Sharing Phone Internet to Computer(Laptop ကို iPhone (or) Android ကနေတဆင့် Internet ပေးနည်း)

မိတ်ဆွေတို့ရဲ့ Laptop ကို iPhone (or) Android ကနေတဆင့် Internet ပေးသုံးကြည့်ရအောင်

Tethering လုပ်တယ်ဆိုတာက ကိုယ် phone ရဲ့ mobile data connection ကို laptop or tablet  ကဲ့သို့အခြား device တစ်ခုခုကို sharing လုပ်တာဖြစ်တယ်။ Android ပေါ်မှာတော့ Tethering လုပ်တာဖို့ အခြေခံနည်းလမ်းက ၃ မျိုးရှိတယ်။ အဲ့တာတွေက

  • Wi-Fi Tethering: Wi-Fi tethering ဆိုတာက ကိုယ် phone မှာ Wi-Fi hotspot လွှင့်ပြီးတော့ အဲ့ Wi-Fi ကိုကိုယ့် computer ကနေ wirelessဖမ်းပြီးသုံးတာဖြစ်တယ်. Battery တော့ကုန်တာမြန်တယ်
  • Bluetooth Tethering: Bluetooth tethering ကတော့ Wi-Fi ထက်နှေးတယ်, ဒါပေမယ့် batteryတော့နည်းနည်းပဲသုံးတယ်. အဲ့တာက Bluetooth ပေါ်မှာအခြေခံပြီး tether လုပ်တာဖြစ်တယ်
  • USB Tethering: USB tethering ကတော့ speeds ပိုင်းမှာအမြန်ဆုံးပဲ, ဒါပေမယ့်  you phone နဲ့ laptop(or desktop)ကိုတော့ a USB cable နဲ့ connect လုပ်ထားဖို့လိုတယ်။ အဲ့နေရာမှာ ကိုယ် computer က phone ရဲ့ driver ကိုသိဖို့လိုတယ်

Wi-Fi Tethering :iPhone Wi-Fi Tethering

1) iPhone Settings ကိုဖွင့်လိုက်ပါ။ အဲဒါလေးက iPhone ရဲ့ Home Screen ပေါ်က မီးခိုးရောင်လေးပေါ့ ကျနော်ပုံမှာလည်း Hightlight ပြထားပါတယ်။ OK!


2) ပုံမှာပြထားသလို Personal Hotspot Tab လေးပိတ်နေတာကိုတွေ့ပါလိမ့်မယ်။


3) အဲဒီ Tab လေးကို On ပေးလိုက်ပါ။Password ကတော့ ကိုယ်စိတ်ကြိုက်သတ်မှတ်လိုက်ပေါ့။WIFI ရဲ့
SSID ကို change ချင်ရင် iphone ရဲ့ Name ကို change လိုက်ပါ။General ထဲက About ထဲမှာရှိ
တယ်နော် OK!


4) ထို့နောက်မှာ သင်အသုံးပြုမယ့် Laptop က ညာဘက်အောက်ထောင့်လေးက Wifi Icon လေးကိုဖွင့်လိုက်ပါ။

5) အဲလိုဖွင့်လိုက်မယ်ဆိုရင် သင်ခုနက Personal Hotspot Tab ကို On ပြီးလွှင့်ထားတဲ့ နာမည်နဲ့ Wifi SSID name လေးက လာပေါ်နေမှာဖြစ်ပါတယ်။

6) ထိုနောက် အဲနာမည် SSID name ကိုထောက်ပြီး Connect ချိတ်လိုက်မယ်ဆိုရင် Password တောင်းပါလိမ့်မယ်။ အဲဒီ Password ဆိုတာကလည်းသင့် iPhone က Personal Hotspot Setting ထဲမှာသင့်စိတ်ြ

ကိုက်ပြောင်းလဲသတ်မှတ်နိူင်ပါတယ်။



Wi-Fi Tethering :Android Wi-Fi Tethering

1) ကနဦး အဆင့်အနေနဲ့ Android ဖုန်း ထဲက Settings ထဲကို ဝင်လိုက်ပါနော်။



2) ထို့နောက် More (ဒါမှမဟုတ် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး Settings List ပုံစံကွာခြားနိူင်ပါတယ်)



