Posts

Showing posts from 2015

Gmail Message များ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် ပြုလုပ်ခြင်း

Image
                               Gmail ကို အခြားသော မသမာသူတွေ ကြားဖြတ်ပြီး ဝင်ရောက်ဖတ်ရှုခြင်း မပြုနိုင်အောင် ကိုယ့်ရဲ့ အီးမေလ်း လုံခြုံရေးအတွက် ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ Gmail ကို အခြားသောသူတွေ ၀င်ရောက်ဖတ်ရှုခြင်း ကနေ ကာကွယ်တားဆီးနိုင်ဖို့အ တွက် ပေးပို့လိုတဲ့ သူထံကို Message တွေ ပေးပို့တဲ့အခါမှာ ဝှက်စာအဖြစ် ပြောင်းလဲပြီး ပေးပို့နိုင်အောင် စီစဉ်ဖန်တီးနိုင်ပါတယ်။ Gmail ကနေ ကိုယ့်ရဲ့မိတ်ဆွေ အပေါင်းအသင်းပဲဖြစ်ဖြစ်၊ အလုပ်အကိုင် ကိစ္စပဲဖြစ်ဖြစ် အီးမေးလ် ပေးပို့တဲ့အခါမှာ အခြားသူတွေကြားဖြတ်ဝင်ရောက် တိုက်ခိုက်ပြီးဖတ်ရှုခြင်းကနေ ကင်းဝေးနိုင်အောင် Google Chrome Browser ပေါ်ကနေ Extension ကို ထည့်သွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ Extension ကို အသုံးပြုပြီး ကိုယ်ပေးပို့တဲ့ မက်ဆေ့ခ်ျတွေကို လုံခြုံစိတ်ချအောင် ဝှက်စာအသုံးပြုပြီး ပေးပို့သွားမှာ ဖြစ်ပါတယ်။ Chrome Browser ပေါ်ကနေ ကိုယ့်ရဲ့ Gmail ကပို့တဲ့ မက်ဆေ့ခ်ျတွေကို လုံခြုံစိတ်ချနိုင်စေဖို့ အတွက်  http://goo.gl/h7CbXU  ဆိုတဲ့ဝက်ဘ်ဆိုက်လိပ်စာကို Chrome Browser ကနေ ထည့်သွင်းပြီးဖွင့်လိုက်ပါ ။ ပြီး သွားပြီဆိုရင် Free ဆိုတဲ့

Mac OS ပေါ်တွင် Windows Application ကို အသုံးပြုခြင်း

Image
ဒီနည်းလမ်းကတော့ Mac OS အသုံးပြုသူတွေ အနေနဲ့ Windows Operating System က Third Party Software တွေကို ထည့်သွင်း အသုံးပြုချင်လိုသူများ ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Mac OS မှာ Windows  Application တွေကို အသုံးပြုချင်မယ် ဆိုရင်တော့ Wineskin ဆိုတဲ့ Application ကို Mac ပေါ်မှာ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ Wineskin Application ကို ရယူဖို့အတွက်  http://goo.gl/cEUeSL  ဆိုတဲ့ ၀က်ဘ်ဆိုက် လိပ်စာကနေ သွားရောက်ရယူနိုင်မှာဖြစ်ပါတယ်။ Download လုပ်ယူပြီးသွားပြီဆိုရင် Download ပြုလုပ်ထားတဲ့ ဖိုင်ကို Extract ပြုလုပ်လိုက်ပါ။  Extract ပြုလုပ်ထားတဲ့ Folder ထဲက Wineskin App ကို Application Folder ထဲကို ဆွဲထည့်လိုက်ရင် Wineskin Application ကို Mac ပေါ်မှာ ထည့်သွင်း ပြီးပြီဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် Wineskin ကို ဖွင့်လိုက်ပါ။ Wineskin ကိုဖွင့်ပြီးရင် Create New Blank Wrapper ဆိုတာကို နှိပ်လိုက်ပါ။ Name နေရာမှာ Wrapper ဆိုတဲ့နာမည်ကို ရိုက်ထည့်လိုက်ပါ။ Ok ကို ဆက်ပြီးနှိပ်ရမှာ ဖြစ်ပါတယ်။ Wrapper ဟာ .NET Frame နဲ့ HTML ကို Base ယူထားတဲ့ App တစ်ခုဖြစ်ပါတယ်။ Wrapper ကို ထည့်သွင်းရခြင်းဟာ ကိုယ် Install ပြ

Samsung ဖုန်းများတွင် ပါဝင်သော S Planner အားအသုံးပြုခြင်း

Image
Android OS ဖုန်းတွေဖြစ်တဲ့ Samsung ဖုန်းတွေမှာ ပါဝင်တဲ့ S Planner ကိုဘယ်လို အသုံးပြုနိုင်တယ် ဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ S Planner ရဲ့ပုံစံကတော့ ခုလိုမြင်ရမှာ ဖြစ်ပါတယ်။ S Planner ကိုဖွင့်လိုက်ရင်တော့ ခုလိုမျိုး ပြက္ခဒိန်ပုံစံကိုမြင် တွေ့ရပါလိမ့်မယ်။ ဒါကတော့ S Planner စနစ် ရဲ့ Default မြင်ကွင်းတစ်ခုဖြစ်တဲ့ လအလိုက် မြင်ကွင်းဖြစ်ပါတယ်။ အပေါ်ဘက် ဘယ်ဘက်ထောင့်မှာရှိတဲ့ Month လို့ရေးထားတဲ့ Menu သင်္ကေတလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။ ဒါကတော့ မြင်တွေ့ရမယ့် မြင်ကွင်းကို လအလိုက် ဒါမှမဟုတ် နှစ်အလိုက်၊ အပတ်စဉ် အလိုက် နေ့အလိုက် အစရှိသဖြင့် ကိုယ့်စိတ်ကြိုက် မြင်ကွင်းပုံစံမျိုး ပြောင်းလဲအသုံးပြု နိုင်တဲ့နေရာ ဖြစ်ပါတယ်။ အချို့ Device တွေမှာတော့ ဒီစနစ်ကို Menu နဲ့ ပြထားတာမျိုး မဟုတ်ဘဲ ဘေးမှာလ အလိုက်၊ နှစ်အလိုက်၊ အပတ်စဉ် အစရှိသဖြင့် တစ်ပါတည်း ဖော်ပြပေး ထားတာမျိုးလည်း ရှိပါတယ်။ ပြီးရင်တော့ အပေါ်ထိပ်မှာရှိ နေတဲ့ Today ဆိုတာကို နှိပ်လိုက်ရင်တော့ လက်ရှိနေ့စွဲကို ဖော်ပြ ပေးပါလိမ့်မယ်။ သူ့ဘေးနားမှာရှိ နေတဲ့ အပေါင်းလက္ခဏာ သင်္ကေ တလေးကို နှိပ်လိုက်ပါ။ ဒါဆို