Window 32 bit & 64 bit OS





ဒီတစ်ခါတော့ Window OS ရဲ့ 32 bit OS နဲ့ 64 bit OS အကြောင်းပြောကြရအောင်။ကွန်ပျူတာ   တစ်လုံးပိုင်ဆိုင်ထားပြီး 32-bit နဲ့ 64-bit အကြောင်းကိုတိတိကျကျမသိထားသူများအတွက်ပါ။ ဘယ်အနေအထားတွေမှာ64 bit ကိုပိုသုံးသင့်လဲဆိုတာကြည်ရအောင်။ဒီတော့ မိမိကိုယ် ကို  ပြန်မေးရမည့် မေးခွန်းတစ်ခုက " 64-bit version Windows ကို ငါတကယ်အသုံးပြုသင့်ရဲ့ လား?  ဆိုတဲ့ မေးခွန်းပဲဖြစ်တယ် တကယ်လို့ အသုံးပြုသင့်တယ် ဆိုရင်ရော " ဘာကြောင့် 64-bit version Windows ကို အသုံးပြုသင့်တာလဲ " ။ ဆိုတဲ့ဒီမေးခွန်းနှစ်ခုအတွက် အဖြေတစ်ခုရှာရမယ်..။
 Users တွေ အတော်များများကတော့ operating system  ကို ဆိုင်ကထည့်ထားပေးသည့်  အတိုင်းအသုံးပြုတာဖြစ်ပြီး 64-bit နဲ့32-bit  ဒီနှစ်ခုရဲ့အားသာချက် အားနည်းချက်ကို  မသိကြဘဲအသုံးပြုနေခြင်းသာဖြစ်နေတယ်  ။အဲ့ဒါကြောင့် ကျွန်တော်တို့တွေ 64-bit နဲ့ 32-bit အကြောင်းနဲ့ အားသာ အားနည်းချက်ကိုမဖြစ်မနေသိထားဖို့လိုတယ်..။

မိမိရဲ့Computer မှာ ဘယ်လို Version မျိုးများ ရှိနေပါသလဲ

ကျွန်တော်တို့ Computer မှာ ဘယ်လို Version မျိုး Run နေသလဲဆိုတာသိရှိနိုင်ဖို့ Control Panel ထဲက System properties မှာ သွားရောက်ကြည့်ရှုနိုင်သလို တစ်ခြားနည်းအားဖြင့်လည်း start menu ဒါမှမဟုတ် Desktop ပေါ်မှာ ရှိနေတဲ့ Computer icon ပေါ်မှာ Right-click ထောက်ပြီး Menu မှာ ပါဝင်နေတဲ့ Properties ကနေ တဆင့်လည်း ကြည့်ရှုလို့ ရပါတယ်။ Windows 7 / 8.1 /10 Users တွေကတော့ System type ရဲ့အောက်မှာ ကြည့်ရှု့လို့ ရပါတယ်။
Window 8.1 နဲ့ 10 တွေကတော့နောက်ပိုင်းမှာ  64 bit version ပဲရှိပါတော့တယ်။
ဒီနေရာမှာသိထားရမှာက ကျွန်တော်တို့ရဲ့ Computer မှာ 64-bit operating system Run နိုင်ဖို့ အတွက်ကိုယ် Computer ရဲ့ CPU ဟာ 64-bit ကို Suppot ဖြစ်ဖို့ လိုပါတယ်။


32-bit မှာ တကယ်ပဲ Memory Limit ကန့်သတ်ချက် ရှိနေသလား ?
မည်သည့် 32-bit operating system မှာ မဆို ကျွန်တော်တို့တွေ အတွက် RAM ပမာဏကို နောက်ဆုံး အာဏာကုန် 4096 MB ထိပဲ ကန့်သတ်ချက်ထားတယ် ဘာကြောင့်လဲ ဆိုတော့32-bit မှာ ကန့်သတ်ထားတဲ့ တန်ဖိုးပမာဏ အရ သူဟာ နောက်ထက်တိုးမြှင့်တဲ့ ပမာဏကို လက်မခံနိုင်တော့လို့ပါပဲ။  Windows, Linux နဲ့ Mac OS X တို့ရဲ့တစ်ခုခြင်းဆီးမှာ မတူညီကြတဲ့ ပြဿနာ ရပ်တစ်ခု ရှိပါတယ်။ အဲတာကတော့ Windows-specific problem ပါ။ 32-bit Linux နဲ့ Mac OS X မှာလည်း သူတို့အတွက် တူညီတဲ့ ကန့်သတ်ချက်တွေ ဆိုတာ ရှိနေပါတယ်။ 32-bit Linux က extra memory ကို ထပ်မံတိုးမြှင့် အသုံးနိုင်ဖို့ လမ်းညွှန်မှု တွေကြည့်ပြီး သွားနေရတဲ့ အချိန်မှာ Mac ရဲ့ OS X Snow Leopard ကလည်း older systems တွေမှာပါတဲ့ default 32-bit kernel မှာ Memory ထပ်တိုးနိုင်ဖို့ ကြိုးစားနေဆဲပါပဲ ၊ ဒါပေမယ့်လည်း လုပ်ဆောင်နေရင်းနဲ့ ခုချိန်မှာတော့ သူ့ရဲ့ OS ကို 64-bit Run နိုင်ဖို့ကိုပဲ ဦးတည်နေတာ တွေ့ရပါတယ်။

