrolling ဆိုတာကတော့ ဘေးနားက scrollbar ပေါ်မပေါ်ပေါ့။ ပေါ်စေချင်ရင် Yes ပေါ့။
noresize ကတော့ frame ကို resize လုပ်လို့မရအောင် လုပ်ထားတာပါ။ ဒါဆို frame ကို resize လုပ်ချင်ရင်တော့
အဲဒါကို မထည့်နဲ့ပေါ့။ အခု column ၃ ခု နဲ့လုပ်ကြည့်ရအောင်။
index.html
<html>
<head>
<title>Untitled Document</title>
</head>
<frameset cols="20%,30%,*">
<frame src="frame1.html" />
<frame src="frame2.html" />
<frame src="frame1.html" />
</frameset>
<noframes>Your Browser Don’t Support Frame</noframes></html>
မေးစရာ တစ်ခုပေါ်လာပြီ။ ဘာလဲဆိုရင်တော့ <noframes> ။ အဲဒါက ဘာလဲဆိုရင်တော့ ဟိုးအရင်က browser
တွေက frame တွေကို support မလုပ်ပါဘူး။ ဒါကြောင့် frame တွေကို support မလုပ်တဲ့ browser တွေဖြစ်နေရင်
Message လေးဖော်ပြပေးပါမယ်။ အခုနောက်ပိုင်း browser တွေက support လုပ်ပါတယ်။ ကဲ.. အခု code လေးကို
နည်းနည်းလေး ပြောင်းကြည့်လိုက်ရအောင်။
<html>
<head>
<title>Untitled Document</title>
</head>
<frameset rows="20%,30%,*">
<frame src="frame1.html" />
<frame src="frame2.html" />
<frame src="frame1.html" />
</frameset>
<noframes><body>
</body>
</noframes></html>
ဘာပြောင်းသွားသလဲဆိုတော့ frameser ပါ။ cols ကနေ rows
ဖြစ်သွားပါတယ်။ cols နဲ့ rows လေးပဲ ကွာတာပါ။ ကျန်တာ
အတူတူပါပဲ။ frame အထဲမှာလည်း ထပ်ပြီး
ထပ်မံခွဲထုတ်လို့ရပါသေးတယ်။ အခု အပေါ်ဆုံးက rows ကို
column ထပ်ပြီး ခွဲပါမယ်။
<html>
<head>
<title>Untitled Document</title>
</head>
<frameset rows="20%,30%,*">
<frameset cols="*,50%" framespacing="0" frameborder="NO" border="0">
<frame src="frame1.html" />
<frame src="frame2.html" name="rightFrame" scrolling="NO" noresize>
</frameset>
<frame src="frame2.html" />
<frame src="frame1.html" />
</frameset>
<noframes><body>
</body>
</noframes></html>
အဲဒီမှာ <frameset> အောက်မှာ <frameset> ထပ်ထည့်ထားတာကို တွေ့ရမှာပါ။
<frameset rows="20%,30%,*">
<frameset cols="*,50%" framespacing="0" frameborder="NO" border="0">
<frame src="frame1.html" />
<frame src="frame2.html" name="rightFrame" scrolling="NO" noresize>
</frameset>