3) Tethering and portable hotspot tab ထဲကို ဝင်လိုက်ပါနော်။



4) အဲဒီထဲမှာမှ Portable Wi-Fi hotspot ကိုဝင်လိုက်ပါ။


5) Configure Wi-Fi hotspot ထဲကိုထပ်မံ ဝင်လိုက်ပါ။

6) အဲထဲမှာမှ လွှင်.မယ်.SSID နာမည်နဲ. Password ကို သတ်မှတ်ပေးပါ။ ပြီးရင်တော. ဖြင်. Save ပေးပါ။


7) ထို.နောက် ပုံမှာပြထားသလိုလေးပဲ on ပေးလိုက်ပါနော်။
8) ထို့နောက်မှာ သင်အသုံးပြုမယ့် Laptop က ညာဘက်အောက်ထောင့်လေးက Wifi Icon လေးကိုဖွင့်လိုက်ပါ။




9) အဲလိုဖွင့်လိုက်မယ်ဆိုရင်သင်ခုနကPersonal Hotspot Tab ကို On ပြီးလွှင့်ထားတဲ့ နာမည်နဲ့ Wifi SSID name လေးက လာပေါ်နေမှာဖြစ်ပါတယ်။ 

10) ထိုနောက် အဲနာမည် SSID name ကိုထောက်ပြီး Connect ချိတ်လိုက်မယ်ဆိုရင် Password တောင်းပါလိမ့်မယ်။ အဲဒီ Password ဆိုတာကလည်း သင့် Phone က Personal Hotspot Setting ထဲမှာ နာမည် (SSID NAME) နှင့် Password ကိုသင့်စိတ်ကြိုက်ပြောင်းလဲသတ်မှတ်နိူင်ပါတယ်။


11) ထို့နောက် Next ဒါမှမဟုတ် Connect ကိုနှိပ်လိုက်ခြင်းအားဖြင့် Laptop မှာ Internet ကိုအသုံးပြုလိုရနိူင်ပါပြီ။ဖုန်းမှာတော့ Internet ဖွင့်ထားဖို့လိုတာပေါ့ဗျာ။ ကဲဒါကတော့ Android ကနေ Laptop ကို Wifi လွှင့်ပြီး Internet ပေးတာဖြစ်ပါတယ်။

Bluetooth Tethering :Android Bluetooth Tethering

1) Bluetooth connection ပေါ်မှာအခြေခံပြီး connect လုပ်တာဖြစ်တယ်။ Bluetooth ကတော့  Bluetooth ပါတဲ့ laptop ပေါ်မှာ window 10 တင်ပြီး စမ်းမှရမယ်။laptop မှာ Bluetooth ကို On လိုက်ပါ။ Near devices ကို တစ်ချက်စောင့်နေလိုက်ပါ


2) ကိုယ်ဖုန်းထဲက Android မှာဆိုရင် setting ကနေ Bluetooth ကိုသွားလိုက်ပါ။ Bluetooth ကို On လိုက်ပါ။ 


3) Laptop ကော Phone ကော Bluetooth On ပြီးရင် Pair လုပ်လိုက်ပါ။


4) Pair လုပ်လို့ပြီးသွားရင် Bluetooth tethering လုပ်ဖို့ ready ဖြစ်ပါပြီ
Phone ထဲက Setting ထဲက More ထဲက Tethering & portable hotspot ထဲကBluetooth tethering ကို tab on လိုက်ပါ။ 

5) Laptop ဘက်ကိုပြန်သွားလိုက်ပါ, system tray ထဲက Bluetooth icon ကို right click နှိပ်လိုက်ပါ, “Join a personal area network.”ကိုရွေးလိုက်ပါ

6) ဒီ menu လေးပွင့်လာရင် phone ဖုန်းပေါ်နေတာတွေရလိမ့်မယ်။အဲနေရာမှာ အပေါ်နားလေးမှာ Connect using ဆိုပြီးတွေရလိမ့်မယ် dropdown လေးကိုနှိပ်ပြီး “Access Point.” ကို ရွေးလိုက်ပါ။



Bluetooth Tethering :IPhone Bluetooth Tethering

1) IPhone မှာဆိုရင်လည်း Setting ကနေ  Bluetooth ကိုသွားလိုက်ပါ။ Bluetooth ကို On လိုက်ပါ။။SSID ကို change ချင်ရင် iphone ရဲ့ Name ကို change လိုက်ပါ။General ထဲက About ထဲမှာရှိတယ်နော် OK!