32-bit ၏ အားနည်းချက်နှင့် ပြဿနာရပ်များ

32-bit ရဲ့အားနည်းချက်က  Memory  အားနည်းပြီး အားထက်ဖြည့်ဖို့ အားတိုးနိုင်ဖို့ ကိစ္စတင်မကပဲ သူ့မှာ တခြား ပြဿနာရပ်တွေလည်း ရှိနေပါသေးတယ်။ ဘာတွေလဲဆိုတော့ ကျွန်တော်တို့ရဲ့ video card နဲ့ motherboard BIOS တွေက သူတို့ရဲ့ Space ကို 4GB ထိရောက်အောင် နေရာအပိုင် ယူထားနိုင်ခြင်း ဆိုတဲ့ ပြဿနာပါ ဒီပြဿနာကြောင့် ဘာဖြစ်လာနိုင်သလဲ ဆိုရင် ကျွန်တော်တို့ operating system ကနေ အမှန်တကယ် သုံးရမယ့် RAM ပမာဏက လက်ရှိ မိမိစက်မှာ ရှိနေတဲ့ RAM ပမာဏထက် လျော့နည်းနေခြင်းကြောင့်ပဲဖြစ်တယ်
… 32-bit Windows မှာ RAM 4 GB နဲ့ 1 GB Video cards ၂ ခု စိုက်ထားမယ်ဆိုရင် ကျွန်တော်တို့ Computer ကို ပြန်ကြည့်ပြန်တော့လည်း  OS အတွက် ပေးနိုင်မယ့် RAM ပမာဏက 2.2 GB ပဲကျန်တော့တာကိုတွေ့ရမှာဖြစ်တယ် ။  ဒါဟာ ဘာကို ဆိုလိုတာလဲ ဆိုရင် ကျွန်တော်တို့ machine မှာ Quality ကောင်းကောင်းနဲ့ စွမ်းဆောင်ရည် မြင့်တဲ့ video cards တွေရှိလာတာ နဲ့ အမျှ မိမိ operating system ကနေ အမှန်တကယ်သုံးရမယ့် RAM ပမာဏဟာ 32-bit system  လျော့နည်းလာခြင်းကြောင့် 32 bit ရဲ့အားနည်းချက်ကဘာလဲဆိုတာသိရှိမှာဖြစ်ပါတယ်..။



64-bit ၏ အားသာချက် ကွာခြားချက်

32-bit က RAM ပမာဏ 4 GB ကိုပဲ လက်ခံနိုင်တယ်လို့ ပြောခဲ့ပြီးတဲ့ နောက်မှာ 64-bit machine  တွေကရော system memory ဘယ်လောက်များများ လက်ခံနိုင်ပါသလဲ။ ဟုတ်ကဲ့ 64-bit machine  တွေက 17.2 BILLION gigabytes ထိ လက်ခံနိုင်ပါတယ်။အနာဂတ်မှာဆို ဒီ့ထက်ပိုပြီးတောင်  ကျယ်ပြန့်လာဦးမှာပါ။ ဒါက ဘာကို ဖြေရှင်းပေးနိုင်သလဲ ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ video cards နဲ့ အခြားသော devices တွေကနေ OS ကသုံးရမယ့် memory space  ကိုခိုးယူစရာ မလိုတော့ဘူးဆိုတဲ့  သဘောနဲ့အတူတူပါပဲ။ ဒီနေရာမှာတစ်ခု ရှိတာက Windows 64-bit Home editions တွေမှာ Licensing ကန့်သတ်ချက်ကြောင့် RAM ပမာဏကို အများဆုံး 16 GB ထိ ကန့်သတ်ထားတယ် ဆိုတာပါ။ ဒါပေမယ့်လည်း တခြားသော Professional နဲ့ Ultimate versions တွေမှာတော့ RAM ပမာဏကို 192 GB ထိ တိုးမြှင့်အသုံးချပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် RAM ပမာဏ သုံးစွဲမှု တဲ့ video editing လို virtual machines တွေလို Applications မျိုးတွေကို အသုံးချတဲ့ အချိန်မှာ 64-bit Windows က virtual memory ကို 8 TB ထိ တိုးမြှင့် အသုံးချနိုင်တာမို့လို့ ကိုယ် အသုံးပြုချင်တဲ့ Applications တွေကို ပိုပြီး သက်တောင့် သက်သာနဲ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။










Comments

Popular posts from this blog

Computer Basic-3 (CPU)

Memory Stick ထဲ မှVirus ကြောင့် ဖိုင်များ ပျောက်သွားရင် အလွယ်တကူ ရှာနည်း

Basic Network Communications(အခြေခံ Network ချိတ်ဆက်ခြင်း)