Gmail Message များ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် ပြုလုပ်ခြင်း
Gmail ကို အခြားသော မသမာသူတွေ ကြားဖြတ်ပြီး ဝင်ရောက်ဖတ်ရှုခြင်း မပြုနိုင်အောင် ကိုယ့်ရဲ့ အီးမေလ်း လုံခြုံရေးအတွက် ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ Gmail ကို အခြားသောသူတွေ ၀င်ရောက်ဖတ်ရှုခြင်း ကနေ ကာကွယ်တားဆီးနိုင်ဖို့အ တွက် ပေးပို့လိုတဲ့ သူထံကို Message တွေ ပေးပို့တဲ့အခါမှာ ဝှက်စာအဖြစ် ပြောင်းလဲပြီး ပေးပို့နိုင်အောင် စီစဉ်ဖန်တီးနိုင်ပါတယ်။ Gmail ကနေ ကိုယ့်ရဲ့မိတ်ဆွေ အပေါင်းအသင်းပဲဖြစ်ဖြစ်၊ အလုပ်အကိုင် ကိစ္စပဲဖြစ်ဖြစ် အီးမေးလ် ပေးပို့တဲ့အခါမှာ အခြားသူတွေကြားဖြတ်ဝင်ရောက် တိုက်ခိုက်ပြီးဖတ်ရှုခြင်းကနေ ကင်းဝေးနိုင်အောင် Google Chrome Browser ပေါ်ကနေ Extension ကို ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ Extension ကို အသုံးပြုပြီး ကိုယ်ပေးပို့တဲ့ မက်ဆေ့ခ်ျတွေကို လုံခြုံစိတ်ချအောင် ဝှက်စာအသုံးပြုပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်။ Chrome Browser ပေါ်ကနေ ကိုယ့်ရဲ့ Gmail ကပို့တဲ့ မက်ဆေ့ခ်ျတွေကို လုံခြုံစိတ်ချနိုင်စေဖို့ အတွက် http://goo.gl/h7CbXU ဆိုတဲ့ဝက်ဘ်ဆိုက...