How to fix User Profile Service Error


မိမိတို့  Window 7 OS တင်ထားတဲ့စက်မှာ Window User login ဝင်နေအချိန်မှာ
The User Profile Service failed the logon ,User Profile cannot loaded  ဆိုတဲ့ error message တက်တာကြုံဖူးကြမှာပါ။အဲ တာလေးကိုဖြေရှင်းနည်းလေးကိုပြောပြချင်တာပါ။
အရင်ဆုံး စက်ထဲကို Safe Mode နဲ့ဝင်ရမှာပါ။တော်တော်များများစက်တွေ မှာတော့Window တက်လျှင်တက်ခြင်းမှာ F8 ဆိုတဲ့ Function Key ကိုနှိပ်ပြီးဝင်ရတာ ။ F8 နှိပ်လို့ရသွားရင်ပုံအတိုင်းတွေရလိမ့်မယ်။အဲမှာ Safe Mode ကို Select လုပ်ပြီး Enter နှိပ်ပါ။Safe Mode နဲ့ Window တက်လာပါလိမ့်မယ်။

Enter ခေါက်ပြီးသွားရင် ဒီလိုလေးပေါ်လာလိမ့်မယ်
စာတန်းတွေပြီးသွားရင် Window 7 ကို Safe Mode နဲ့ ဝင်သွားတာတွေရလိမ့်မယ်

အဲ့မှာ registry Editor ကိုသွားဖို့ run box ကို ခေါ်ပါ။Window logo Key နဲ့ R ကိုတွဲနှိပ်လိုက်ပါ။
Regedit လို့ ရိုက်ပြီး Enter ခေါက်ပါ။Registry Editor ပေါ်လာလိမ့်မယ်။
အောက်ပါလမ်းကြောင်းအတိုင်းသွားလိုက်ပါ။

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\ProfileList
အဲကိုရောက်ရင် S-1-5-21-xxxxxx-xxxxxx-xxxx-xxx နဲ့ S-1-5-21-xxxxxx-xxxxxx-xxxx-xxx.bak 

ဆိုပြီး Profile နှစ်ခုက .bak ကလွဲလို့ကျန်တာတူနေတာတွေရလိမ့်။အဲ့နေရာမှာ .bak နဲ့ကောင်က         အမှန်တကယ် ကိုယ့်ရဲ့ Profile ဖြစ်ပြီးတော့ .bak မပါတဲ့ကောင်က fake Profile ဖြစ်တယ် ။ Profile Error တက်သွားတယ်ပဲပြောရမှာပေါ့
.bak မပါတဲ့ ကောင်ကို Rename လုပ်လိုက်ပါ။ဥပမာ S-1-5-21-xxxxxx-xxxxxx-xxxx-xxx@@ ပေါ့
.bak ပါတဲ့ကောင်ကို Name အမှန်ပြန် change (.bak ကိုပြန်ဖြုတ်)ပေးပါ။


Name အမှန်ပြန်Change ပြီးသွားရင် အမှန်ကောင်ကို Select လုပ်လိုက်ပါ ညာဘက်မှာ အကွက်လေးပေါ်လာလိမ့်မယ်။အဲ့မှာ RefCount နဲ့ ှState ကို Double-Click နှိပ်လိုက်ပါ သူတို့ရဲ့ Value dataတွေကို 0 တွေ ပြောင်းပြီး Ok နဲ့ ပိတ်လိုက်ပါ။ ပြီးရင် Registry Editor ကိုပိတ်လိုက်ပြီး စက်ကို Restart ချလိုက်ပါ။ အဆင်ပြေကြပါစေ။




Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)