2) Laptop ဘက်ကိုသွားလိုက်ပါ, Bluetooth on လိုက်ပါ။system tray ထဲက Bluetooth icon ကို right click နှိပ်လိုက်ပါ, “Join a personal area network.”ကိုရွေးလိုက်ပါ


3) နောက်ပြီးတော့ အပေါ်နားလေးက “Add a Device” ကိုနှိပ်လိုက်ပါ

4) ပေါ်လာတဲ့ screen မှာ ကိုယ်ရဲ့ iPhone ကို ရွေးပါ “Next” ကိုနှိပ်ပါ
5)  Pair code က computer မှာကော iPhone ကောပေါ်လာလိမ့်မယ်။ passcodes တွေတူမတူစစ်ပြီးတူရင်  “Pair” ကို  iPhone’s screen ဘက်မှာနှိပ်လိုက်ပါ ။ Windows pair screen ဘက်မှာတော့“Yes” ကို နှိပ်ပေးပါ၊




6)   အခုဆိုရင် Computer က phone ရဲ့ driver ကို install လုပ်နေပါလိမ့်မယ်



7) ပေါ်လာတဲ့ screen မှာ ကိုယ် phone ပေါ်လာရင် phone ကို right click နှိပ်ပြီး Connect using  ကိုရွေးပြီး Access Point ကိုနှိပ်လိုက်ပါ။Internet ရပါပြီ။

USB Tethering: IPhone USB Tethering

1) သင် iPhone ကို အားသွင်းကြိုးတပ်ပြီး Laptop က USB ပေါက်နဲ. ချိတ်ဆက်လိုက်ပါ။



2) ‌နောက်တစ်ဆင်. အနေနဲ. iPhone Home Screen က Settings ထဲကို ဝင်လိုက်ပါ။




3) ထို.နောက် Personal Hotspot tab က ပိတ်နေတာကို တွေ.ပါလိမ်.မယ်။



4) ထို.နောက် Personal Hotspot tab ကို On ပေးလိုက်ပါ။ သင်.iPhone နဲ. Laptop ကို USB Charger ကြိုးနဲ. သေချာချိတ်ထားဖို.လိုပါတယ်နော်။ ကဲအဲဒီ အဆင်.တွေ လုပ်ဆောင်ပြီးသွားပြီဆိုရင် တော.ဖြင်. သင်. Laptop က ညာဘက်အောက်ထောင်.လေး က Connection Icon လေးက Internet ရပြီး Internet ကိုစတင်အသုံးပြုလို.ရနိုင်ပါပြီဗျာ။ ဒါကတော. iPhone USB ကနေတဆင်. Laptop ကို Internet ပေးတာပဲဖြစ်ပါတယ်။ Laptop မှာInternet ရရမရ တစ်ချက်ကြည့်လိုက်ပါ။မရရင် Computer က phone ရဲ့ driver မသိလို့ဗျ။ဘာမှမခက်ဘူးနော် အရမ်းလွယ်ကူပါတယ်။ OK!




USB Tethering: Android USB  tethering



1) ကနဦး အဆင့်အနေနဲ့ သင်.ဖုန်းနဲ. Laptop ကို USB Charger ကြိုးသုံးပြီး ချိတ်ဆက်လိုက်ပါ။ ပြီးကာမှ Android ဖုန်း ထဲက Settings ထဲကို ဝင်လိုက်ပါနော်။

2) ထို့နောက် More (ဒါမှမဟုတ် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး Settings List ပုံစံကွာခြားနိူင်ပါတယ်)

3) Tethering and portable hotspot tab ထဲကို ဝင်လိုက်ပါနော်။

4)  ထို.နောက် ပုံမှာပြထားတဲ. USB tethering လေးကို On ပေးလိုက်ခြင်းအားဖြင်. သင်.ရဲ. Laptop ညာဘက်အောက်ထောင်.လေးက Connection Icon လေးက Internet ရပြီး Internet ကိုစတင်အသုံးပြုနိုင်ပါပြီဗျာ။ ကဲဒါကတော. သင်.ရဲ. Android ဖုန်းကနေ Laptop ကို Internet ပေးတာဖြစ်ပါတယ်။အပေါ်မှာပြောခဲ့သလို Laptop မှာInternet ရရမရ တစ်ချက်ကြည့်လိုက်ပါ။မရရင် Computer က phone ရဲ့ driver မသိလို့ဗျ။




Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)