ကျွန်တော်တို့ အပေါ်ဆုံးက rows ကို ထပ်ပြီး cols ခွဲတာပါ။ ဒါကြောင့် အပေါ်ဆုံး rows မှာ columns
နှစ်ခုဖြစ်သွားပါပြီ။ ဒါကြောင့် <frame> နှစ်ခု ရေးရတာပါ။ တကယ်လို့ ဒုတိယ rows မှာပဲ colums
ထပ်ထည့်ချင်ရင်တော့ code က ဒီလိုလေးဖြစ်သွားမှာပါ။
<html>
<head>
<title>Untitled Document</title>
</head>
<frameset rows="20%,30%,*">
<frame src="frame1.html" />
<frameset cols="*,50%" framespacing="0" frameborder="NO" border="0">
<frame src="frame2.html" />
<frame src="frame2.html" name="rightFrame" scrolling="NO" noresize>
</frameset>
<frame src="frame1.html" />
</frameset>
<noframes><body>
</body>
</noframes></html>
ရှင်းရှင်းလေးပါ။ ဒုတိယ rows မှာ ဖြစ်စေချင်လို့ ဒုတိယ rows မှာ frameset တစ်ခုထပ်ထည့်ရတာပါ။ အဲလိုမျိုးပဲ
columns တွေထဲမှာ rows တွေ ခွဲလို့ရပါတယ်။ အတူတူပါပဲ။ အပေါ်က rows နေရာမှာ cols ပြောင်းပြီးတော့ cols
နေရာမှာ rows ပြောင်းလိုက်ရင် သိမှာပါ။ ကျွန်တော် မရေးပြတော့ဘူး။ ကိုယ်တိုင်ပဲ ရေးပြီး စမ်းကြည့်လိုက်ပေါ့။
အခု ဒီစာအုပ်ရဲ့ နောက်ဆုံးအခန်းက နောက်ဆုံး အကြောင်းပါပဲ။ ဘာလဲဆိုရင်တော့ Link And Frame ပါ။ Frame
တစ်ခုက Link က နှိပ်လိုက်ရင် နောက် frame တစ်ခုက ပြောင်းသွားဖို့ပါ။ ကျွန်တော် အကုန်လုံးကို
အခြေခံလောက်ပဲ ပြောနိုင်မှာပါ။ Web ပိုင်းမှာ လေ့လာစရာတွေ အများကြီးပါ။ HTML ဆိုတာ လုံးဝ စကာစ
အခြေခံအဆင့်လေးပါ။ ကဲ.. နောက်ဆုံး အခန်းလေး ဆက်လိုက်ရအောင်။

Link And Frame
ကျွန်တော်တို့ အပေါ်မှာ ပြောဘူးပါတယ်။ ဘယ်ဘက်က Link ကို နှိပ်လိုက်ရင် ညာဘက်မှာ သက်ဆိုင်ရာ Page ကို
ပြောင်းသွားမယ်ဆိုပြီးတော့။ အခုအဲလိုမျိုး ဘယ်ဘက်က frame ကနေ နှိပ်လိုက်ရင် ညာဘက်က frame မှာ
သက်ဆိုင်ရာ Page ပြောင်းသွား အောင်လုပ်ပါမယ်။ ပထမဆုံး frame ၂ ခုအတွက် index.html ကိုစရေးပါ့မယ်။
<html>
<head>
<title>Menu</title>
</head>
<frameset cols="100,*">
<frame src="menu.html" id="menu">
<frame src="home.html" name="main">
</frameset>
<noframes></noframes>
</html>
အဲမှာ.. name="main" လို့ပေးခ့တဲာကို တွေ့မှာပါ။ အဲလိုမျိုးနာမည် ထည့်ခ့မှဲ menu ကနေ အဲဒီ frame မှာ
သွားပေါ်ဆိုပြီး ပြောလို့ရမှာ။ ကဲ.. အခု menu.html မှာရေးထားတာကို ကြည့်လိုက်ရအောင်...
