Computer Basic-1
ယနေ့အချိန်အခါတွင်ကွန်ပျူတာများကို နယ်ပယ်အသီးသီးမှာအထောက်အကူပြုအသုံးချပစ္စည်း အဖြစ်တွင်ကျယ်စွာသုံးစွဲလာပါသည်။Electronic Device တစ်ခုဖြစ်လို့ ချို့ယွင်းမှု၊ ပျက်စီးမှု တွေ့ရမှာ ဖြစ်ပါသည်။ အဲဒီလိုဖြစ်ရင် သုံးစွဲသူကိုယ်တိုင်စစ်ဆေးပြီး ပြုပြင်နိုင်အောင်ရည်ရွယ်တာပါ။ ချို့ယွင်းမှု ပျက်စီးမှုကို ပြုပြင်နိုင်ရန်f Computer ဖြစ်တဲ့အလျှောက်f Software ပိုင်းနှင့် Hardware ပိုင်းဆိုပြီး လေ့ လာရမှာဖြစ်ပါသည်။ ပြုပြင်နိုင်ရန်အတွက်ပြင်မယ့် Computer ၏ Hardware? Operating System နှင့် ဆက်သွယ်တပ်ဆင်အသုံးပြုနေတဲ့ အခြားပစ္စည်းများကိုသိရှိထားရန်လိုအပ်ပါတယ်။ ဒါကပြင်ဘို့ စဉ်းစားတာ။ ဘာကြောင့်ဒီလိုဖြစ်တာလဲ ၊ သိထားရင်ရှောင်ရှားနိုင်မှာဘဲဖြစ်တယ်။ အကြမ်းဖျဉ်းပစ္စည်း ထုတ်လုပ်သူရဲ့ချို့ယွင်းမှု၊ လျှပ်စစ်ဓါတ်အားပိုင်းနဲ့ လူရဲ့ပေါ့လျော့မှု၊ မကျွမ်းကျင်မှုကြောင့်ဆိုပြီးတွေ့ရ တယ်။ ကွန်ပျူတာက လျှပ်စစ် ဓါတ်အားတည်ငြိမ်မှုရှိဘို့လိုအပ်တယ်။ တက်လိုက်/ကျလိုက်ဖြစ်တယ် ဆိုရင် Software ပိုင်းပျက်စီးနိုင်သလို ကြာလာရင် Hardware လည်းပျက်စီးနိုင်ပါတယ်။ မကြာခဏ ပြတ်တောက်တာမျိုးဆိုလည်း အတူတူပါဘဲ။ ခုချိန်မှာတော့ UPS ( Uninterruptable Power supply) တွေ သုံးလာပြီဖြစ်ပါတယ်။ မသုံးဘူးရင်တော့ဆင်ဝယ်ပြီးချွန်းဖိုးနှမျောသလိုဖြစ်နေမှာပါ။ နောက်တစ်ချက် ကတော့ မဖြစ်သင့်တဲ့ လူရဲ့ပေါ့လျော့မှုဘဲဖြစ်ပါတယ်။ ဥပမာ စက်တစ်လုံးကိုအသုံးပြုတော့မယ်ဆိုရင် လျှပ်စစ်မီးခလုတ်ကို အရင်ဖွင့်၊ ပြီးရင်f UPS ကိုဖွင့်၊ နောက်ဆုံးမှကွန်ပျူတာကိုဖွင့်ရမှာပါ။ စက်တစ် လုံးကိုပိတ်မယ်ဆိုရင် လည်း ကွန်ပျူတာကို Shutdown အရင်လုပ်၊ ပြီးမှ UPS ကိုပိတ်၊ နောက်ဆုံးမှ လျှပ်စစ်ဓါတ်အားကိုပိတ်မှ စနစ်ကျမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ပေါ့ပေါ့ဆဆပြီးစလွယ်ဖြစ်သလို လုပ်ရင် အခန့်မသင့် ရင် ပျက်စီးနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ လူရဲ့မကျွမ်းကျင်မှုကြောင့်ဘဲ ဖြစ်တယ်။ သာမန်သုံးစွဲသူရဲ့စက်ဟာချို့ယွင်းမှု မရှိသလောက်ဖြစ်ပါတယ်။ အသင့်အတင့်တတ်ကျွမ်း သူရဲ့စက်ဟာ ချို့ယွင်းပျက်စီးလေ့ရှိပါတယ်။ ဘာကြောင့်ဖြစ်လေ့ရှိလဲလို့ လေ့လာတဲ့အခါ အဓိကကတော့ စမ်းသပ်လိုတာကိုတွေ့ရတယ်။ Application Program ရော၊ Windows(Operating System) ရော ထိခိုက်တာတွေ့ရပါတယ်။ အမှန်ကတော့လုပ်ချင်တာကို တစ်ခုချင်းလုပ်သင့်ပြီး ဖော်ပြလာတဲ့သတင်း ဖတ်ပြီးမသိရင် Cancel/No ပေးရင်ရနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ထင်တာလုပ်လို့ဖြစ်မလာဘဲ
ရှုတ်ထွေးကုန်ရင် ဘယ်ကပြန်စရမှန်းမသိဖြစ်တတ်ပါတယ်။ Windows(Operating System ပါမတက် တော့ရင်တော့ ပြင်ဆင်နိုင်သူကို မှီခိုရမှာပါ။ Computer တစ်လုံးကိုပြုပြင်မယ်ဆိုရင် Hardware ပိုင်းနှင့် Software ပိုင်းဆိုင်ရာသိသင့်တာ လေးတွေ စလေ့လာရမှာပါ။
Hardware
Computer တစ်လုံးဟာ Hardware နဲ့ Software ပိုင်းဆိုပြီးရှိတယ်။Hardware ထဲကမှ System Unit ထဲမှာစက်တစ်လုံးမောင်းနှင်ဘို့ မဖြစ် မနေပါရမှာ တွေကတော့ -
- Motherboard with VGA (Video Graphic Array), Sound
- CPU ( Central Processing Unit ) with Cooling Fan
- RAM ( Random Access Memory )
- HDD ( Hard Disk Drive )
- CD Drive ( Compact Disk)
- Monitor (Display)
- Keyboard & Mouse
- SSD(Solid-State Drive-Like HDD)
- UPS(Uninterruptible power supply)
- Casing with Power Supply ဖြစ်တယ်၊ Multimediaသုံးမယ်ဆိုရင် Speaker လိုမယ်
Print ထုတ်ချင်ရင် Printer လိုမှာဖြစ်တယ် Scan ဖက်ချင်ရင် Scanner လိုမှာဖြစ်တယ်
Conference call သုံးမယ်ဆိုရင် Head Phone ၊ WebCam ၊ VideoCam ၊ Microphone တို့လိုမှာဖြစ်တယ်။ ဒါတွေကတော့ Peripheral တွေဘဲဖြစ်ပါတယ်။ လိုအပ်မှတပ်ဆင် သုံးစွဲရမယ့် Device တွေဘဲဖြစ်ပါတယ်။
Comments
Post a Comment