<html>
<head>
<title>Menu</title>
</head>
<body>
<a href="home.html" target="main">Home</a><br>
<a href="download.html" target="main">Download</a><br>
<a href="link.html" target="main">Link</a><br>
</body>
</html>
အဲမှာ link တွေအကုန်လုံးမှာ target ဆိုတာလေး ပါတာကိုတွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ index.html မှာ
name="main" ဆိုတဲ့ frame မှာ သွားပေါ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ download ဆိုတာကို နှိပ်လိုက်ရင် ညာဘက်က
frame မှာ download.html ဆိုတဲ့ page လေးပေါ်သွားပါမယ်။ Home ကိုနှိပ်လိုက်လည်း home.html ဟာ
ညာဘက်က frame မှာပဲ သွားပေါ်ပါမယ်။ အဲဒီလောက်ဆိုရင် နားလည် သိရှိပြီလို့ထင်ပါတယ်။
အခုဆက်ပြီး နည်းနည်းအပိုလေး ထည့်ပြောပြရစေ။
menu.html page ထဲမှာပဲ home.html လေးကို လှမ်းပြီး ခေါ်ပြတ့နဲ ည်းပါ။ အဲဒါလေးကတော့ အသုံးဝင်ပါတယ်။
Home Page မှာ news တွေကို ဖော်ပြတဲ့အခါ မှာအသုံးဝင်လှပါတယ်။
<html>
<head>
<title>Menu</title>
</head>
<body>
<iframe src="home.html" width="500" height="200"></iframe>
</body>
</html>
code လေးက ရှင်းပါတယ်။ <iframe> ပါ။ src ကတော့ ဘယ် page ကို ချိတ်မလဲဆိုတာပါ။ width နဲ့ height
ကတော့ ကိုယ်ဖော်ပြချင်သလောက်ပေါ့။ အခုဆိုရင်တော့ ကျွန်တော်တို့တွေ HTML အခြေခံလေးကို
လေ့လာလို့ပြီးသွားပါပြီ။ ဒီစာအုပ်ကို ဖတ်ပြီးရင်တော့ ဘာ code က ဘာကိုပြောတာလဲဆိုတာပဲ သိနိုင်မှာပါ။ဘာလိုချင်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မိမိရဲ့ လေ့လာမှုစွမ်းအားပေါ် မူတည်ပါတယ်။ စာအုပ်ဖတ်ရုံနဲ့မရပါဘူး ။ လိုက်တွေးပါ။ စမ်းကြည့်ပါ။ ဒါမှ တိုးတက်မှုကို ရမှာပါ။ မျက်စိနဲ့ ကြည့်ရုံနဲ့တော့ တိုးတက်မှုရှိမှာမဟုတ်ပါဘူး။ ဒီစာအုပ် ဖတ်ပြီးရင်တော့ "အော်.. ဒီ code က ဒါအတွက်ရေးထားတာ" အဲလောက်ပဲ စွမ်းဆောင်ပေးနိုင်မှာပါ။ ငါဒီလိုဆွဲချင်တယ်။ ဒါကြောင့် ဒါကို သုံးရမယ် ဆိုတာကတော့ မိမိရဲ့ အာရုံ ကွန့်မြူးမှုနဲ့ ဒီစာအုပ်ကိုပေါင်းပြီး အသုံးချရရင် ရနိုင်မှာပါ။
ကျွန်တော်တို့တွေ ဘာတွေ ဆက်ပြီးလေ့လာဖို့လိုသေးလဲဆိုတော့ အများကြီးပါ။ HTML ကို ဒီစာအုပ်
အဆင့်လောက် သိသွားပြီဆိုရင်တော့ CSS ကိုဆက်ပြီး လေ့လာဖို့လိုပါတယ်။ အဲဒီနှစ်ခုတတ်ပြီးရင်တော့
နည်းနည်းလေး ရေးဆွဲရတာ လွယ်သွားအောင် Dreamweaver သုံးပြီးဆွဲစေချင်ပါတယ်။ ပြီးရင်တော့ Javascript
ပေါ့။ အဲဒီဟာတွေ ပြီးသွားရင် photoshop နဲ့ Flash နည်းနည်းသုံးတတ်ဖို့လိုပါတယ်။ Webdesigner
တစ်ယောက်အနေနဲ့ လေ့လာဖို့ပြောတာပါ။ web developer အနေနဲ့လည်း CSS , Javascript, Phtoshop, Flash
တို့ကို အနည်းအကျဉ်းလေး သိရှိနားလည်ထားဖို့လိုပါတယ်။ ပြီးရင် web programming တွေ လေ့လာရမှာပါ။ .NET
သမားတွေဆိုရင်တော့ ASP.NET ပေါ့။ Java သမားဆိုရင်တော့ JSP ရှိပါတယ်။ အခြား လွယ်ကူစွာ
လေ့လာချင်ရင်တော့ php က အလွယ်ဆုံးပါ။ နောက်ဆုံး technology တွေနဲ့ ကောင်းကောင်းရေးလို့ရတဲ့ Ruby On
Rails နဲ့ python တို့ကိုလည်း လေ့လာနိုင်ပါသေးတယ်။ အများကြီး လေ့လာဖို့တွေရှိပါတယ်။ ဦးစွာတော့ HTML ကို
သေသေချာချာ တတ်ကျွမ်းထားဖို့လိုပါတယ်။

Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)